စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, July 2, 2012

ကချင်ပြည်နယ်တွင်းက တိုက်ပွဲတွေကြောင့် ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြတဲ့ စစ်ပြေးဒုက္ခသည်တွေအတွက် ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ဟာ အကူအညီပေးရေး ခရီးစတင်မယ်




ကချင်ပြည်နယ်တွင်းက တိုက်ပွဲတွေကြောင့် ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြတဲ့ စစ်ပြေးဒုက္ခသည်တွေအတွက် ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ဟာ အကူအညီပေးရေး ခရီးစတင်မယ်လို့ သိရပါတယ်။

ကိုမြအေး ဦးဆောင်တဲ့ ဒီခရီးစဉ်မှာ တရုတ်မြန်မာနယ်စပ် မိုင်ဂျာယန်ဒေသ
က ကချင်စစ်ပြေးဒုက္ခသည် ကလေးငယ်တွေအတွက် ပညာရေး
အထောက်အပံ့ ကူညီနိုင်ဖို့ အဓိကထားတယ်လို့ သိရပါတယ်။

ဒါဟာ ကချင်ပြည်နယ်ဒေသတွင်း ငြိမ်းချမ်းရေးအတွက်
ဆောင်ရွက်ချက်တွေထဲက တခုလည်းဖြစ်ပါတယ်လို့ ၈၈ မျိုးဆက်
ကျောင်းသားခေါင်းဆောင် ကိုမြအေးက ပြောပါတယ်။

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ဟာ မိုင်ဂျာယန်ဒေသကနေ တဆင့် တရုတ်ြပည်ဘက်ခြမ်း လိုင်ဇာမြို့ထိ သွားရောက်ကူညီနိုင်ဖို့ စီစဉ်ဆောင်ရွက်ထားကြောင်းလည်း သိရပါတယ်။

RFA

0 comments: