စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Thursday, March 8, 2012

မြစ်ဆုံရွာသားများအား နာရီပိုင်းအကြာတွင် ပြန်လွှတ်ပေးပြီး ထွက်ခွာရန် ၁၀ ရက်အချိန်ပေး

မြစ်ကြီးနား၊ မတ်လ (၇) ရက်၊ ၂၀၁၂

ယမန်နေ့ ညနေပိုင်းက လာရောက်ခေါ် ဆောင်သွားခြင်းခံရသည့် မြစ်ဆုံ တန်ဖဲရွာသား ၂၅ ဦးအား ခေါ်သွားပြီး ၄ နာရီအကြာ ည ၈ နာရီဝန်းကျင်တွင် ပြန်လွှတ်ပေးလိုက်သော်လည်း မြစ်ဆုံဒေသ တန်ဖဲကျေးရွာမှ လာမည့် ၁၇ ရက်နေ့ နောက်ဆုံးထားပြန်လည် ထွက်ခွာပေးရန် သတိပေးခဲ့သည်ဟု မြစ်ဆုံဒေသ မှ ကျေးရွာသား တဦးကပြောသည်။

မတ်လ ၆ ရက်နေ့ညနေ ၄ နာရီတွင် လာရောက်ခေါ်ဆောင်သွားပြီးနောက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ချိုက ဒုသမ္မတထံမှ အမိန့်စာကိုပြကာ နေထိုင်ခွင့် မရှိကြောင်းနှင့် မတ်လ ၁၇ ရက်နေ့ နောက်ဆုံးထား ပြန်လည်ထွက်ခွာပေးရန် အသိပေးခဲ့သည်။

ကျေးရွာသားများအား ပြောရာတွင် မြစ်ဆုံဒေသမှ ပြောင်းရွှေ့သွားသူများအား ကုမ္ပဏီမှ လျော်ကြေး ပေးထားပြီးဖြစ်၍ နေထိုင်ခွင့်မရှိတော့ကြောင်း ပြောဆိုသည်ဟုလည်း ယင်း ကျေးရွာသားက ပြောသည်။

မြစ်ဆုံဒေသတွင် ရေအားလျှပ်စစ် ထုတ်လုပ်သည့် ဆည်တည်ဆောက်ရန်အတွက် ကျေးရွာသား တသောင်းကျော်ကို ယမန်နှစ် မတ်လက ပြောင်းရွှေ့စေခဲ့သည်။ ယင်းနောက် မြစ်ဆုံစီမံကိန်းကို လူထုလူတန်းစား အသီးသီးက ၀ိုင်းဝန်းကန့်ကွက်ကြသည့်နောက် ယမန်နှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် သမ္မတ အမိန့်ဖြင့် ယာယီရပ်ဆိုင်းစေခဲ့သည်။ ။

Yangon Press International

0 comments: