စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Thursday, March 8, 2012

မန္တလေး မှာ ဒီလို ရှိတယ်...

မန္တလေးနန်းတော်အရှေ့ဘက်မုခ်အဝင် စစ်ဆေးရေးဂိတ်ပေါက်မှ
မန္တလေးနန်းတော်အတွင်းသို့ ဝင်ရောက်လေ့လာရန်လာရောက်ကြသော Tour ကားများ
အပါအဝင် မည်သည့်ကားကိုမဆို -
ဗိုလ်ချုပ်အောင်ဆန်းပုံပါလာလျှင်သော်လည်းကောင်း၊
ဒေါ်အောင်ဆန်းစုကြည်ပုံပါလာလျှင်သော်လည်း ကောင်း အဖြုတ်ခိုင်းခြင်း၊
မှောက်ခိုင်းခြင်း၊ ၄င်းအပြင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ NLD ၏ မည်သည့်
စတစ်ကာကိုမဆို ကပ်လာခြင်း၊ တတ်ဆင်ခြင်းများရှိလာပါက အားလုံးကို
ဖြုတ်ပစ်ခိုင်းခြင်း စသည်တို့ကို လုပ်ဆောင်နေပါသည်။ NLD သည်
တရားဝင်မှတ်ပုံတင်ထားပြီးသော ပါတီဖြစ်ပြီး၊ သက်ဆိုင်တို့နှင့်
ပူးပေါင်းဆောင်ရွက်နေပြီဟုဆိုသော်လည်း
ယခုကဲ့သို့ကန့်သတ်ခံနေရမှုများရှိနေသေးကြောင်း ဧည့်လမ်းညွှန်များ
အထူးသတိပြုနိုင်ကြစေရန် သတင်းပြန်ကြားလိုက်ပါသည်။

သောင်းနိုင်ဦး
သတင်းနှင့်ပြန်ကြားရေးကော်မတီ
မန္တလေးဇုံ၊ မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်း
၆.၃.၂၀၁၂

0 comments: