စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, March 12, 2012

လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို လက်နက်ဖြင့်စွက်ဖက်ခဲ့သော မျိုးဆက်သစ်များ မမေ့သင့်သော ဖြစ်ရပ်ကြီးသုံးခု..။

လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို လက်နက်ဖြင့်စွက်ဖက်ခဲ့သော မျိုးဆက်သစ်များ မမေ့သင့်သော ဖြစ်ရပ်ကြီးသုံးခု..။

--၁၉၆၁ တရုတ်ဖြူစစ်ဆင်ရေးကာလနှောင်းပိုင်းတွင် မြန်မာ့လေပိုင်နက်အတွင်းရှိ တရုတ်ဖြူ စခန်းသို့ ပစ္စည်းလာချသော အမေရိကန် (စီအိုင်အေ) ပိုင် လေယာဉ်ကြီးအား မြန်မာ့လေတပ်မှ လေယာဉ်သုံးစီးမှ တားမြစ်စဉ် လေကြောင်းတိုက်ပွဲဖြစ်ပွားသဖြင့် မြန်မာလေသူရဲ ဗိုလ်ပီတာ လေယာဉ်ပျက်ကျကာ ကျဆုံးခဲ့သည်။ ထိုကိစ္စမှာ မြန်မာ့တပ်မတော်သမိုင်းတွင် အသည်းခိုက်မတတ် မေ့မရသော မှတ်တမ်းတစ်ခုအဖြစ် တည်ရှိနေသည်။

--၁၉၆၇
တရုတ်-မြန်မာအရေးအခင်း အပြီးမှာတော့ ဗကပ ကို ကျောထောက်နောက်ခံပေးခဲ့သော တရုတ်ကွန်မြူနစ်တပ်မတော်မှ မြန်မာပြည်ပိုင်နက်အတွင်း ၀င်ရောက် ကာ ဗကပဘက်မှ ပစ်ခတ်ကာကွယ်ခဲ့သောကြောင့် ဗကပကို စစ်ဆင်ရေးလုပ်နေတဲ့ မြန်မာ့တပ်မတော်သားများမှာ ဗကပကိုထပ်မံအားဖြည့်လာသော တရုတ်တပ်မတော်နှင့် ရင်ဆိုင်မိပြီး တိုင်းပြည်အတွက် (တိုင်းတပါးနဲ့တိုက်တော့ တကယ့်တိုင်းပြည်အတွက်) အရာခံ အကြပ်များအပါအ၀င် အသက်ပေါင်းများစွာပေးခဲ့ကြရတဲ့ အကြောင်းကိုလည်း ..ကျွန်တော်တို့ ဘယ်တော့မှမမေ့သင့်ပါ။

နောက်တစ်ခုမှာ ရန်ကုန်မြို့လည်ခေါင်၊ ရွှေတိဂုံဘုရားခြေရင်းက အများပြည်သူ အလေးအမြတ်အထားဆုံးဖြစ်တဲ့ အာဇာနည်ဗိမာန် ကို ၁၉၈၃ မှာ မြောက်ကိုရီးယားတပ်မတော်ထောက်လှမ်းရေးမှ ချိန်ကိုက်ဗုံးခွဲဖျက်ဆီးခဲ့သဖြင့် တစ်စစီဖြစ်သွားခဲ့သည့်နောက် မြောက်ကိုရီးယား ဗိုလ်ကြီးအဆင့်ရှိသူ ခင်မေချုးကို သတင်းအရ လိုက်လံရှာဖွေ အရှင်ဖမ်းဆီးခဲ့သော ခလရ (၉၀) မှ တပ်မတော်သားသုံးယောက်မှာ ခင်မေချူး၏ ဗုံးဒဏ်ကြောင့် အသက်ဆုံးရှုံးခဲ့ရသည်ကို လည်း မျိုးဆက်သစ်များ မမေ့သင့်ကြပါ။

ဗိုလ်ပီတာကျဆုံးသော ဖြစ်ရပ်မှာ တပ်မတော်သမိုင်းတွင် မှတ်တမ်းဝင်ဖြစ်ရပ်တစ်ခုဖြစ်ခဲ့ပြီး တပ်မတော်သားရဲဘော်များ အကျအဆုံးများခဲ့သည့် ကျန်သော ကိစ္စကြီးနှစ်ခုမှာ နှစ်ပေါင်းသုံးဆယ်နီးပါးမျှ စာနယ်ဇင်းများနှင့် သမိုင်းစာမျက်နှာများတွင် ဖော်ပြခြင်းမပြုနိုင်ခဲ့သော၊ ဖော်ပြခွင့်မပြုခဲ့သော ကိစ္စများဖြစ်နေခြင်းက အံ့သြစရာပင်။

ဗိုလ်ပီတာကျဆုံးမှုကြောင့် အမေရိကန်ကို အသည်းခိုက်မတတ် နာကျည်းကြသော်လည်း အောက်တွင်ဖော်ပြထားသော တပ်မတော်သားများအကျအဆုံးများပြားခဲ့သည့် တရုတ်နှင့် မြောက်ကိုရီးယားမှ ၀င်ရောက်ကျူးကျော်စွက်ဖက်ခဲ့သည့် ကိစ္စကြီးနှစ်ခုအား သေနတ်ကိုင်ပြီး တိုင်းပြည်ကို ကာကွယ်မယ်လို့ တန်းစီသစ္စာဆိုနေသော ယနေ့မျိုးဆက်များအထိ မနာခဲ့ကြပါ..။ ဆတ်ဆတ်ထိမခံ မဖြစ်ခဲ့ကြပါ။ နှစ်ပေါင်းများစွာ လုံးဝ အသံတစ်ချက်တောင် မထွက်ခဲ့ကြပါ။ အမိန့်အရလားတော့မသိပါ။

အမိန့်အရ တရုတ်နှင့်မြောက်ကိုရီးယားဘက်က မနာရဘူး၊ မသုံးသပ် မဝေဖန် မတုန့်ပြန်ရဘူးဆိုရင်တော့ အဲဒီ ခွဲခြားခွဲခြား မျိုးချစ်စိတ်ဓာတ်ကို မြောင်းထဲသာ လွတ်ပစ်လိုက်ကြပါတော့ဗျာ..။

 Yan Aung

0 comments: