စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Thursday, March 8, 2012

Google နဲ့ အမျိုးသမီးများနေ



ဒီနေ့ ကျရောက်တဲ့ နိုင်ငံတကာအမျိုးသမီးများနေ့မှာ Google အဖွင့်စာမျက်နှာပုံကို ပြောင်းလိုက်ပါတယ်။ G နေရာမှာ အမျိုးသမီး သင်္ကေတ ဖြစ်တဲ့ ♀ ကို အစားထိုးထားပါတယ်။ အိုတလုံးက ပန်းပွင့်ဖြစ်သွားတာ တွေ့ရမှပါ။

၂၀၁၂ ရဲ့ နိုင်ငံတကာအမျိုးသမီးများနေ့ အထိမ်းအမှတ်၊ အစီအစဉ်တွေကို အိုဘားမား၊ ဘန်ကီမွန်း တို့လို နိုင်ငံရေးထိပ်သီးတွေကအစ ဟောလိဝုဒ်ကထင်ရှားသူများအဆုံး ကြိုတင်ပြီး ပါဝင် ပတ်သက် လှုံ့ဆော် အားပေးနေကြတာ အခုနောက်ဆုံး Google ရဲ့ ဂုဏ်ပြု ကြိုဆိုမှုကို တွေ့ကြရတာ ဖြစ်ပါတယ်။

ကမ္ဘာတလွှား ကျင်းပကြမယ့် အမျိုးသမီးများနေ့ အစီအစဉ်တွေကို တချက်ကြည့်ဖို့ ဆိုရင် http://www.internationalwomensday.com/ ကို သွားသင့်ပါတယ်။

မတ်လ ၈ ရက်နေ့ရောက်တိုင်း နိုင်ငံတကာအမျိုးသမီးများနေ့ကို ကျင်းပလာတာ ၁၉၀၉ ကတည်းကလို့ သိရပါတယ်။

ဧရာဝတီ

0 comments: