စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, May 16, 2012

ဘိုကလေးမြိုနယ်ရဲတပ်ဖွဲ.မှူးဒုရဲမှူးခင်မောင်ယု၏လက်အောက်ငယ်သားများအပေါ်မတရားအနိုင်ကျင့်နေမှုအားအေ၇းယူပေးပါရန်တင်ပြခြင်း




သို့

ကျွန်တော်ကတော့ဘိုကလေးမြို့ဇာတိဖြစ်ပြီးရဲတပ်ဖွဲ.ရဲ့မိသားစုဝင်ဆွေမျိုးတစ်ဦးတော်စပ်သူတစ်ဦးဖြစ်
ပါတယ်။ဘိုကလေးမြို့မှာအလွန်ဆိုးဝါးနေတဲ့မြို.နယ်အကြီးအကဲမြို့နယ်ရဲတပ်ဖွဲ.မှူး ဒုရဲမှူးခင်မောင်ယုရဲ့အကြောင်းကိုအထက်အကြီးအကဲများသိအောင်အောက်ပါအတိုင်းတင်ပြဖတ်
ကြားပေးစေလိုပါတယ်။

၎င်းမြို့နယ်ရဲတပ်ဖွဲ.မှူးရဲ့အကြောင်းကိုနေ့စဉ်နဲ့အမျှမြင်တွေ.ကြားသိနေရသည့်
အတွက်တပ်ဖွဲ.ဝင်များရဲ့ကိုယ်စားတင်ပြရခြင်းဖြစ်ပါတယ်။

ပထမဦးစွာလက်အောက်ရဲတပ်ဖွဲ.ဝင်များအပေါ်
မတရားအနိုင်ကျင့်ခိုင်းစေခြင်းများပြုလုပ်ခြင်းကိုတင်ပြရမည်ဆိုပါက၄င်း၏နေအိမ်တွင်ကျွန်တော်၏
တူတော်စပ်သူနယ်ထိန်းလင်မယားနှစ်ဦးအား ခေါ်ယူထားပြီးအိမ်ပေါ်သဖွယ်ထားရှိသည့်အပြင်နယ်ထိန်း
တပ်ဖွဲ.ဝင်တစ်ဦးဖြစ်သောဦးဗေလုဝအားမနက်တိုင်း၎င်းအိမ်သို့ဆိုင်ကယ်ဖြင့်လာခိုင်းပြီး၎င်းမိသားစု
၏နေ့စဉ်ဝတ္တရားများကိုဆောင်ရွက်ပေးရခြင်း၊၄င်းမိသားစု၏နေ့စဉ်အိမ်စရိတ်အဖြစ်နယ်ထိန်းတစ်ဦး
မှနေ့စဉ်ဈေးဖိုးရှစ်ထောင်ပေးရခြင်းများကို၎င်းဘိုကလေးမြို.တွင်တာဝန်ကျသည့်အချိန်မှစပြီးယနေ့
ထိပြုလုပ်ပေးရပါတယ်။နယ်ထိန်းတပ်ဖွဲ.ဝင်များကိုနေ့စဉ်မြို.နယ်မှူးနှင့်အသင့်ဟုဆိုကာနံနက်
(၇း၀၀)နာရီခန့်မှစပြီးည၄င်းပြန်လွတ်သည့်အချိန်ထိနေ့ထိုင်ရခြင်း၊နယ်ထိန်းတစ်ဦးမှ၎င်းသွားလိုသည့်နေ၇ာ၊
စားလိုသည့်နေရာ၊ဝယ်လိုသည့်အရာတို့ကိုဖြည့်စည်းပေးရခြင်း၊နယ် ထိန်းရဲများမှာ၎င်းတို့တာဝန်ယူရသောရပ်ကွက်၊ကျေးရွာများအတွင်းပြည်သူလူထုများနှင့်ထိတွေ.မှုမရှိပဲ
၎င်းကိုယ်ရေးကိုယ်တာကိစ္စတွေနှင့်သာအချိန်ပေးနေရခြင်း၊ဒုစရိုက်မှုများကိုလာေ၇ာက်ထောက်လှမ်းမှု
မလုပ်နိုင်တာကိုမြင်တွေ.နေရပါသည်။

ဘိုကလေးမြို.နယ်အတွင်းရှိသောယာဉ်ထိန်းရဲများနှင့်သဘော့ကျွန်းကင်း၊နတ်ချောင်းကင်း၊ဘိုကလေး
ဆိပ်ကမ်းရေကင်းများပါမကျန်လစဉ်ကြေးများယူဆောင်ပြီးပုံသေချထားခြင်း၊အလှူအတန်းပြုလုပ်မည်ဟု
ဆိုကာနေအိမ်လိုင်းခန်းများအတွင်းတစ်ပတ်လျှင်တစ်ကြိမ်အလှူငွေများကောက်ခံပြီးကိုယ်ကျိုးအတွက်
သုံးစွဲခြင်းများ၊၄င်းခရီးသွားလျှင်နယ်ထိန်းရဲတစ်ဦးမှငွေကြေးအလုံအလောက်ထည့်ပြီးကြည်ဖြူစွာရှင်းလင်းပေး
ရခြင်း၊၄င်း၏သားခရီးသွားသောအခါတွင်လည်း ဒုရဲအုပ်တစ်ဦးနှင့်အခြားအဆင့်တစ်ဦးတို့အားထည့်ပေးရခြင်း၊၄င်း၏ဇနီးမှလည်းကျောင်းဆရာမအငြိမ်းစားဟု
ဆိုကာရဲများ၏ဇနီးများအပေါ်မောက်မာရိုင်းပြစွာဆက်ဆံခြင်း၊ပင်စင်ယူရန်နီးကပ်နေသောရဲတစ်ဦးအား၎င်း၏
ဇနီးစိုက်ပျိုးထားသောအလှပန်းများအားနေ့စဉ်ရေလောင်းခိုင်းခြင်း၊၄င်း၏ဇနီးရေချိုးပြီးချိန်တွင်တစ်ဖွဲ.ဝင်
ဇနီးတစ်ဦးခေါ်ယူပြီးသနပ်ခါးသွေးခိုင်းခြင်း၊ရဲအရာရှိ/အခြားအဆင့်နယ်ထိန်းခေါင်းဆောင်၏ဇနီးများအား
အဝတ်အစားနှင့်အလှကုန်ပစ္စည်းအမျိုးမျိုးအတင်းအကြပ်ဝယ်ခိုင်းခြင်း၊၄င်း၏ဇနီးရန်ကုန်သို့သွားပြီးပြန်
လာသောအခါရန်ကုန်မြို.မှဈေးပေါပေါဖြင့်ပါလာသောအဝတ်အထည်များအားဈေးနှုန်းထက်ဝက်မကတင်ပြီး
ရဲတပ်ဖွဲ.ဝင်မိသားစုများနှင့်သက်သာဆိုင်ခန်းများသို့မဝယ်မနေ
ရအနေဖြင့်ရဲမိန်းမတစ်ဦးအားလိုက်လံရောင်းချခိုင်းခြင်းများပြုလုပ်ပေးရပါသည်။

နေအိမ်လိုင်းခန်းများကိုလည်းမြို.နယ်တွင်လက်ရှိတာဝန်ထမ်းဆောင်နေသူများကိုမထားဘဲမသက်ဆိုင်သူ
များကိုလာဘ်လာဘယူပြီးထားရှိသောကြောင့်လက်ရှိတာဝန်ထမ်းဆောင်နေသူများမှာအိမ်များငှားရမ်း
ပြီးနေထိုင်ရခြင်းကိုကြားသိမြင်တွေ.နေရပါသည်။

သို့ဖြစ်ပါအထက်ပါအကြောင်းအရာများကိုနိုင်ငံတော်သမ္မတကြီးနှင့်တကွဧရာဝတီတိုင်းဝန်ကြီးချုပ်နှင့်
တိုင်းရဲမှူးကြီးတို့အားလုံးသိရှိစေရန်သတင်းမီဒီယာမှတစ်ဆင့်တင်ပြရခြင်းဖြစ်ပါသည်။

ဘိုကလေးမြို.နယ်ရဲတပ်ဖွဲ.ဝင်များ(ကိုယ်စား).....

Thi Ha

 BY: Minthein Tun

0 comments: