မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး စီးပွားရေးမှာ လွန်ခဲ့သော ရခိုင်-ဘင်္ဂလီမူဆလင် အဓိကရုဏ်းကတည်းက ရပ်ဆိုင်းခဲ့ရာမှ တနင်္လာနေ့က ပြန်လည်ကာ စက်ဘုတ်များ၊ ကုန်သည်များနှင့် ခရီးသည်များပါ စတင်သွားလာခွင့်ကို နယ်စပ်တာဝန်ရှိသူများက ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
တနင်္ဂနွေနေ့က ရခိုင်ပြည် စစ်တွေမြို့မှ ငါးဖြင့်သင်္ဘော ၂ စီး တာခ်နာဆိပ်ကမ်းသို့ ညနေဖက် ၅ နာရီတွင် စတင်ရောက်လာကြောင်း ဆိပ်ကမ်းအကြီးအကဲ အကောက်ခွန် ကာဇီ အာဘူလ် ဟိုစိုင်န်က ပြောသည်။
ရခိုင်ပြည်၌ ဇွန်လ ၈ ရက်နေ့ ကတည်းက စတင်ခဲ့သော ရခိုင်-ဘင်္ဂလီမူဆလင် အဓိကရုဏ်းကြောင့် မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံနယ်စပ် စီးပွားရေးနှင့် တခြားကူးလူးဆက်ဆံရေးများကို ၈ ရက်ကြာ အဟန့်အတား ဖြစ်ပေါ်ခဲ့သည်။
တာခ်နာဆိပ်ကမ်းက မြန်မာ-ဘင်္ဂလာ ၈ ရက်ကြာ ကုန်သွယ်ရေး ပိတ်ပင်းထားခဲ့မှုတွင် ဘင်္ဂလီအမျိုးသားနိုင်ငံတော်ဝင်ငွေ ၈ ကုဋေကျော် နစ်နာမည်ဟု တနင်္လာနေ့က တွက်ချက်ပြောဆိုလိုက်သည်။
မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ် မောင်တောနှင့် မျက်နှာချင်းဆိုင် နတ်မြစ်တွင် တည်ရှိသည့် ဘင်္ဂလာအပိုင် ဆတ်မာတင်ကျွန်းသို့ တနင်္လာနေ့က ရခိုင်အိမ်မွေး တိရိစ္ဆာန်များ တင်ပို့ခဲ့ကြောင်း ယင်းဆိပ်ကမ်း အကောက်ခွန်က ပြောသည်။
ယင်းပိတ်ထားခဲ့သည့် ၈ ရက်အတွင်း ရခိုင်ပြည်-ဘင်္ဂလာ ကုန်သွယ်ရေး၊ မောင်တော-တာခ်နာ စီးပွားရေးနှင့် မောင်တော-တာခ်နာ ဆိပ်ကမ်း ကုန်သွယ်ရေးများမှာ လုံးဝရပ်တန့်ခဲ့သည်။
မြန်မာမှ တာခ်နာဆိပ်ကမ်းသို့ ငါးသင်္ဘော ၂ စီး ကုန်တန်ဖိုး တာကာ ၁၀ ကုဋေ ဇွန်လ ၈ ရက်နေ့က ဆိုက်ရောက်လာသော်လည်း ယင်းသင်္ဘောမှာ ငါးချခွင့်မရှိခဲ့ဘဲ ၁၂ ရက်နေ့တွင် ပြန်လည်ခုတ်မောင်း ထွက်ခွာသွားခဲ့ကြောင်း အကောက်ခွန်မှ ထုတ်ဖေါ်ပြောဆိုခဲ့သည်။
တာခ်နာမြို့ အခြေစိုက် ဘင်္ဂလာဒေ့ခ်ျနိုင်ငံ နယ်စပ်လုံခြုံရေးတပ်ဖွဲ့ (BGB) တပ်ရင်းအမှတ် (၄၂)မှ တပ်ရင်းမှူး ဗိုလ်မှူး ဇာဟိဒ် ဟာဆန်က "ရခိုင်ပြည်တွင် ဖြစ်ပွားနေတဲ့ အဓိကရုဏ်း အခြေအနေမှာ တဖြည်းဖြည်း ငြိမ်းချမ်းလာနေပါတယ်။"ဟု တနင်္လာနေ့က ဒေသခံ သတင်းထောက်များကို ပြောဆိုလိုက်သည်။
ယင်းအဓိကရုဏ်း ကာလအတွင်း ဘင်္ဂလီ ကုန်သည် ၁၅၅ ဦး မြန်မာတွင် ခိုအောင်းရှိနေခဲ့ပြီး ဘင်္ဂလာတွင် မြန်မာ့ကုန်သည် ၅၀ နီးပါးခန့် ခိုအောင်းတည်ခိုနေခဲ့ရကြောင်း စုံစမ်းသိရှိရသည်။ ထို့ပြင် မောင်တော-တာခ်နာ နေ့စဉ်ကုန်သည်များမှာလည်း လုံးဝရပ်ဆိုင်းခဲ့သည်။
ယင်းမြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံ ကုန်သွယ်ရေး ၈ ရက်ကြာ ပိတ်ထားခဲ့သောကြောင့် ရခိုင်ပြည်-ဘင်္ဂလာ နယ်စပ်ဒေသအတွင်း ကုန်ဈေးနှုန်းများမှာ တာကာ ၃၀ မှ ၅၀ အထိမြင့်တက်ခဲ့ကြောင်းနှင့် နှစ်နိုင်ငံ ငွေလှည်းလှယ်နှုန်းမှာ အတည်မရှိသေးကြောင်း နယ်စပ်ရှိ နှစ်ဘက်ဒေသခံများက ပြောသည်။
ရခိုင်ပြည်တွင် အဓိကရုဏ်းကြောင့် ရခိုင်-ဘင်္ဂလီငါးဖမ်းသမား ၅၀၀၀၀ ခန့် ပင်လယ်ပြင်သို့ ယင်းရက်များအတွင်း ငါးရှာရန် မထွက်ခဲ့ရ၍ ငါးဈေးနှုန်းမှာ တခြားဈေးနှုန်းများထက် အဆမတန် တက်နေကြောင်း သိရှိရသည်။
နှစ်နိုင်ငံ နယ်စပ်ရှိ လူထုကျေးရွာများ အနေဖြင့် ယခုအချိန်ထိ သတိအခြေအနေနှင့် ညဥ့်ကင်းများ စောင့်နေကြသည်။ ယင်း အဓိကရုဏ်းကြောင့် နှစ်နိုင်ငံအာဏာပိုင်များက ဘင်္ဂလီများမှ ခေတ်မီလက်နက်ခဲယမ်းမီးကျောက်များ တနင်္လာနေ့အထိ ဖမ်းဆီးမိခဲ့သည်။
ဘင်္ဂလာပါလီမန်က ရခိုင်ပြည်တွင် သောင်းကျန်းခဲ့သော ဘင်္ဂလီမူဆလင်များကို အကြမ်းဖက်သမားများဟု ပြောဆိုခဲ့ပြီး ကမ္ဘာ့အကြမ်းဖက်သမားများနှင့် ဆက်စပ်မှုရှိနေသည်ဟု ဆိုခဲ့သည်။
မြန်မာ-ဘင်္ဂလာအကြား နှစ်နိုင်ငံကုန်သွယ်ရေး မကြာခဏ ရပ်ဆိုင်းပိတ်ပင်းနေရခြင်းမှာ နယ်စပ်တွင် ဓါးပြမှု၊ မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ် ဖေါက်ကားမှုနှင့် တရားမ၀င် ကုန်ကူးမှုတို့ဖြင့်ဖြစ်ကြောင်း နယ်စပ်ကပြောသည်။ နှစ်နိုင်ငံအကြား နယ်စပ်တွင် ဓါးပြမှု၊ မူးယစ်ဆေးဝါး ဖေါက်ကားမှုနှင့် တရားမ၀င် ကုန်ကူးမှုတို့ လုပ်ဆောင်နေကြသူများမှာ ဘင်္ဂလီများဖြစ်ကြောင်း သတင်းများက ဖေါ်ပြသည်။
Arakan Times
0 comments:
Post a Comment