(ဓာတ်ပုံ- RFA )
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ ဒီကနေ့ လွှတ်တော် ခေတ္တရပ်နားချိန်မှာ တနာရီ နီးပါး ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
အသေးစိတ်ကို မသိရပေမယ့် အလုပ်သဘော ကိစ္စ ဆွေးနွေးကြတာ
ဖြစ်ကြောင်း NLD ပြောခွင့်ရသူ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ ကွတ်ခိုင်မြို့နယ်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတီခွန်မြတ် တင်သွင်းခဲ့တဲ့ အဆိုဖြစ်တဲ့ “တိုင်းရင်းသား အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ” မူကြမ်းနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ ဆွေးနွေးဖို့ရှိတယ် လို့လည်း သိရပါတယ်။
ဒီ အဆိုတင်သွင်းချက်နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို
ဆွေးနွေးပေးဖို့ တောင်းဆိုရာမှာ ဒေါ်အောင်ဆန်းစုကြည်က လက်ခံခဲ့တာဖြစ်ကြောင်း ဦးအုန်းကြိုင်က ပြောပါတယ်။
ဒီအဆိုနဲ့ ပတ်သက်ပြီး ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသား
ပါတီတွေရဲ့ သဘောထားကို သိလိုတဲ့ အတွက် လွှတ်တော်ပြင်ပက တိုင်းရင်းသားပါတီတွေကို ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင်လ ၁၅ ရက်နေ့
မှာ တွေ့ဆုံခဲ့ တယ်လို့လည်း သိရပါတယ်။
0 comments:
Post a Comment