စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, March 12, 2012

ဦးသန့်အရေးအခင်းဟာ .... ကျောင်းသားတွေ ကျောင်းမတက်ချင်လို့ လုပ်တာပါဆိုတဲ့ သမိုင်းကို မသိသေးသော လူများအား ရည်ရွယ်သည်။

ဦးသန့်အရေးအခင်းဟာ .... ကျောင်းသားတွေ ကျောင်းမတက်ချင်လို့ လုပ်တာပါဆိုတဲ့ သမိုင်းကို မသိသေးသော လူများအား ရည်ရွယ်သည်။

၁၉၇၄ ခုနှစ်မှာ နိုင်ငံ့ဂုဏ်ဆောင် ကမ္ဘာ့ကုလသမဂ္ဂ အတွင်းရေးမှူးဟောင်း ဦးသန့်  ပြည်ပမှာ ကွယ်လွန် အနိစ္စရောက်ခဲ့ပါတယ်။ မကွယ်လွန်မီက သူ့ ဆန္ဒအရ မိခင်မြေမှာ မြှုပ်နှံ သင်္ဂြိုလ်ဖို့  တောင်းဆိုသွားတာမို့  မိသားစုက အဲဒီအချိန်က တော်လှန်ရေးအစိုးရကို တင်ပြပါတယ်။ နေဝင်းက ကြံတောသုဿန်မှာ မြှုပ်ျနှံဖို့ ဘဲ ခွင့်ပြုတာကို တက္ကသိုလ်က တပြည့်ဟောင်း ( ဆရာတွေပါ ) တွေ နဲ့  လက်ရှိ တက္ကသိုလ်ကျောင်းသားများက မကျေမနပ်ဖြစ်ပြီး ဆရာ့ ခေါင်းတလားတင်ဆောင်လာတဲ့ လေယာဉ်ပျံ မင်္ဂလာဒုံ အဆိုက်မှာ ကြိုဆိုပြီး ကျိုက္ကဆံကွင်းကို သယ်ဆောင်ခဲ့ရာက ၁၉၇၄ ကျောင်းသား အရေးအခင်း ဖြစ်လာရတော့တာပါဘဲ။ ၁၉၇၄ ခု တက္ကသိုလ်ဆရာတွေထဲမှာ ၁၉၆၂ ခုနှစ် တကသ အဆောက်အဦးကို ဗုံးခွဲဖြိုခွဲခံရစဉ်က မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရတဲ့ ကျောင်းသားတွေ တော်တော်များများ ရှိနေတာမို့  ၁၉၇၄ ဦးသန့် အရေးအခင်းရယ်လို့  ကျော်ကြားခဲ့တဲ့ ကျောင်းသားလှုပ်ရှားမှုမှာ သူတို့ တွေ အထောက်အကူပေးခဲ့ကြပါတယ်.......

ဆရာ ဦးသန့် ကို ခုခေတ် တက္ကသိုလ် ကျောင်းသားလူငယ်များ ခြေဖျားတောင် မချဘူး လောက်တော့မယ့် ရန်ကုန် ဝိဇ္ဖာ သိပ္ပံ တက္ကသိုလ်ဝင်းအတွင်း ယခင် တကသ အဆောက်အဦးနေရာဟောင်းမှာ အုတ်ဂူပြုလုပ်ပြီး သင်္ဂြိုလ်ခဲ့ကြပါတယ်......

ဂူသွင်းသင်္ဂြိုလ်ရာမှာ တနိုင်ငံလုံးက ရဟန်းရှင်လူအများ ထည့်ဝင်လှူဒါန်းငွေများနဲ့  ပြုလုပ်ခဲ့တာပါ.....

ဆရာ့ခေါင်းတလားကို ဂူပိတ်ပြီးစဉ်က တက္ကသိုလ်နေမြေတခုလုံးမှာ ရောက်ရှိနေကြတဲ့ ရဟန်းရှင်လူအများ မျက်ရည်လည်ရွဲနဲ့  အောင်ပွဲဆင် ဦးထုပ်တွေ မြှောက် သင်္ကန်းတော်တွေ ဝှေ့ ယမ်းကာ အောင်ပွဲခံခဲ့ကြတာကို ခုထိ မြင်ယောင်နေမိပါသေးတယ်။ အဲဒီညမှာဘဲ ၂၀၀၇ ခုနှစ်က ရွှေဝါရောင် အရေးအခင်းမှာ လက်စွမ်းပြတာထက် ဆိုးတဲ့ ဖြစ်ရပ်ဖြစ်ခဲ့ပါတယ်။ RASU လို့  ကျော်ကြားခဲ့တဲ့ တက္ကသိုလ်မြေမှာ ဒုတိယအကြိမ် တက္ကသိုလ်ကျောင်းတော်သားတို့ ရဲ့ သွေး မြေခခဲ့ရပြန်ပါတယ်။ စစ်တပ်က ဘူဒိုဇာတွေနဲ့  တက္ကသိုလ်ဆေးရုံရှေ့ က ဂိတ်တံခါးကို ထိုးဖျက်ဝင်ရောက်ပြီး ဆရာ့ဂူကို ဖွင့်၊ ဆရာ့ခေါင်းတလားကို ပြန်သယ်သွားခဲ့ကြပြန်ပါတယ်။

အဲဒီညက သေနတ်ကျည်မှန်ပြီး သေ သေ၊ မသေ သေ မြေမှာလဲနေတဲ့ သူမှန်သမျှကို အမှိုက်ကားကြီးတွေပေါ် ဂေါ်နဲ့  ကြုံးတင်ပြီး ကြံတောသုဿန် မီးသင်္ဂြိုလ်စက်ထဲ မီးရှို့  အလောင်းဖျောက်တာ ခံခဲ့ကြရတဲ့ ကျောင်းသား ရှင်လူ ပြည်သူတွေ ဘယ်လောက်ရှိမယ် ဆိုတာ စာရင်းမပြနိုင်ခဲ့ကြပါ....

၁၉၇၄ ခု ဆရာ ဦးသန့် ရဲ့  ဈာပနက စတင်ခဲ့တဲ့ ကျောင်းသားအရေးအခင်းကို ကျောင်းတက်ရမှာ ပျင်းလို့ ဆိုပြီး တပြားမှ မတန်အောင် ပြောရဲလာကြပြီမို့  သိထား တွေ့ ကြုံခဲ့ရသမျှကို ရှင်းပြလိုက်ရပါတယ်.....

၁၉၈၈ ကျောင်းသားများ သိနိုင်အောင်ပါ....

၁၉၇၄ ခုနှစ်က စပြီးတော့မှ တတိုင်းပြည်လုံး အော့နှလုံးနာရပါတဲ့ ရေကြည်အိုင် ဆိုတာပါ တဆက်တည်း ပြည်သူတွေ သိလာရတာပါ....

 ရေကြည်အိုင် ပြန် တက္ကသိုလ်ကျောင်းသား ကျောင်းသူ အများ ခုချိန်ထိ သက်ရှိ ထင်ရှားရှိနေကြဆဲပါ........

ဒီလောက်ဆိုရင် သမီးဆိုး သိချင်ပါတယ် ဆိုတဲ့ ၁၉၇၄ အကြောင်း ပြည့်စုံမယ် ထင်ပါရဲ့ .......
(Hla Myat U)

(သမီးဆိုး ဆီမှ မျှဝေပါသည်။)

0 comments: