စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, March 12, 2012

အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်း မြန်မာနိုင်ငံသို့ ယခုနှစ်အတွင်း လာရောက် လည်ပတ်မည် ၂၅နှစ်အတွင်း မြန်မာနိုင်ငံသို့ အိန္ဒိယ ၀န်ကြီးချုပ် တစ်ဦး လာရောက်ခြင်းဖြစ်


အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းသည် မြန်မာနိုင်ငံသို့ ယခုနှစ် အတွင်း လာရောက် လည်ပတ်မည် ဖြစ်ကြောင်း အိန္ဒိယသမ္မတနိုင်ငံ နိုင်ငံခြားရေး အတွင်းဝန် Ranjan Mathai က မြန်မာ ဂျာနယ်လစ်များနှင့် မတ်လ ၉ ရက်နေ့ ညပိုင်းက တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။

အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းသည် မြန်မာနိုင်ငံသို့ ယခုနှစ် အတွင်း လာရောက် လည်ပတ်မည် ဖြစ်ကြောင်းနှင့် အစောဆုံး လာရောက်နိုင်ရန်လည်း ဆောင်ရွက်နေကြောင်း အိန္ဒိယ သမ္မတနိုင်ငံ နိုင်ငံခြားရေး အတွင်းဝန် Ranjan Mathai က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသို့ ယခုနှစ်အတွင်း လာရောက်ရန် စီစဉ်နေသည့် အိန္ဒိယ ၀န်ကြီးချုပ် မန်မိုဟန်ဆင်း၏ မြန်မာနိုင်ငံခရီးစဉ်သည် ၂၅ နှစ်အတွင်း အိန္ဒိယ၀န်ကြီးချုပ်တစ်ဦး အနေဖြင့် လာရောက်ခြင်း လည်း ဖြစ်သည်။

မြန်မာနိုင်ငံသို့ ရာဂျစ်ဂန္ဒီသည် အိန္ဒိယ၀န်ကြီးချုပ် အဖြစ် ၁၉၈၇ ခု နှစ် ဒီဇင်ဘာလ က လာရောက် လည်ပတ်ခဲ့သည်။ အိန္ဒိယသမ္မတနိုင်ငံ နိုင်ငံခြားရေး အတွင်းဝန် Ranjan Mathai သည် နေပြည်တော်တွင် ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးအား မတ်လ ၈ ရက်နေ့ ည နေပိုင်းက သွားရောက်တွေ့ဆုံပြီး နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။

Eleven Media Group

0 comments: