စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Tuesday, June 19, 2012

ဇေကမ္ဘာ ကုမ္ပဏီ မန်နေဂျာ ဦးမြင့်ဇော် ယနေ့ ၁၉ . ၆ . ၂၀၁၂ တွင် လာရောက်အစစ်ခံ



 June 19, 2012

ယနေ့ နံနက် ၁၀ နာရီ ခွဲ အချိန်တွင် မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ရုံးမှာ ဇေကမ္ဘာကုမ္ပဏီ မန်နေဂျာ ဦးမြင့်ဇော်သည် မင်္ဂလာဒုံမြို့နယ် ၊ ရွှေနံ့သာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးမှာ လာရောက်အစစ်ဆေးခံသွားပါတယ် - နေ့လည် ၁၁ နာ၇ီ ခွလြောက်မှာ စစ်ဆေးမှုပြီးစီးသွားပါတယ် ။
ဇေကမ္ဘာကုမ္ပဏီနဲ့ အမှုအခင်းဖြစ်ပွါးနေတဲ့ ရွှေနံ့သာကျေးရွာသားများတက်ရောက်နားထောင်ခဲ့ပါတယ် ။ မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီမှ ဦးနေမျိုးဝေ ၊ ဦးအောင်မျိုးဦး နှင့် ဦးနိုင်ဝင်းထွန်းတို့လည်း တက်ရောက် နားထောင်ကြပါတယ် ။
သတင်းမီဒီယာများဖြစ်ကြတဲ့  လျှပ်တစ်ပြက် ဂျာနယ် ၊ အင်ဗွိုင်း ဂျာနယ်တို့ကိုတော့ ဇေကမ္ဘာ မန်နေဂျာ ဦးမြင့်ဇော်က ကားနဲ့တစ်ပါတည်းတင်ခေါ်လာပါတယ် ။ လျှပ်တစ်ပြက်ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင် နဲ့ အတူ သားဖြစ်သူ ဇေယျာ မြတ်ခိုင်တို့လည်း အတူပါလာကြပါတယ် ။
ပြည်သူ့ခေတ်ဂျာနယ်မှလည်း သတင်းလာယူပါတယ် ။
အခြားမီဒီယာများကတော့ ရောက်လာခြင်းမရှိပါဘူး ။
ဒါပေမဲ့ မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီကဘဲ သတင်းဖြန့်ဝေလိုက်ပါတယ် ။

စစ်ဆေးမှုများမှ အချို့ကိုဖော်ပြလိုက်ပါတယ် ။
ဦးမြင့်ဇော်ဖြေကြားချက်များမှအချို့
-       စက်မှုဇုန်(၁)(၂)(၃)(၄) ကို ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ အိုးအိမ်ဦးစီးဌာန နဲ့ အကျိုးတူ လုပ်ခဲ့တာ ဖြစ်ကြောင်း
-       ဇုန် (၄) မြေကွက်တွေရောင်းချပြီးကြောင်း
-       ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ၂၁.၅.၂၀၁၂မှာ သီးစားချထားပေးခြင်းကြောင့်စပါးစိုက်ပျိုးနေ ကြောင်း
-       ၂၀၁၂ /၁၃ မိုးရာသီမှာ ဇေကမ္ဘာကုမ္ပဏီမှ စပါးစိုက်ပျိုးနေကြောင်း
တွေထွက်ဆိုသွားပါတယ် ။


ပါတီ၏ သုံးသပ်ချက်ကို ထုတ်ပြန်ရရင် -
-       ယခု အခါမြယာမှုခင်း ဖွင့်လှစ်စစ်ဆေးနေပြီဖြစ်တဲ့အတွက် လယ်ယာမြေ ဖြစ်ပါကြောင်း
-       ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က သီးစားချတဲ့အတွက်လည်း လယ်ယာမြေဖြစ်ပါကြောင်း
-       ၂၀၁၂ /၁ မိုးရာသီမှာ ဇေကမ္ဘာကုမ္ပဏီမှ စပါးစိုက်ပျိုးနေကြောင်း ထွက်ဆိုခြင်းသည် လယ်မြေဖြစ် ကြောင်းခိုင်မာနေပြီဖြစ်ပါတယ် ။
-       ဇုန် (၄) မြေကွက်တွေရောင်းချပြီးကြောင်း ထွက်ဆိုချက်ဟာ ပုဒ်မ (၄) ကိုချိုးဖောက်ပါကြောင်း ပေါ်လွင်ပါတယ် ။
-       လယ်မြေပြန်သိမ်းရပါမယ် - ဒဏ်ငွေ ၅၀၀ ကျပ် တပ်ရိုက်ရပါမယ်
-       စက်မှုဇုန်လုပ်ပြီး မြေကွက်တွေရောင်းချပြီးကြောင်း ထွက်ဆိုသူဟာ ယခုအခါမှသာ စပါးစိုက်နေ ကြောင်းထွက်ဆိုတာဟာ
- မြေကွက်ဝယ်ယူထားသူတွေအတွက် ဇေကမ္ဘာက အခမဲ့ စပါးစိုက်ပေး တာလား - ဇေကမ္ဘာထံက မြေကွက် ၀ယ်ယူထားသူတွေ ဆုံးသွားပြီး ဇေကမ္ဘာက လယ်ဝင်လုပ် နေပြီလား
- အဲဒီလို ကမောက်ကမ ဇေကမ္ဘာကုမ္ပဏီကို ရပ်ကွက်အုပ်ချုပ်ရေးမှူးက သီးစားချ နိုင်ပါသလား - အောက်မှာ သီးစားချထားရေးနည်းဥပဒေတွေ ပူးတွဲပေးလိုက်ပါတယ် မကိုက်ညီတဲ့ ဇေကမ္ဘာကို မည်သူ့အမိန့်နဲ့ သီးစားချ နိုင်ပါသလဲ - ဆန်းစစ်လိုက်ပါတယ် ။

နည်းဥပဒေများ နှင့် ဦးကျော်စိန်၏ ထွက်ဆိုချက်အပြည့်အစုံကိုဖော်ပြလိုက်ပါတယ် ။

မြေယာမှုခင်းများနှင့်ပတ်သက်သော သိကောင်းစရာများ
၁၉၆၃ ခု နှစ် သီးစားချထားရေးနည်းဥပဒေများမှထုတ်နုတ်သည်
ထုတ်နုတ်တင်ပြသူ - ဦးနေမျိုးဝေ ဥက္ကဌ - မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ ( ၅-၆-၂၀၁၂)
နည်းဥပဒေ (၁၁) မှ - သီးစားချထားခြင်း - အောက်ပါအတိုင်းသီးစားချထားရမည် ။                                                                (က) မှတ်ပုံတင်စာရင်းကိုအခြေခံ၍သီးစားချထားရမည်။ 
သီးစားခံယူလုပ်လိုကြောင်းလျှောက်လွှာများကို သီးခြားခေါ် ယူခြင်းမပြုရ ။
(ခ) မှတ်ပုံတင်စာရင်းအရ လက်ရှိလက်ငုတ်လုပ်ကိုင်နေသူများကို သီးစားအဖြစ်ဆက်လက်ချထားပေးရမည် ။ 
(ဂ) လက်ရှိလက်ငုတ်လုပ်ကိုင်နေသူများမရှိလျှင်(သို့မဟုတ်)လက်ရှိလက်ငုတ်လုပ်ကိုင်သူများကဆက်လက်လုပ်ကိုင်ရန် ငြင်းဆို လျှင် (သို့မဟုတ်) လယ်ယာမြေကိုပြန်လည်သိမ်းယူရလျှင် အောက်ပါအတိုင်း သီးစားချထားပေးရမည် ။
 (၁) နေ့စားအလုပ်သမား သူရင်းငှားများအပါအ၀င် လယ်ယာအလုပ်သမားများကို ၄င်းတို့ထဲတွင် အဆင်းရဲ ဆုံးသူ ကိုပထမ / အချမ်းသာဆုံးသူကို နောက်ဆုံးထား၍ ဆင်းရဲချမ်းသာအလိုက် တန်းစီဇယားပြုလုပ်ရမည် ။                               
(၂) လယ်ယာမြေကို မလုံမလောက် လုပ်ကိုင်နေရသည့် သီးစားများထဲမှ လယ်ယာ အချို့တဲ့ဆုံးသူကို ပထမ / အများဆုံးလုပ်ကိုင်သူကို နောက်ဆုံး ထား၍ ဆင်းရဲချမ်းသာအလိုက်တန်းစီဇယားပြုလုပ်ရမည် ။                                   
(၃) သီးစားချထားရန်ရှိသော လယ်ယာမြေကို  အထက်အပိုဒ်ခွဲ(၁) ပါလယ်ယာအလုပ်သမားစာရင်းထဲ ပါဝင်သူ များက စုပေါင်းလုပ်ကိုင်လိုလျှင်သော်လည်းကောင်း အထက်အပိုဒ်ခွဲ(၁) ပါ လယ်ယာအလုပ်သမားစာရင်းတွင် ပါဝင်သူများနှင့် အထက်အပိုဒ်(၂) ပါ သီးစားစာရင်းတွင် ပါဝင်သူများ စုပေါင်း၍လုပ်ကိုင်လိုလျှင်သော်လည်းကောင်း ထိုသူများကို စုပေါင်း၍ သီးစားချထားပေးရမည် ။                                                                                                                                              (၄) အထက်အပိုဒ်ခွဲ(၃) အတိုင်းမဖြစ်မြောက်လျှင် အထက်အပိုဒ်ခွဲ(၁) ပါ လယ်ယာအလုပ်သမားစာရင်းမှ အစီ အစဉ်အလိုက် တစ်ဦးစီကိုကြည့်၍သီးစားချထားရန် ရှိသော လယ်ယာမြေကို ထွန်ယက်စိုက်ပျိုးနိုင်ရန်အင်အားရှိသည့် ပထမဦးဆုံးသောသူကို သီးစားချထားရမည် ။ အထက်အပိုဒ်ခွဲ(၁)ပါလယ်ယာအလုပ်သမားစာရင်းတွင် ထိုသို့ လုပ် ကိုင်နိုင်သူမရှိလျှင် အထက်အပိုဒ်(၂)ပါ သီးစားစာရင်းမှ အစီအစဉ်အလိုက် တစ်ဦးစီကို ကြည့်၍ သီးစား ချထား ရန်ရှိ သော လယ်ယာမြေကို ထွန်ယက်စိုက်ပျိုးနိုင်ရန်အင်အားရှိသည့် ပထမဦးဆုံးသောသူကို သီးစားချထားပေးရမည် ။                                           
 နည်းဥပဒေ (၁၃) မှ - လယ်ယာမြေသီးစားချထားရေးနှင့်ပတ်သက်၍ အမှုဖွင့်လှစ်လိုလျှင် - သက်ဆိုင်ရာ ကျေးရွာအုပ်စု မြေယာကော်မတီတွင်သော်လည်းကောင်း ၊ မြို့နယ်မြေယာကော်မတီတွင်သော်လည်းကောင်း အမှုဖွင့် လှစ်နိုင်သည် ။
နည်းဥပဒေ (၁၄) မှ - ကျေးရွာအုပ်စု မြေယာကော်မတီ (သို့တည်းမဟုတ်) မြို့နယ်မြေယာကော်မတီ သည် လက်ခံသည့် အမှုကို အောက်ပါအတိုင်းစစ်ဆေးရမည် ။                                                                                       
(က) သက်ဆိုင်ရာကာယကံရှင်များအားကြားနာရမည်  ။                                                                            
(ခ) လိုအပ်သည့်သက်သေများအားစစ်ဆေးရမည် ။                                                                                        
(ဂ) လိုအပ်သည့်စာချုပ်စာတမ်းအမှတ်အသား စာရင်းအင်းများကို စစ်ဆေးရမည် ။                                                            
 (ဃ) လိုအပ်သည့်အခြားပစ္စည်းများကိုစစ်ဆေးရမည်                                                                                                   
 (င) လိုအပ်လျှင်လယ်ယာမြေတည်ရှိရာသို့သွားရောက်စစ်ဆေးရမည် ။                                                                
(စ) အထက်ပါအတိုင်းကြားနာစစ်ဆေးပြီး မဲများရာ အတိုင်း ဆုံးဖြတ်ရမည် ။                                                       
(ဆ) ဆုံးဖြတ်ချက်တွင် မည်သူ့အား သီးစားချသည် မည်သူ့အားပယ်သည်ဟု အတိအကျပါရှိရမည် ။                                     
(ဇ) အမှုသွားအမှုလာ အကျဉ်းချုပ်နှင့် ဆုံးဖြတ်ချက်ကို မှတ်တမ်းတင်၍ သဘာပတိ၊ မှတ်တမ်းတင်သူ အပါအ၀င် တက်ရောက် သည့် ကော်မတီဝင်များ လက်မှတ်ရေးထိုးရမည် ။                                                                              
(ဈ) ဆုံးဖြတ်ချက်ကို သက်ဆိုင်ရာတို့အား အကြောင်းကြားရမည် ။                                                                        
(ည) အမှုများစစ်ဆေးရာတွင် မည်သူမဆိုလာရောက်ကြားနာနိုင်ခွင့်ရှိစေရမည်။
ကျေးရွာလူထု တက်ရောက် နား ထောင်အောင် အားပေးရမည်



၁၉၆၃ ခု နှစ် တောင်သူလယ်သမား အခွင့်အရေးကာကွယ်သည့်ဥပဒေပါကောက်နုတ်ချက်များ
ပုဒ်မ(၃) - (၁) တည်ဆဲဥပဒေတစ်ရပ်ရပ်တွင်မည်သို့ပါရှိစေကာမူ တရားမရုံးတစ်ခုခု၏ဒီဂရီ ၊ သို့မဟုတ်အမိန့်ဖြင့် -                 
 (က) လယ်ယာမြေကိုသော်လည်းကောင်း၊ လယ်ယာမြေလုပ်ကိုင်ရာတွင်အသုံးပြုသည့်ကျွဲနွားနှင့်ကိရိယာ တန်ဆာပလာ ၊ ထွန် စက် နှင့်ကိရိယာတန်ဆာပလာ ၊ အခြားသက်ရှိ သက်မဲ့ ကိရိယာတန်ဆာပလာများကိုသော်လည်းကောင်း ၀ရမ်းဖမ်းခြင်း သိမ်းဆည်းခြင်းမပြုရ ။                                                                                                    
(ခ) လယ်ယာမြေကိုမလုပ်ကိုင်ရဟုသော်လည်းကောင်း၊ လယ်ယာမြေထဲသို့မ၀င်ရဟုသော်လည်းကောင်း တားဆီးခြင်းမပြုရ 
(ဂ) လယ်ယာမြေကိုလုပ်ကိုင်သည့်ကျွဲ၊နွား နှင့် ကိရိယာတန်ဆာပလာ၊ထွန်စက်နှင့်ကိရိယာတန်ဆာပလာကိုသော်လည်း ကောင်း လယ်ယာမြေမှထွက်သောပစ္စည်းများကိုသော်လည်းကောင်းမရွှေ့မပြောင်းရ၊ သို့မဟုတ်ရောင်းချသုံးစွဲခြင်းမပြုရ ဟုတားဆီးခြင်း
မပြုရ ။                                                                                                     
 (ဃ)အပိုဒ်(က)(ခ)(ဂ) ပါကိစ္စတစ်ခုခုနှင့်စပ်လျဉ်း၍ တောင်သူလယ်သမားတစ်ဦးဦးကို ဖမ်းဆီးချုပ်နှောင်ခြင်းမပြုရ ။  .   
အထက်ပါပြ ဌာန်းချက်များသည် -                                                                                                                        .
(က) အစိုးရက ရရှိသော ငွေများအတွက် အရေးယူသော ကိစ္စ သို့တည်းမဟုတ်                                                     .
(ခ) အမွေဆက်ခံပိုင်ခွင့်နှင့်စပ်လျဉ်း၍ အချင်းဖြစ်ပွါးသည့်အတွက် အရေးယူသောကိစ္စ သို့တည်းမဟုတ်                       .
(ဂ) ငြိမ်ဝပ်ပိပြားရေးအတွက် အစိုးရက အရေးယူသည့်ကိစ္စနှင့် မသက်ဆိုင်စေရ                                                            .      
(ဃ) ကြက်ပေါင်စေးစိုက်ပျိုးသည့်မြေများနှင့်မသက်ဆိုင်စေရ
မှတ်ချက် -
သစ်ခိုးသော လှည်း နှင့် နွား စက်ကိရိယာတို့သည်  ဤဥပဒေ၏ အကာအကွယ်ရမည်မဟုတ်
ရာဇ၀တ်မှုမြောက်သော လယ်လုပ်ကိရိယာ နှင့်လယ်သမားများသည်လည်း ဤ ဥပဒေ၏ အကာအကွယ်ရမည်မဟုတ်
လ/န - ပုဒ်မ (၄) လွှဲပြောင်းခြင်းကို တားမြစ်ခြင်း ။ ဤအက်ဥပဒေစတင်အာဏာတည်သည့်နေ့မှစ၍ ဤအက်ဥပဒေနှင့် လည်းကောင်း ဤအက်ဥပဒေအရပြုသည့်နည်းဥပဒေများနှင့်လည်းကောင်း မညီညွတ်လျှင် လယ်ယာမြေကို ပေါင်နှံခြင်း၊ ရောင်းချခြင်း လွှဲပြောင်းခြင်းသို့တည်းမဟုတ် ခွဲစိတ်ခြင်းမပြုရ ။
လ/န - ပုဒ်မ (၅) သိမ်းယူခြင်း ။ (၁) ××××××××××××××××××××××× (၂) ×××××××××××××××××××××××× (၃) တည်ဆဲအခြားမည်သည့် တရားဥပဒေတွင်ဖြစ်စေ သဘောတူစာချုပ် ပဋိဥာဉ်စာချုပ်၊ အပိုင်စာချုပ်၊အငှားစာချုပ် သို့တည်းမဟုတ် လိုင်စင်တွင်ဖြစ်စေ မည်သို့ပင်ပါရှိစေကာမူ နိုင်ငံတော်၏အခွင့်အရေးမှတပါး  ပုဒ်မခွဲ ( ၁ ) အရ နိုင်ငံတော် ကပြန်လည်သိမ်းယူနိုင်သည့် လယ်ယာမြေပေါ်ရှိ အခြားအခွင့်အရေးများအားလုံး လုံးဝ ရပ်စဲသွားရမည် ။ ထို့ပြင် - ဤအက်ဥပဒေ အရ လယ်ယာမြေကိုပြန် လည်သိမ်းယူပြီးသည့်နောက်တွင် နိုင်ငံတော်၏အခွင့်အရေးမှတပါး အခြားမည်သည့်အခွင့် အရေးမျှ ပေါ်ပေါက် သက်ရောက်ခြင်းမရှိစေရ ။ (ချွင်းချက်) - ပုဒ်မ(၁၀)ပါပြန်လည်ဝေငှခြင်းနည်းဥပဒေ နှင့်အညီ အိမ်ထောင် သားစု၏ အကြီးအကဲသည် အဆိုပါလယ်ယာမြေနှင့်စပ်လျဉ်း၍အောက်ပါအခွင့်အရေးရရှိစေရမည် ။
(က) အဆိုပါ လယ်ယာမြေကိုလက်ရှိထားနိုင်ခွင့်၊လုပ်ကိုင်နိုင်ခွင့်၊လုပ်ကိုင်ခြင်းမှရသည့်အကျိုးအမြတ်ခံစားနိုင်ခွင့်    .(ခ) အဆိုပါအိမ်ထောင်သားစု၏အကြီးအကဲတဦးဦးပါဝင်သည့် တောင်သူလယ်သမားအဖွဲ့အစည်းတခုခုအား အဆိုပါ လယ် ယာ မြေကို ရောင်းချနိုင်ခွင့် သို့တည်းမဟုတ်အပိုင်ပေးနိုင်ခွင့်                                                              (ဂ) အဆိုပါ လယ်ယာမြေကိုခွဲစိတ်နိုင်ခွင့်၊သို့တည်းမဟုတ် အခြားလယ်ယာမြေနှင့်လဲလှယ်နိုင်ခွင့်
လ/န - ပုဒ်မ (၃၉) လယ်ယာမြေကိုသတ်မှတ်သည့်နည်းလမ်းအတိုင်းအသုံးချခြင်း ။
ဤအက်ဥပဒေပါအခြားပြဌာန်းချက်များတွင် မည်သို့ပင်ပါရှိစေကာမူ နိုင်ငံတော်သမ္မတသည်သို့တည်းမဟုတ်ဤကိစ္စ အလို့ငှာနိုင်ငံတော်သမ္မတခန့်အပ်သော အာဏာပိုင်သည်လိုအပ်သည်ဟု ထင်မြင်ယူဆလျှင်မည်သည့်လယ်ယာမြေ ကိုမဆို မိမိသတ်မှတ်သည့်အတိုင်းအသုံးချရန်ဆင့်ဆိုနိုင်သည် ။

by Naung Taw Lay _ facebook

0 comments: