စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, January 11, 2012

အာဆီယံနိုင်ငံများ၌ ယာဉ်တိုက်မှုကြောင့် သေဆုံးမှုနှုန်း အမြင့်မားဆုံး နိုင်ငံများအတွင်း မလေးရှားနိုင်ငံ နှင့်အတူ မြန်မာပါဝင်နေ

သုတေသန စာတမ်းများအရ မြန်မာနိုင်ငံနှင့် မလေးရှားနိုင်ငံတို့တွင် ယာဉ်တိုက်မှုကြောင့် နှစ်စဉ် လူတစ်သိန်းလျှင် ၂၃ ဦးခန့် အသက် ဆုံးရှုံးနေရသဖြင့် အာဆီယံနိုင်ငံများ တွင် သေဆုံးမှုနှုန်း အမြင့်မားဆုံးနိုင်ငံများအဖြစ် ရောက်ရှိနေကြောင်း သိရှိရသည်။

နှစ်အလိုက် ယာဉ်တိုက်မှုစာရင်း မှတ်တမ်းများအရ မြန်မာနိုင်ငံ၌ စီမံကိန်းမစမီ အခြေခံနှစ်ဖြစ်သည့် ၂၀၀၈ ခုနှစ်က ယာဉ်တိုက်မှုပေါင်း ၇၂၀၄ မှုဖြစ်ပွားခဲ့ရာတွင် ဒဏ်ရာရ ရှိသူ ၁၂၈၀ ဦး၊ သေဆုံးသူ ၁၈၅၃ ဦးသေဆုံးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ် သန်း ၁၈၀၀ ခန့်ရှိခဲ့သည်။

၂၀၁၁ ခုနှစ်အတွင်း မြန်မာနိုင်ငံတစ်ဝန်းလုံး၌ ယာဉ်တိုက်မှုပေါင်း ၉၅၆၃မှု ဖြစ်ပွားခဲ့ရာမှ ဒဏ်ရာရရှိသူ ၁၆၇၄၉ ဦး၊ သေဆုံးသူ ၂၇၃၀ ဦးရှိခဲ့


၂၀၁၁ ခုနှစ်အတွင်း မြန်မာနိုင်ငံတစ်ဝန်းလုံး၌ ယာဉ်တိုက်မှုပေါင်း ၉၅၆၃မှု ဖြစ်ပွားခဲ့ရာမှ ဒဏ်ရာရရှိသူ ၁၆၇၄၉ ဦး၊ သေဆုံးသူ ၂၇၃၀ဦးရှိ ခဲ့ပြီး ယာဉ်တိုက်မှုကြောင့် ဆုံးရှုံးမှု တန်ဖိုးမှာ ကျပ်သန်းပေါင်း ၁၆၅၂ ဒသမ ၅၀အထိမြင့်တက်လာခဲ့သည် ဟု သိရသည်။

အာဆီယံ ၁၀ နိုင်ငံတွင် ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် ဆောက်ရွက်ချက် ၁၄ ချက် ချမှတ် ဆောင်ရွက်လျက်ရှိရာတွင် ဆောင်ရွက်ချက်များ၏ အားသာချက်၊ အားနည်းချက်နှိုင်းယှဉ်မှု ဇယားအရ မြန်မာနိုင်ငံအနေဖြင့် စီမံခန့်ခွဲမှု၊ ယာဉ်မောင်းများအား လေ့ကျင့်သင်ကြားခြင်းနှင့် စနစ်တကျစစ်ဆေးခြင်းနှင့် လမ်းပေါ်တွင် အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်နိုင်ရေးအတွက် ယာဉ်များ ကို အဆင့်အတန်း သတ်မှတ်ခြင်းစသည့် အချက်သုံးချက်တွင် ကောင်းမွန်စွာ ဆောင်ရွက်ထားရှိနိုင်၍ လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် လိုအပ်သော ရန်ပုံငွေထားရှိမှု၊ လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် လူထုလှုပ်ရှား မှုများဆောင်ရွက်ခြင်း၊ ဥပဒေပြဋ္ဌာန်း ခြင်းနှင့် လမ်းအန္တရာယ်ကင်းရှင်းစေရန် သုတေသနကိစ္စများ ဆောင်ရွက်ခြင်း စသည့် အချက်လေးချက်တွင် ထိရောက် ကောင်းမွန်သော အဆင့်သို့ မရောက် သေးဟု သတ်မှတ်ထားကာ ယာဉ်မတော်တဆ ထိခိုက်မှုများအတွက် အချက်အလက်များ စုဆောင်းထားရှိမှု၊ လမ်းအန္တရာယ် ကင်းရှင်းစေရေးအတွက် လမ်းများ ဒီဇိုင်းကောင်းမွန်မှု၊

အန္တရာယ် ဖြစ်စေနိုင်သော နေရာများ၌ ဘေးကင်းလုံခြုံရေး ဆောင်ရွက်ထားချက် များ၊ ကလေးများအား အသိပညာပေးမှု၊ ဥပဒေကိုလိုက်နာစေရန် ဆောင် ရွက်မှုများ၊ အရေးပေါ်အကူအညီပေးရေး အစီအစဉ်များ ဆောင်ရွက်ထား ရှိမှု၊ လမ်းအန္တရာယ် ကင်းရှင်းစေရေး အတွက် ပူးပေါင်းဆောင်ရွက်ရမည့် ဌာန၊ အဖွဲ့အစည်းများကြား ပူးပေါင်း ဆောင်ရွက်ခြင်းစသည့် ဆောင်ရွက် ချက် ၇ ချက်တွင် အားနည်းချက်များ ရှိနေသေးကြောင်း သိရှိရသည်။

news-eleven.com

0 comments: