စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, May 16, 2012

မလေးရှားေ၇ာက်နေကြတဲ့ မြန်မာများအတွက် ကေအယ်လ်(မြန်မာဆိုင်တန်း)ကို အကြောင်းအမျိုးမျိုးဖြင့် လာေ၇ာက်ကြတဲ့အခါမှာ သတိလက်လွတ် မနေကြ၇န်နှင့် ဆုံးရှူံးမှုများ မဖြစ်စေ၇န် အသိပေးချင်ပါတယ်။




မလေးရှားေ၇ာက်နေကြတဲ့ မြန်မာများအတွက် ကေအယ်လ်(မြန်မာဆိုင်တန်း)ကို အကြောင်းအမျိုးမျိုးဖြင့်
လာေ၇ာက်ကြတဲ့အခါမှာ သတိလက်လွတ် မနေကြ၇န်နှင့် ဆုံးရှူံးမှုများ မဖြစ်စေ၇န် အသိပေးချင်ပါတယ်။

ကျွန်တော်တို့  မြန်မာနိုင်ငံသားများ၇ဲ့  အခြေခံ စိတ်၇င်း ကောင်းမှုကြောင့် ၎င်း ကိုယ်ချင်းစာတ၇ားကြောင့် 
၎င်း ကူည်ီချင်သော အ၇င်းခံစိတ်ကို အခွင့်ကောင်း ယူ ၍ကေအယ်မြန်မာဆိုင်များ ပတ်ဝန်းကျင်တွင် လုယက်မှုများ မြန်မာအချင်းချင်း အုပ်စုဖွဲ့ အနိုင်ကျင့်မှုများ ခြိမ်းခြောက်ပြီး ငွေတောင်းမှုများ ဖြစ်နေပါသည်။

ထိုအလုပ်များကို ပြုလုပ်နေသူများမှာ မြန်မာများကိုယ်တိုင် ဖြစ်နေခြင်းက ပို၍ဆိုးဝါးကာ စိတ်ပျက်နာကြည်း
စ၇ာကောင်းနေပါသည်။ ထိုသူများသည် ဘာသာစကားနားမလည်မှုကို အခွင့် ကောင်းယူ၍
နိုင်ငံသားအယောင်ဆောင်ကာ ဂိုဏ်းစတား အယောင်ဆောင်ကာ ပုံစံအမျိုးမျိုးဖြင့် လုယက် အနိုင်ကျင့်
နေသည်မှာ ယခုအခါ အတော်ပင် အတင့်၇ဲလာပြီဖြစ်ပါသည်။

ကျွန်တော်သည် မလေးရှားနိုင်ငံတွင် အခတ်အခဲမျိုးစုံဖြင့်  ရိုးသားစွာ ရုန်းကန်အလုပ် လုပ်နေ၇ကာ ချွေးနဲစာဖြင့်
စုဆောင်းထားသော
ငွေများအား မြန်မာဆိုင်တွင် လာေ၇ာက်လွှဲပြောင်းစဉ် လှေကား၇င်း၌ ပိုက်ဆံတောင်း သူယောင်ဆောင်၍
ခြေ ထောက်အား ဆွဲကာအခြားတစ်ယောက် နှစ်ယောက်မှ အိတ်ကိုလု ဘောင်းဘီအိတ်များအားလိုက်လံ
ရှာဖွေကာ လုယူသွားကြခြင်းကိုခံခဲ့ ၇ပါသည်။


ထိုသူများသည် မြန်မာဆိုင်တန်းများ ပတ်ဝန်းကျင်တွင် (အောင်၇တနာစတိုး၊တော့ပ်စတိုး၊မော၇ှမ်း၊မဟာနန်း၊မြန်မာရွာ၊ဇာမဏီ၊သော်တာနဒီ၊ေ၇ွှကမ္ဘာ၊ကေအယ်ပွိုင့်  ၊ဂန္ထ၀င်၊1+3D ထီဆိုင်များအနီး) လှည့် လည် ကျက်စားကာ ရိုးသားသူများကို ကျွန်တော်နည်းတူ ပြုမူလုပ်ဆောင်နေပါသည်။ အ၇က်ဘီယာ သောက်စားထားသည့် မြန်မာများထံမှ အလစ်သုတ်ခြင်း ပိုက်ဆံတောင်းခြင်းများ ကိုလည်း လုပ်ဆောင်နေပါသည်။

ကေအယ်လ်သို့ လာေ၇ာက်ကာငွေလွှဲမည်ဆိုပါက မိမိအိမ်တွင် အသင့် ပြင်ဆင်ပြီးမှ လာေ၇ာက်ကြပါ၇န် အကြံပေးပါသည်။ အဘယ်ကြောင့်ဆိုသော် မိမိငွေလွှဲသွား၇ာလမ်းတွင် ငွေထုတ်ေ၇တွက်ခြင်း မိမိပိုက်ဆံကို သူတပါးမြင်သာစေခြင်းများက (ကွမ်းယာေ၇ာင်းသူ ။ ကွမ်းယာဆိုင်များတွင်) လက်ထောက်ချထားသော မြန်မာ လုယက်သူများ၏ အန္တ၇ာယ်ကို ဖိတ်ခေါ်သကဲ့ သို့  ဖြစ်နေပါသည်။

ထိုပြင် မိမိနှင့် အတူပါလာသော ကွန်ပျူတာလက်ပ်တော့ ဖုန်း ကင်မ၇ာ ပိုက်ဆံ အိတ်များ နှင့် တန်ဘိုးရှိ ပစ္စည်းများကို သတိပြု ကိုင်ဆောင်ကြပါ၇န်နှင့် ကေအယ်လ် မလေးရှား(မြန်မာဆိုင်တန်းများပတ်ဝန်းကျင်)တွင်
မြန်မာနိုင်ငံသားများအချင်းချင်း၏ မတ၇ားလုယက် အုပ်စုဖွဲ့ အနိုင့် ကျင့်မှု အန္တ၇ာယ်မှ ရှောင်ရှားနိုင်စေ၇န် အသိပေးတင်ပြအပ်ပါသည်။

0 comments: