စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, January 11, 2012

လျှို့ဝှက်မြန်မာစစ်တပ်၏ ဓါတု လက်နက် စက်ရုံများ - ဖမ်းမိနိုင်ရိုးလား ? ( အပိုင်း - ၂ )

ကပစ (၂) လက်နက်စက်ရုံများ (မင်းလှ/မလွန်)


ဆောင်းပါးရှင် - ဒေါက်တာ ဦးဝင်း

ကွန်ပျူတာ ဂူဂယ်လ်အပ် ပရိုဂရမ် (google earth) မှ တင်ပြထားသော ၂၀၀၉ ခုနှစ် ဂြိုလ်တု ဓါတ်ပုံများပေါ်တွင် အထက်ဖေါ်ပြခဲ့သော (ကပစ) စက်ရုံများကို ဧရာဝတီမြစ်၏ အနောက်ဖက်ကမ်း တလျှောက်တွင် တွေ့ရှိရပေသည်။ ဤ ကပစ များကို စစ်အာဏာရှင်ကြီး နေဝင်းလက်ထက်ကပင် စတင်တည်ထောင်ခဲ့သည်။ သန်းရွှေ၏ ၁၉၉၂ အာဏာသိမ်းပြီးသည့် အချိန်၌ ရခိုင်ရိုးမ၏ အရှေ့များ တောတောင်ကြမ်းတမ်းသည့် တောင်တန်းများ အတွင်း (ကပစ) စက်ရုံ များ တိုးချဲ့တည်ဆောက်ခဲ့သည်။



ဤကပစ (၂) စက်ရုံကို စင်္ကပူအစိုးရ ကုမ္ပဏီ၏ ပညာရှင် experts များက တီထွင်ချမှတ်ပေးသည်။ ဤစက်ရုံအား စင်္ကာပူမှ ဝင်လာသော လက်နက်များကို စမ်းသပ်ကွင်းများ အဖြစ်လည်းသုံးသည်။ ဤ ကပစ (၂) မှ ၁၀၅ မမ အမြောက်၊ ၁၂၀ မမ၊ ၈၁ မမ၊ ၆၀ မမ မော်တာများနှင့် MA-5 မရှင်းဂန်းများ ထုတ်လုပ်သည်။

ကပစ (၂) ၏ စစ်လက်နက်ရုံများမှာ အထက် ၊ မင်းလှ မြို့ ထိခွဲဖြန့်ထားသည်။ အသစ်တည်ထားသည့် နေရာမှာ လယ်ပင်ကွင်းရွာမှ တောင်ဘက် တစ်မိုင်ကွာ၊ မင်းလှမြို့မှ ၈ မိုင်ကွာရှိ၊ တောင်ထူသော ဒေသ၌ ရှိသည်။ ၂၀၀၇ ခုနှစ် ဓါတ်ပုံနှင့် ယှဉ်ကြည့်လျှင်၊ ၂၀၁၀ ခုနှစ်ပုံတွင် လက်နက်ရုံ အဆောက်အဦးများ တိုးချဲ့ဆဲ မြင်ရသည်။





မင်းလှမြို့မှ အနောက် ၅ မိုင်အကွာ၌ လက်နက် စက်ရုံ အဆောက်အဦးသစ်များကို မြေပြန့်ခွင်တခု၌ (ကြမ်းတမ်းသော တောင်ကုန်းများ ပတ်လည်ဝိုင်းပတ်ထာသော) တည်ထားသည်။ အဆောက်အဦး ပုံပန်းမှာသိုလှောင်ရုံ သဏ္ဍာန် စက်ရုံများ ဖြစ်ဟန်ရှိသည်။

မလွန်ရွာမှာ မင်းလှမြို့မှ တောင်ဘက် ၃ မိုင်အကွာ၌ရှိသည်။ ဗိုလ်ချုပ်နေဝင်းလက်ထက်ကပင် စတည်ခဲ့ပုံရသည်။ လက်နက်စက်ရုံများကို မလွန်ရွာ၏ ကိုပတ်နေသော တောင်ခြေများတွင် တည်ထားသည်။ အဆောက်အဦးပုံပန်းများအရ ဓါတုပစ္စည်းစက်ရုံ ပုံပန်းရှိပုံမပေါ်ပါ။


The Power of Fraternity | စည်းလုံးခြင်းရဲ့ အင်အား

0 comments: