စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, March 12, 2012

အစ္စရေးက ဟားမားစ်တို့အပေါ် လေကြောင်း ထိုးစစ်ဆင်နွှဲမှုကြောင့် သေဆုံးသူ ၁၇ ဦးအထိ ရှိလာ

အစ္စရေးလေကြောင်း ထိုးစစ်အတွင်း မီးလောင်နေမှုကို ပါလက်စတိုင်းတို့က မီးငြှိမ်းသတ်နေစဉ်

အစ္စရေးက ဂါဇာရှိ ဟားမားစ် စစ်သွေးကြွများကို ပစ်မှတ်ထား တိုက်ခိုက်မှုအတွင်း ဟားမားစ်တပ်မှူးတစ်ဦး သေဆုံးခဲ့မှုအပေါ် တုံ့ပြန်သည့်အနေဖြင့် ဂါဇာရှိ စစ်သွေးကြွများက အစ္စရေးတောင်ပိုင်းသို့ မတ်လ ၉ ရက်က ရော့ကတ် ၁၀၀ ကျော်ဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်။ ယင်းကဲ့သို့ ရော့ကတ်များဖြင့် ပစ်ခတ်မှုအပေါ် အစ္စရေးက လေကြောင်းထိုးစစ် ပြန်လည်ဆင်နွှဲခဲ့ရာ မတ်လ ၁၁ ရက်အထိ သေဆုံးသူ ၁၇ ဦးအထိ ရှိလာခဲ့ကြောင်း ဆေးဘက်နှင့် ပါလက်စတိုင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

မတ်လ ၉ ရက် မွန်းလွဲပိုင်းတွင် အစ္စရေးက လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ဂါဇာရှိ Popular Resistance Committeess (PRC) မှ အတွင်းရေးမှူးချုပ် Zuhairal Qaisy နှင့် ဟားမားစ် စစ်ဘက်ခေါင်းဆောင်တစ်ဦးဖြစ်သူ Mahmoud Ahmad Al-Hanini တို့ အပါအ၀င် (PRC) အဖွဲ့ဝင်သုံးဦး သေဆုံးခဲ့သည်။ (PRC) မှာ ဟားမားစ်နှင့် မဟာမိတ်ပြုထားသောအဖွဲ့ဖြစ်ပြီး ၂၀၀၆ ခုနှစ်တွင် အစ္စရေးစစ်သား ဂီလက်ဒ်ရှာလက်ကို ပြန်ပေးဆွဲမှုဖြင့် ထင်ရှားသောအဖွဲ့ဖြစ်သည်။

ရော့ကတ်များဖြင့် ပစ်ခတ်မှုတွင် ဟားမားစ်က ၎င်းတို့ကိုယ်တိုင် တိုက်ရိုက်ပစ်ခတ်ခဲ့ခြင်း မဟုတ်ဘဲ ပါလက်စတိုင်းရှိ အဖွဲ့ငယ်များကို ပစ်ခတ်စေသည့်နည်းအား အသုံးပြုခဲ့သည်။ ယခင်က ဖြစ်ပွားခဲ့သော အစ္စရေးနှင့် အပြန်အလှန် ပစ်ခတ်မှုများတွင်လည်း ဟားမားစ်အဖွဲ့က ယင်းနည်းလမ်း အသုံးပြုခဲ့သည်။

လေကြောင်းတိုက်ခိုက်မှုများအပေါ် ဂါဇာရှိ ဟားမားစ်အဖွဲ့က ခြိမ်းခြောက်မှုပြုလုပ်ခဲ့ပြီး နာရီပိုင်းအကြာတွင် အစ္စရေးက မတ်လ ၁၁ ရက်အစောပိုင်း၌ တိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့ခြင်း ဖြစ်သည်။အစ္စရေးသည် ၎င်းတို့၏ လုပ်ရပ်များအတွက် တန်ဖိုးပေးဆပ်ရမည် ဖြစ်ကြောင်း ဟားမားစ်အဖွဲ့မှ ပြောခွင့်ရပုဂ္ဂိုလ် Abu Obaida က ပြောကြားခဲ့သည်။

အစ္စရေးတပ်များကို အမြင့်ဆုံး တပ်လှန့်ထားပြီး လေယာဉ်များလည်း ဒေသတွင်း ကင်းလှည့်နေပြီး သံသယဖြစ်ဖွယ် စစ်သွေးကြွများကို ပစ်မှတ်ထား တိုက်ခိုက်နေကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီးဌာန IDF က ထုတ် ပြန်ခဲ့သည်။ အစ္စရေးပြည်သူများကို တိုက်ခိုက်ရန် စီစဉ်နေသူ မည်သူ့ကိုမဆို တိုက်ခိုက်သွားမည်ဖြစ်ပြီး တစ်ချိန်တည်းတွင် ကာကွယ်ရေးစနစ် ပိုမိုကောင်းမွန်အောင် လုပ်ဆောင်သွားမည်ဟု အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ပြောကြားခဲ့သည်။

Ref:AP;CNN

0 comments: