အာဏာသည် လူကို ပျက်ဆီးစေတတ်၏။
အကြွင်းမဲ့ အာဏာသည် အကြွင်းမဲ့ ပျက်စီးစေတတ်သည်။
... ဆိုသော စကားရှိပါသည်။
ထို့ကြောင့် မီဒီယာသမားသည်လည်းကောင်း၊
နိုင်ငံရေးရာ စာများရေးသားသူ ဆောင်းပါးရှင်တို့သည် လည်းကောင်း၊
အာဏာလက်ထဲ ရယူထားသောသူအား
ဝေဖန်စောင့်ကြည့်သော အခြေအနေတွင် အမြဲရပ်တည်ရပါသည်။
အာဏာလက်ထဲ မရယူသေးသူကိုမူ
စောင့်ကြည့်ဝေဖန်နေစရာ မလိုသေးပါ။
ထို့ကြောင့် ... ကျနော်တို့တွေ အာဏာပိုင်များအား ဝေဖန်၍
ဒေါ်အောင်ဆန်းစုကြည်ကို မဝေဖန်ခြင်းဖြစ်ပါသည်။
ယင်းမှာ ချစ်ခြင်း မုန်းခြင်း တည်းဟူသော အတ္တနောမတိနှင့် ဘာမျှ မဆိုင်ပါ။
ဒေါ်စုဘာလုပ်လုပ် မျက်စိမှိတ်ထောက်ခံခြင်းလည်း မဟုတ်ပါ။
သို့သော် နှစ်၂၀ကျော် ကျနော်တို့ ပါးစပ်ပိတ်နေခဲ့ရစဉ်
ကျနော်တို့ကိုယ်စား ပြောဆိုပေးခဲ့သော
ဒေါ်စု၊ ကိုမင်းကိုနိုင်တို့အား
ကောင်းသောအမြင်ရှိသည်ကတော့ အမှန်ပဲ ဖြစ်ပါသည်။
Welcome to SeekaHost
10 months ago










0 comments:
Post a Comment