စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Thursday, May 24, 2012

ဦးကိုကိုလှိုင် ဘယ်သူလဲ


အဟက် အဟက် ... ပြောချင်ဇောနဲ့ သီးတောင် သီးတယ်။
ဦးကိုကိုလှိုင် ဘယ်သူလဲ
============
ကျမရဲ့ အီးမေးထဲကို ကျမ မသိသော (မည်သူ့ဆီကမှန်းမသိသော) စာတစောင်ရောက်လာပါတယ်။ သမ္မတကြီးရဲ့ အကြံပေးအဖွဲ့ခေါင်းဆောင် ဦးကိုကိုလှိုင်ရဲ့ အကြောင်း ဖြစ်နေတဲ့ အတွက် စိတ်ဝင်စားစွာ ဖတ်ကြည့်လိုက်မိတယ်။ ကျမရဲ့ မိတ်ဆွေများလည်း စိတ်ဝင်စားမယ်လို့ ထင်မိတဲ့အတွက် ဝေမျှခြင်းဖြစ်ပါတယ်။

ဦးကိုကိုလှိုင်အကြောင်း အမှန်တကယ် ဟုတ်မဟုတ်ဆိုတာကိုတော့ ကျမ မသိပါဘူး၊
ကျမ အီးမေးထဲရောက်နေတဲ့ စာထဲမှာပါတာတွေကတော့ နအဖသန်းရွှေရဲ့ ရုပ်ပြသိန်းစိန်က သမ္မတအကြံပေး အဖွဲ့ဆိုပြီး ဖွဲ့လိုက်တဲ့ထဲမှာ ပါနေသူတွေက လူကြမ်းတွေဖြစ်နေလို့  သမတလူကြမ်းအဖွဲ့လို့ အမည်တပ်ရမှာပါ။

ဒီ သမ္မတလူကြမ်းအဖွဲ့ထဲက နိုင်ငံရေးအကြံပေးအဖွဲ့  ခေါင်းဆောင်ကိုကိုလှိုင်အကြောင်း စပြီးပြောပြဖို့ဖေါ်ပြဖို့ လိုပါပြီ။ ဒီနိုင်ငံရေးအကြံပေးအဖွဲ့  ခေါင်းဆောင် ကိုကိုလှိုင်ကို မြန်မာ့ရုပ်မြင်သံကြား MRTV 4 ကြည့်ဖူးသူတွေကတော့ မြင်တွေ့မှာပါ။ နိုင်ငံတကာရေးရာတွေကို မစားရ၀ခမန်း လျှာအရိုးမရှိတဲ့အတိုင်း
ပြောနေသူတစ်ဦးဆိုတာကို။

တကယ်တော့ ကိုကိုလှိုင်ဟာ နအဖ လက်ပါးစေအကြီးစား တစ်ဦးပါ။ စာရေးဆရာလိုလို နိုင်ငံတကာရေးရာ သုတေသီလိုလိုနဲ့ နအဖပြန်ကြားရေးဝန်ကြီး ကျော်ဆန်းရဲ့သတင်းနဲ့ စာနယ်ဇင်းလုပ်ငန်းမှာ အကြံပေးအရာရှိအဖြစ် လုပ်နေခဲ့သူပါ။ ၁၉၇၆ခုနှစ်က ပြင်ဦးလွင် DSA စစ်တက္ကသိုလ်ဆင်းဖြစ်ပြီး ကကကြည်းမှာတာဝန်ယူခဲ့ကာ ၂၀၀၄ ခုနှစ်အထိ စစ်ဦးစီး (ပထမတန်း) သုတေသနအဆင့်နဲ့ နအဖသန်းရွှေတို့အတွက် အကြီးစားလက်ပါးစေဖြစ်ခဲ့သူပါ။ ဒီလို နအဖပြန်ကြားရေးဝန်ကြီး ကျော်ဆန်းလက်အောက်မှာ သတင်းနဲ့ စာနယ်ဇင်းလုပ်ငန်း အကြံပေး အရာရှိ ဖြစ်နေခဲ့ချိန်မှာ နအဖတို့ရဲ့ ၀ါဒဖြန့်ချီရေး ခြေလှမ်းတစ်ခုဖြစ်တဲ့ နိုင်ငံရေး သတင်းဂျာနယ်ဆိုပြီး Northern Start Journal ကို စတင်ထုတ်ခဲ့တဲ့ သူတွေထဲက တစ်ဦးပါ။ ကိုကိုလှိုင်တို့ ဟာဒီ Northern Star ဂျာနယ်ကနေ ကလောင်အမည်ခွဲတွေ အမျိုးမျိုးနဲ့ သူရဲဘောကြောင်စွာ ဆောင်းပါးတွေကို အမည်ရင်းတွေ မဖေါ်ရဲဘဲ ရေးသားခဲ့ကြပါတယ်။

ကိုကိုလှိုင်ဟာ ဖော်လံဖားလုပ်ပြီး နအဖ သန်းရွှေရဲ့ အတုအယောင် အမျိုးသားညီလာခံ အောင်မြင်ရေး အတွက် ကလောင်နာမည် အမျိုးမျိုးနဲ့ ဆောင်းပါးတွေ ရေးခဲ့တယ်။ အာဏာရှင် သန်းရွှေအလိုကျ ဆောင်းပါးတွေ ရေးသားဖေါ်ပြခဲ့တယ်။

သိန်းစိန် အခု သမ္မတဖြစ်လာတဲ့ နောက်ခံပါတီ ကြံ့ဖွတ်က စိမ်းလဲ့ရွှေပြည် နဲ့ နွယ်သာကီ ဂျာနယ်စာစောင်တွေကို ထုတ်နေချိန်မှာ တစ်ဘက်ကလည်း ကိုကိုလှိုင်တို့က ဒီ Northern Star ဂျာနယ်ကို ထုတ်ခဲ့ကြပါတယ်။ နအဖလက်ပါးစေအကြီးစားကိုကိုလှိုင်တို့ဟာ မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို
တိုက်ခိုက်ဝေဖန်တဲ့ ဆောင်းပါးတွေကို ရေးသားခဲ့ကြတယ်။

နအဖလက်ပါးစေအကြီးစား ကိုကိုလှိုင်ရဲ့ ကလောင်အမည် ခွဲတွေထဲမှာတော့ စည်သူအောင်၊ ကိုကိုလှိုင် (မြင်းမူ) နဲ့ လှိုင်အောင် ဆိုတဲ့ အမည်တွေက အများဆုံး အမည်ခံ ရေးသားပါတယ်။

မြန်မာပြည်မှာ နာဂစ်မုန်တိုင်း ၀င်တိုက်ပြီး မုန်တိုင်းဒဏ်သင့်ဒေသတွေက မြန်မာပြည်သူပြည်သားတွေ သေလုမြောပါး ဘေးဒုက္ခ ကြုံနေစဉ်အတွင်းမှာ နအဖရဲ့ ၀ါဒဖြန့်ချီရေး သတင်းစာထဲမှာ ပါလာတဲ့ ဆောင်းပါးတစ်ပုဒ်ကြောင့် ဖတ်ရသူ သိရသူတိုင်း ဒေါသအမျက်ထွက်ခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုကိုပြန်လည် ဖေါ်ပြလိုက်ရပါတယ်။ ၎င်းမှာ
“နှစ်အကူးမှာတော့ ပုရစ်ဖူးတို့ ဝေကြပေလိမ့်မည်” ဆိုတဲ့ ဆောင်းပါးပါ။ ဒီဆောင်းပါးထဲမှာ နာဂစ်မုန်တိုင်းကြောင့် သစ်ပင်တွေ ပြိုလဲရှင်းသွားတာကြောင့် ရွှေတိဂုံဘုရားကြီး အထက်ပစ္စယံ အနားထိကို အိမ်ဝရံတာကနေ လှမ်းဖူးမြော်ခွင့်ရတာမို့ နာဂစ်မုန်တိုင်းကြီးကို ကျေးဇူးတင်ရတယ်ဆိုပြီး အစချီကာ ရေးသားခဲ့ပါတယ်။ ကြောက်မက်ဖွယ် နာဂစ်မုန်တိုင်း တိုက်ခိုက်မှုကို သိန်းပေါင်း မြောက်မြားစွာသော မြန်မာပြည်သူတွေ သေကြေပျက်စီး ဒုက္ခရောက်နေချိန်မှာ ဒီလိုရေးသားမှုဟာ အင်မတန် မသင့်လျော်လွန်းလှတာကို အားမရသေးဘဲ၊ နအဖသန်းရွှေတို့ရဲ့ နာဂစ်မုန်တိုင်း ခုတုံးလုပ် ဒေါ်လာငွေ တောင်းရမ်းကောင်းဖို့ အတွက်အလိမ်အညာ ဟန်ပြလုပ်ရပ်တွေကို ချီးမွန်းရေးသားပြထားပြီး၊ ဆောင်းပါးနောက်ဆုံးမှာ နိုင်ငံတကာက နာဂစ်မုန်တိုင်း အလှူပစ္စည်းတွေ အစားအသောက်တွေထက် ချောင်းမြောင်းထဲမှာ ငါးရှာစား ဖားရှာစားဖို့ကို ပြောဆိုရေးသားထားတာကတော့ အလွန့်အလွန် မိုက်ရိုင်းစော်ကားခဲ့ခြင်းပဲဖြစ်ပါတယ်။

မြန်မာပြည်သူပြည်သား မုန်တိုင်း ဘေးဒုက္ခသည်တွေကို နိုင်ငံတကာ ပြည်သူများက ကိုယ်ချင်းစာပြီး စေတနာထက်သန်စွာနဲ့ ပေးပို့လှူဒါန်းကြတာကို ကိုယ်ကိုတိုင်လည်း မကူညီ သူများကူညီတာ လည်း နှောင့်ယှက်ကြတဲ့ သန်းရွှေတို့ အာဏာရူးတွေဘက်ကို ဖော်လံဖားပြီး ရေးသားတာထက် ပိုပြီး ဒုက္ခရောက်နေကြသူ မြန်မာပြည်သူပြည်သားတွေကို ကိုယ်ချင်းစာတရား ခေါင်းပါးစွာနဲ့ ဒီဆောင်းပါ ရေးသားသူ “လှိုင်အောင်” ဆိုသူကတော့ အခု သိန်းစိန်ရဲ့  နိုင်ငံရေးအကြံပေးအဖွဲ့ ခေါင်းဆောင် “ကိုကိုလှိုင်” ဘဲ ဖြစ်ပါတယ်ဆိုတာ အများပြည်သူ သိရအောင် ဖေါ်ပြလိုက်ရပါတယ်။ ဒီလို ဆောင်းပါးရေးသားပြီး မြန်မာပြည်သူပြည်သားတွေကို စော်ကားခဲ့သူ လှိုင်အောင် အမည်ခံ လူယုတ်မာ ကိုကိုလှိုင် ရဲ့  ဆောင်းပါးကို အပြည့်အစုံပြန်လည် ဖေါ်ပြလိုက်ပါတယ်။ ဖတ်ရှူနိုင်ပါတယ်)။ ဆောင်းပါးရှင် လှိုင်အောင်က လူပေါင်းသန်းနှင့်ချီတဲ့ မြစ်ဝကျွန်းပေါ်မှာရှိတဲ့ နားဂစ်လေဘေးဒုက္ခသည်တွေဟာ မလိုဘူး၊ ဖားရိုက် စားပြီးနေလို့ရတယ်" ဒါ့အပြင် ကျေးဇူးတင်ပါတယ်ဆိုတဲ့ အကြောင်း" ဦးနှောက်မရှိ၊ လူသားမဆန်တဲ့ အာက်တန်းကျကျ ရေးသားထားတာကို ဖတ်ရသူတိုင်း သိရသူတိုင်းက ဒီဆောင်းပါးရှင်ကို ဘယ်သူဘယ်ဝါဆိုတာ မသိခဲ့ကြပါဖူး။

Written by မေသင်္ကြန်ဟိန်း-FACEBOOK

2 comments:

အင်း.. ပုပ်နံ့ကတော့ တလှိုင်လှိုင်နဲ့ ပေါ်လာပြီပဲ။

သမ္မတကအာဏာမရူးဘူးလို့ ထင်ရပြန်တော့ သမ္မတ အကြံပေးတွေက အာဏာရူးနေကြပြန်ပြီ။ သူတို့ရဲ့ မူလဇာတိရုပ်တွေ ပေါ်လာကြပြီ။