စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, March 12, 2012

သတင်း တိုတို ထွာထွာ များစုစည်းမှု

 ကြားဖြတ်ရွေးကောက် ပွဲအတွက် မဲစာရင်းတွေဟာ အမှားအယွင်းတွေများနေတာကြောင့် ဒီကိစ္စ အထက်ကို တင်ပြဖို့စီစဉ်နေ ကြောင်း

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ၀င်ရောက်ယှဉ်ပြိုင်မဲ့ မဲဆန္ဒနယ်တွေမှာ ကြားဖြတ်ရွေးကောက် ပွဲအတွက် မဲစာရင်းတွေဟာ အမှားအယွင်းတွေများနေတာကြောင့် ဒီကိစ္စ အထက်ကို တင်ပြဖို့စီစဉ်နေ ကြောင်း ပါတီခေါင်းဆောင်တဦးဖြစ်တဲ့ ဦးခင်မောင်ဆွေက ပြောပါတယ်။ အထူးသဖြင့် ဒဂုံဆိပ် ကမ်းမြို့နယ်က မဲစာရင်းတွေမှားယွင်းနေပြီး ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာတော့ မဲရုံ လေးငါးရုံ လောက်ပိတ်ထားတဲ့ အနေအထားဖြစ်နေတယ်လို့ ဦးခင်မောင်ဆွေက ပြောပါတယ်။ ဒါဟာ သူတို့ပါတီ ကိုယ်စားလှယ်တချို့ဆီက ရရှိတဲ့အခြေအနေကိုသာ ပြောပြတာဖြစ်ပြီး ကျန်မြို့နယ်တွေက အခြေအနေ တွေကို မသိရသေးဘူးလို့ ဆိုပါတယ်။ အမျိုးသားဒီမိုကရေစီအင်အားစုပါတီဟာ ကြားဖြတ်ရွေး ကောက်ပွဲမှာ အမတ်နေရာ ၁၃ နေရာ ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

----------------------------------
 ဝေးလံတဲ့ရွာတွေက သွားရောက်မဲပေးရမှာမို့ ဒါဟာ မသမာမှူကို ဖြစ်ပေါ်စေနိုင်တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခရိုင်ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ခေါင်းဆောင် ဒေါက်တာစိုးမြင့်သန်းက ပြော
ပဲခူးတိုင်း က၀မြို့နယ်ရွေးကောက်ပွဲကော်မရှင်က ပင်လယ်ကျေးရွာတွေဖြစ်တဲ့ သာစည်၊ အောင် ဇေယျ၊ ငှက်ကြီးရေကျော်နဲ့ ကန်ရရွာတွေက မဲဆန္ဒရှင်တွေကို အဲဒီရွာတွေကနေ ၅ မိုင်လောက်ဝေးတဲ့ ၀ါးတောရွာမှာ လာရောက်မဲပေးဖို့ နိုးဆော်ထားပါတယ်။ အဲဒီဝါးတောရွာမှာဘဲ မဲရုံသုံးရုံစုထားပြီး ဝေးလံတဲ့ရွာတွေက သွားရောက်မဲပေးရမှာမို့ ဒါဟာ မသမာမှူကို ဖြစ်ပေါ်စေနိုင်တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခရိုင်ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ခေါင်းဆောင် ဒေါက်တာစိုးမြင့်သန်းက ပြော ပါတယ်၊ ဒါ့ကြောင့် ဒေသခံမဲဆန္ဒရှင်တွေ မဲပေးရလွယ်ကူရေးအတွက် ၀ါးတောရွာမှာ မဲရုံ တစ်ရုံနဲ့ ကျန်အနီးအနားရွာတွေမှာ မဲရုံနှစ်ရုံ သီးခြားခွဲဖွင့်လှစ်ပေးဖို့ က၀မြို့နယ်ကော်မရှင်ထံ တင်ပြထား ကြောင်း ဒေါက်တာစိုးမြင့်သန်းက ပြောပြခဲ့ပါတယ်။
-------------------------------- 
 အမေရိကန်နိုင်ငံခြာရေးဝန်ကြီးဌာနက အလုပ်သမားရေးရာအရာရှိတွေ မြန်မာနိုင်လုံးဆိုင်ရာ အလုပ် သမားသွေးစည်းညီညွတ်ရေးအဖွဲ့ချုပ်နဲ့ အက်ရှင်လေဘာအဖွဲ့ဝင်တွေကိုတွေ့ဆုံ
အမေရိကန်နိုင်ငံခြာရေးဝန်ကြီးဌာနက အလုပ်သမားရေးရာအရာရှိတွေ မြန်မာနိုင်လုံးဆိုင်ရာ အလုပ် သမားသွေးစည်းညီညွတ်ရေးအဖွဲ့ချုပ်နဲ့ အက်ရှင်လေဘာအဖွဲ့ဝင်တွေကို ဒီကနေ့ ရန်ကုန်မြို့ရှိ အမေရိ ကန်သံရုံး နိုင်ငံခြားရေးဆိုင်ရာသံအမတ်ရဲ့နေအိမ်မှာ တွေ့ဆုံခဲ့ပါတယ်။ အဲဒီတွေ့ဆုံပွဲမှာ အမေရိကန် ဒု-လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ-ဒယ်နီရယ်ဘား၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အထူးကိုယ်စားလှယ် မစ္စ-ဘာဘယ်-ရှယ်လာ-နဲ့အတူ အမေရိကန်အရာရှိ ၅ ဦး ပါဝင်ပါတယ်။ ဒီတွေ့ဆုံပွဲအတွင်း သမ္မတဦးသိန်းစိန် လက်မှတ်ထိုးထုတ်ပြန်လိုက်တဲ့ အလုပ်သမားသမဂ္ဂဖွဲ့စည်းခွင့် ဥပဒေအပါအ၀င် တခြားအလုပ်သမားအခွင့်အရေးကိစ္စတွေကို ကျုယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
------------------------------------ 
 ပုလဲမြို့နယ်အတွင်း ဒေါ်ခင်စန်းလှိုင် မဲဆွယ်ဟောပြောရာမှာ တက် ရောက်တဲ့ လယ်သမားတွေကိုစာရင်းကောက်ပြီးမှတ်ထားမယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ခြိမ်းခြောက်
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ခင်စန်းလှိုင် သူရဲ့မဲဆန္ဒနယ်ဖြစ်တဲ့ စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်း မဲဆွယ်စည်းရုံးရာမှာ အခက်အခဲတချို့ နဲ့ ကြုံနေတယ်လို့ သိရပါတယ်။ ပုလဲမြို့နယ်အတွင်း ဒေါ်ခင်စန်းလှိုင် မဲဆွယ်ဟောပြောရာမှာ တက် ရောက်တဲ့ လယ်သမားတွေကိုစာရင်းကောက်ပြီးမှတ်ထားမယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ခြိမ်းခြောက် တာကြောင့်  ဒေသခံရွာသားတွေ ကြောက်ရွံ့ပြီး ဟောပြောပွဲမတက်ရဲတဲ့အခြေအနေမှာ ရှိ နေကြောင်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
------------------------------------------------- 
 ရန်ကုန်မှာပြုလုပ်နေတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေရဲ့ ပန်းချီပြပွဲကို ၄-ရက်ထပ်တိုးလိုက်တယ် လို့ သိရ
ရန်ကုန်မှာပြုလုပ်နေတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေရဲ့ ပန်းချီပြပွဲကို ၄-ရက်ထပ်တိုးလိုက်တယ် လို့ သိရပါတယ်။ မူလက မတ်လ-၉ ရက်ကနေ ၁၁ ရက်နေ့ထိ ၃ ရက်ကြာကျင်းပမယ်လို့ ကြေငြာ ထားပေမဲ့ အခု မတ်လ-၁၅ ရက်နေ့အထိ ပြပွဲဖွင့်လှစ်ထားမယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။ ဒါ့အပြင် ပြပွဲမှာပြသထားတဲ့ပန်းချီကားတွေကို ဝယ်ယူချင်တယ်ဆိုရင် မူရင်းပန်းချီကားကို မရောင်းဘဲ Canvas စပေါ်မှာ Print ထုတ်ပြီး ကူးယူရောင်းချပေးမယ်လို့် သိရပါတယ်။ အဲဒီကရတဲ့ငွေကိုတော့ အကျဉ်းထောင်တွေထဲမှာ ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထောက်ပံ့သွားမယ်လို့လဲ ပွဲစီစဉ် သူတွေက ပြောပြခဲ့ပါတယ်။
--------------------------------------- 
 ကချင်ပြည်နယ် ဖားကန့်မြို့ အနီးမှာ ကျောက်စိမ်းလုပ်ကွက်တွေက ထွက်လာတဲ့ မြေစာတွေကြောင့် ဥရုချောင်းဟာ တိမ်ကောတော့မဲ့ အန္တရာယ်ရှိနေ
ကချင်ပြည်နယ် ဖားကန့်မြို့ အနီးမှာ ကျောက်စိမ်းလုပ်ကွက်တွေက ထွက်လာတဲ့ မြေစာတွေကြောင့် ဥရုချောင်းဟာ တိမ်ကောတော့မဲ့ အန္တရာယ်ရှိနေကြောင်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ကျောက်စိမ်းလုပ်ကွက်တွေမှာ စက်ယန္တယားတွေနဲ့ တူးဖော်နေပြီး ထွက်လာတဲ့ မြေစာတွေကို ဥရုချောင်းထဲကို စွန်ပစ်နေတာကြောင့် ချောင်းလက်တက်တချို့ တိမ်ကောစပြုလာနေပြီလို့ ဒေသခံ တွေက ပြောပါတယ်။ အရင်က ပေ ၃၀၀ နဲ့ ၅၀၀ ကြား အကျယ်ရှိတဲ့ ဥရုချောင်းဟာ အခုအခါမှာတော့ ပေ ၅၀ လောက် ကျဉ်းမြောင်းသွားပြီလို့ ဆိုပါတယ်။ ဒီအတိုင်း မဆင်မခြင်ဆက်လုပ်နေမယ်ဆိုယင် ဥရုချောင်းတခုလုံး တိမ်ကောပြီး ချောင်းတလျှောက် နေထိုင်တဲ့ လုံးခင်၊ ဖားကန်နဲ့ ဆိုင်းတောင်ကြား ဒေသတွေမှာ သဘာ၀၀န်းကျင်ပျက်ဆိးမှု၊ သောက်သုံးရေပြတ်လပ်မှုတွေဖြစ်လာမှာကို ဒေသခံတွေ က အထူးစိုးရိမ်နေပါတယ်။
 
DVB TV News

0 comments: