ကေအိုင်အို ငြိမ်းချမ်းရေး ဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာနိုင်ငံအစိုးရ အဖွဲ့ကို ကိုယ်စားပြုသည့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့တို့ မတ်လ ၈ ရက်နေ့မှ ၁၀ ရက်နေ့ထိ တရုတ်မြန်မာ နယ်စပ်ရွှေလီမြို့၌ အပစ်ရပ်ရေး အပါအ၀င် ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ကြသည်။ ၃ ရက်တာ ဆွေးနွေးပြီးနောက် အပစ်ရပ်ရေး သဘောတူညီချက်မရသော်လည်း နောက်ထပ်ဆွေးနွေးမှုများ ထပ်မံပြုလုပ်ရန် အပါအ၀င် အချက် ငါးချက်ပါ သဘောတူညီမှုကို ထုတ်ပြန်ခဲ့ကြသည်။
Yangon Press International
0 comments:
Post a Comment