စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Tuesday, March 13, 2012

တပ်စည်ပင် နဲ့ မီးလင်းကော်မတီရဲ့ ဝေစား၊ မျှစား


ဧရာဝတီ ခင်ဗျား ...

ကျွန်တော်တို့ မင်္ဂလာဒုံမြို့နယ်၊ မင်္ဂလာဒုံဈေးရပ်ကွက်အတွင်း မီတာခများကို ပုံပါအတိုင်း တိုးမြှင့်ကောက်ခံနေပါသည်။
လျှပ်စစ်ဌာနက တာဝန်ခံကောက်ခံခြင်းမဟုတ်ဘဲ တပ်စည်ပင်နှင့် လျှပ်စစ်မီးလင်းကော်မတီ(တရားမ၀င်) တို့က ကောက်ခံနေခြင်းဖြစ်ပါသည်။
လျှပ်စစ်ဌာနသို့ပြောကြားသော်လည်း မည်သို့မျှ အရေးယူဆောင်ရွက်ပေးခြင်းမရှိဘဲ ဝေစား၊ မျှစား စားနေကြပါသည်။

ထရန်စဖော်မာ (၂) လုံး တပ်ဆင်ထားခြင်း ဆိုသည်မှာလည်း ဈေးသူ/ဈေးသားများ ငွေထည့်ဝင်ကာ ကိုယ်ထူကိုယ်ထ လုပ်ထားခြင်းဖြစ်ပါသည်။
တပ်စည်ပင်၏ ပိုက်ဆံ လုံးဝမပါဝင်ပါ၊ မပါဝင်သော်လည်း မီတာခကိုတော့ကောက်ခံနေပါသည်။

လျှပ်စစ်မီးကိုလည်း ရိုးရိုးမီတာ တပ်ပေးထားပြီး၊ လုပ်ငန်းသုံးပါဝါမီတာခကောက်ထားရုံမှမျှမက အပိုဆောင်းငွေများကိုပါ ကောက်ခံနေပါသောကြောင့် ဈေးသူ/ဈေးသားများမှာ ၀န်ထုပ်ဝန်ပိုးများဖြစ်နေပါသည်။

ထိုတရားမ၀င်သော လျှပ်စစ်မီးလင်းကော်မတီအား ဖျက်သိမ်းကာ လျှပ်စစ်ဌာနက တာဝန်ယူပေးပါရန်၊ မီတာခများအား ရိုးရိုးမီတာတပ်ထားသောကြောင့် ရိုးရိုးမီတာ ၃၅ ကျပ်နှုန်းသာဆောင်လိုပါကြောင်း နှင့် တာဝန်ရှိသူများက အမြန်ဆုံး အရေးယူဆောင်ရွက်ပေးပါရန် ဧရာဝတီမှတဆင့် တင်ပြလိုက်ရပါသည်။


ဈေးသူ/ဈေးသားများ
ဧရာဝတီ

0 comments: