စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Saturday, May 19, 2012

မနန်းဝိုးဖန်၏ ဂျပန်နိုင်ငံသား ခင်ပွန်းကို စသုံးလုံးမှ ဖမ်းဆီး

မတ်လ ၂၈ ရက်နေ့က မနန်းဝိုးဖန်၏ ခင်ပွန်းဖြစ်သူနှင့် ဖခင်၊ ရှေ့နေ ဒေါ်အိအိအောင်တို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် တွေ့မြင်ရသည့် မစ္စတာနာမာဆဲ (၀ဲဘက်တွင် ထိုင်နေသူ)


ကျော်စိုးလင်း-အိမ့်ခိုင်ဦး (Yangon Press International)
မေလ ၁၉ ရက်၊ ၂၀၁၂ ခုနှစ်

လွန်ခဲ့သည့် မတ်လ ၂၄ ရက်နေ့က စသုံးလုံးရုံး ငါးထပ်မှ ပြုတ်ကျသေဆုံးခဲ့ရသည့် မနန်းဝိုးဖန်၏ ခင်ပွန်း ဂျပန်နိုင်ငံသား မစ္စတာနာမာဆဲကို ၁၉၅၀ ခုနှစ် အရေးပေါ် အက်ဥပဒေပုဒ်မ ၅ (ဇ) ဖြင့် စွဲဆိုကာ ဖမ်းဆီးလိုက်သည်ဟု သိရှိရသည်။

၎င်း ဂျပန်နိုင်ငံသားနှင့်အတူ အိမ်ခြံမြေ ပွဲစားလုပ်ပေးသူ ဦးသိန်းနိုင်၊ ယူနတီ အိမ်ခြံမြေကုမ္ပဏီမှ ၀န်ထမ်းအချို့တို့ကို မေလ ၁၇ ရက်နေ့က လှိုင်သာယာမြို့နယ် တရားရုံးတွင် ယင်းပုဒ်မ ၅ (ဇ) ဖြင့် ရီမန် တပတ်ယူကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု စုံစမ်းသိရှိရသည်။ စသုံးလုံးဘက်မှ ရီမန်အများဆုံး ၂ ပတ် (၂၈ ရက်) ယူခွင့်ရှိသဖြင့် ယင်းကာလအတွင်း အမှုတည်ဆောက်ကာ ရုံးတင်စွဲဆိုသွားမည်ဟုလည်း သိရသည်။

မနန်းဝိုးဖန်၏ ခင်ပွန်းကို လိုက်လံကူညီနေပေးလျက်ရှိသူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က “အခုစွဲဆိုချက်ကို နေပြည်တော် ပြည်ထောင်စုရှေ့နေချုပ်ရုံးက ပုဒ်မတပ်ပေးခဲ့တာ၊ မေလ ၁၄ ရက်နေ့က မစ္စတာနာမာဆဲနဲ့ ကျနော်တို့ နေပြည်တော်မှာ ပြည်ထဲရေးရုံးနဲ့ ပြည်ထောင်စုရှေ့နေချုပ်ရုံးကို သွားခဲ့သေးတယ်” ဟု YPI သို့ပြောသည်။

သွားရောက်တွေ့ဆုံသည့်ကိစ္စမှာ မေလ ၃ ရက်နေ့က မစ္စတာနာမာဆဲ ဂျပန်နိုင်ငံသို့ ပြန်မည်ပြုစဉ် လေဆိပ် လူဝင်မှုကြီးကြပ်ရေးမှ တားဆီးထားခဲ့ရာ တားဆီးထားသည့် အကြောင်းရင်းကို မေလ ၁၃ ရက်နေ့တွင် ရန်ကုန် စသုံးလုံးနှင့် လ၀ကတို့တွင် မေးမြန်းရာ ၎င်းတို့က နေပြည်တော်သို့ မေးရန် ညွှန်လိုက်သဖြင့် ၎င်းနှင့် မစ္စတာနာမာဆဲတို့ နေပြည်တော်သို့ မေးမြန်းဖို့ သွားရောက်ခဲ့ကြခြင်းဖြစ်သည်ဟု ပြောသည်။

စသုံးလုံးဘက်မှ ယခုပုဒ်မဖြင့် စွဲဆိုသည့် အဓိကအချက်မှာ မစ္စတာနာမာဆဲက ၎င်းပိုင်ငွေကြေးကို ဂျပန်နိုင်ငံမှ မနန်းဝိုးဖန်သို့ တရားမ၀င် နည်းလမ်းဖြင့် ပေးအပ်ပြီး အိမ်ခြံမြေများ ၀ယ်ယူခဲ့သည့်အပေါ် နိုင်ငံစီးပွားရေး ထိခိုက်စေသည်ဆိုသည့် စွဲဆိုချက်ဖြင့် ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

ယခုကဲ့သို့ စသုံးလုံးမှ မနန်းဝိုးဖန်၏ ခင်ပွန်းအပါအ၀င် အိမ်ခြံမြေအကျိုးဆောင်များကို ဖမ်းဆီးခြင်းမှာ မနန်းဝိုးဖန် စသုံးလုံးရုံး ငါးထပ်မှ ပြုတ်ကျသေဆုံးခဲ့သည့် အဖြစ်အပျက်အပေါ် လူသိရှင်ကြား သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခြင်း၊ မိသားစုဝင်များက စသုံးလုံးအား တရားစွဲဆိုနိုင်မည့် အချက်အလက် စုဆောင်း ပြင်ဆင်လျက်ရှိသည်ကို လက်တုံ့ပြန်ခြင်းဖြစ်နိုင်သည်ဟု ရန်ကုန်မြို့ ရှေ့နေအသိုင်းအ၀ိုင်းမှ ဝေဖန်ပြောဆိုလျက်ရှိသည်။

ယခုလောလောဆယ်တွင် မနန်းဝိုးဖန် သေဆုံးရသည့် အဖြစ်အပျက်အတွက် ကျောက်တံတားရဲစခန်းမှ တရားလိုပြုလုပ်ကာ သေမှုသေခင်းပြစ်မှုဖြင့် စတင်စစ်ဆေးနေပြီ ဖြစ်သကဲ့သို့ မနန်းဝိုးဖန် သေဆုံးရသည့် အဖြစ်အပျက်အတွက် ၎င်း၏ ဖခင်ဖြစ်သူက စသုံးလုံးအဖွဲ့မှ တာဝန်ရှိသူများကို တရားစွဲဆိုရန် ရှေ့နေငှားကာ ပြင်ဆင်နေစဉ် ယခုကဲ့သို့ စသုံးလုံးဘက်မှ မနန်းဝိုးဖန် ခင်ပွန်းဖြစ်သူကို ပုဒ်မတပ် ဖမ်းဆီးလိုက်ခြင်းဖြစ်သည်ဟု ဦးဖုန်းမြင့်အောင်က ပြောသည်။

ဂျပန်နိုင်ငံသံရုံးမှ ၎င်းတို့နိုင်ငံသားဖြစ်သူအား တွေ့ခွင့်ရရှိရေးအတွက် ကြိုးစားလျက်ရှိပြီး ယခုလောလောဆယ် မစ္စတာနာမာဆဲကို အင်းစိန်ထောင်တွင် ချုပ်နှောင်ထားရှိသည်ဟု စုံစမ်းသိရှိရသည်။

မနန်းဝိုးဖန် မတ်လ ၂၄ ရက်နေ့ သေဆုံးရသည့် အမှုကိစ္စကို တရားဝင် ခုံရုံးဖွဲ့ စစ်ဆေးလျက်ရှိသည်ဟု မတ်လကုန်ပိုင်းတွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ ဗိုလ်မှူးကြီးတင်ဝင်းက ပြည်တွင်းအပတ်စဉ် ဂျာနယ်တစောင်သို့ ပြောကြားခဲ့သည်။ ။

စသုံးလုံးမှ ၄ ရက်ကြာ ခေါ်ယူစစ်ဆေးနေစဉ် ငါးထပ်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့ရသူ မနန်းဝိုးဖန် ယင်းအမှုကို ကျောက်တံတား ရဲစခန်းမှ တရားလိုပြုလုပ် စစ်ဆေးနေသည်ဟု သိရှိရသည်။

0 comments: