စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, May 16, 2012

လှိုင်သာယာ စက်မှုဇုံ(၄) နေလင်းအောင် အထည်ချုပ်စက်ရုံမှ အလုပ်သမား ၈၀၀ ၀န်းကျင် ဆန္ဒပြမှု ယနေ့ နံနက် ၁၀ က ဖြစ်ပွား


လှိုင်သာယာ စက်မှုဇုံ(၄) နေမင်းအောင် အထည်ချုပ်စက်ရုံမှ အလုပ်သမား ၈၀၀ ၀န်းကျင် ဆန္ဒပြမှု ယနေ့ နံနက် ၁၀ က ဖြစ်ပွားခဲ့ကြောင်းနှင့် ယခုအချိန်အထိ ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။

နေမင်းအောင် အထည်ချုပ်စက်ရုံမှ အလုပ်သမားများသည် အလုပ်ရှင်နှင့် ညှိနှိုင်းရာတွင် အဆင်မပြေသောကြောင့် မရမ်းကုန်မြို့နယ်ရှိ တိုင်းအလုပ်သမားရုံသို့ သွားရောက်ပြီး ယင်းရုံးတွင် ဆန္ဒပြသည့် စံပယ်ပွင့်၊ ပုလဲ၊ နေမင်းအောင် စသည့် စက်ရုံ (၃)ရုံမှ အလုပ်သမားများ စုရုံးရောက်ရှိနေကြကြောင်း သိရသည်။

မေလ (၉)ရက်၊ (၁၀)ရက်နှင့် (၁၅)ရက်နေ့တို့တွင် ဆန္ဒပြခဲ့သည့် High Art စက်ရုံမှ အလုပ်သမားများသည် ယနေ့တွင် အလုပ်ရှင်နှင့် ညှိနှိုင်း အဆင်ပြေသွားပြီ ဖြစ်ပြီး အချိန်ပိုကြေး တစ်နာရီ (၃၀၀) နှင့် အခြေခံလစာ ၃၀၀၀၀ ဖြင့် ညှိနှိုင်း အစဉ်ပြေသွားပြီ ဖြစ်ကြောင်းနှင့် အလုပ်သမားများအားလုံး ဆန္ဒပြရာနေရာမှ အသီးသီး အိမ်ပြန်သွားကြပြီ ဖြစ်ပြီး မေလ (၁၇) ရက်နေ့တွင် အလုပ်ပြန်ဆင်းမည် ဖြစ်ကြောင်း သိရသည်။





ယမန်နေ့က ဆန္ဒပြခဲ့သည့် မြန်မာ့ပုလဲနှင့် စံပယ်ပွင့် အထည်ချုပ်စက်ရုံတို့မှ အလုပ်သမားများသည်လည်း ယနေ့နံက် ၉ နာရီ ၄၅ တွင် ဘီကမ်ကား ၅ စီးနှင့်အပြည့် မရမ်းကုန်းမြို့နယ် အလုပ်သမား ပဋိပက္ခဖြေရှင်းရေးရုံးသို့ ရောက်ရှိလာကြောင်း သိရသည်။ ရုံးမှ တာဝန်ရှိသူများက ၎င်းတို့၏ သက်ဆိုင်ရာ ရုံးများသို့ ပြန်သွားရန် ပြောသော်လည်း အလုပ်သမားများမှ ၎င်းတို့၏ အလုပ်ရှင်နှင့် ညှိနှိုင်းသည်မှာ ပြေလည်မှု မရရှိသေးသောကြောင့် မပြန်ကြသေးကြောင်း သိရသည်။

Eleven Media Group
 

0 comments: