စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, May 16, 2012

ရန်ကုန်၊ မန္တလေးမှာလုပ်မယ့် Gay Pride


Campaign Poster for May (17) International Day Against Homophobia

မနက်ဖြန် "လိင်တူချစ်သူများအား ရွံမုန်းမှု တိုက်ဖျက်ရေး နိုင်ငံတကာနေ့" ဖြစ်ပါတယ်။
ဂေးတွေက တခုတ်တရ ကျင်းပကြတဲ့နေ့ပါ၊ နိုင်ငံတချို့မှာ Gay Parade လို့ ခေါ်တဲ့ ဂေးများစီတန်းလှည့်လည်ပွဲတွေ လုပ်ကြပါတယ်။
မြန်မာနိုင်ငံမှာရော ဘယ်လိုလဲ?
မြန်မာနိုင်ငံမှာတော့ Gay Parade မရှိသေးပါဘူး။ သို့သော်လည်း ဒီနှစ်မှာတော့ ပထမဆုံး Gay Pride အစီအစဉ် ရှိပါတယ် လို့
သတင်းတပုဒ်မှာ မှာ ရေးထားပါ။

Gay Pride ဆိုတော့ စီတန်းလှည့်လည်ပွဲမဟုတ်ဘဲ လူစုလူဝေးပွဲ ဖြစ်ပါတယ် တဲ့။

ရန်ကုန်နဲ့ မန္တလေးတို့မှာ ပြုလုပ်မယ့် ဒီအစီအစဉ်ကို ကုလသမဂ္ဂ အရာရှိများ၊ အနုပညာရှင်များ၊ စာရေးဆရာများ၊ ဖျော်ဖြေရေးလောကထဲက ဂေးများ တက်ရောက်ကြမယ်၊ နိုင်ငံတကာမှာရှိတဲ့ ဂေးအခွင့်အရေးဆိုင်ရာတွေအကြောင်းလည်း
 ဆွေးနွေးဖလှယ်ကြမယ်၊
လိင်တူချစ်သူများအား ရွံမုန်းမှု တိုက်ဖျက်ရေး အကြောင်းအရာကိုလည်း ဟောပြောဆွေးနွေးမယ်လို့ ဆိုတယ်။

ဒီအစီအစဉ်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့အခြေစိုက် HREIB အဖွဲ့က ကမကထပြုပါတယ် တဲ့။ ခါတိုင်းတော့ ဒီအဖွဲ့က ဒီလိုနေ့မျိုးကို ထိုင်းနိုင်ငံရောက်မြန်မာပြည်သားများအတွက်ပဲ စီစဉ်ခဲ့တယ်လို့ ဆိုတယ်။

“ကျနော်တို့ လမ်းပေါ်ထွက်ပြီး စီတန်း လှည့်လည်မှာမဟုတ်ပါဘူး --- မြန်မာပြည်အခြေအနေတွေကြောင့် ဒီအစီအစဉ်တွေက အဆောက်အအုံထဲမှာပဲ ဖြစ်ပါလိမ့်မယ်၊ သို့သော်လည်း တချိန်ချိန်မှာတော့ မြန်မာပြည်မှာ Gay Parade ရှိလာမယ်လို့ မျှော်လင့်ပါတယ်” ဆိုပြီး HREIB အဖွဲ့က ကိုအောင်မျိုးမင်းက ပြောဆိုကြောင်း သတင်းထဲမှာ ရေးထားပါတယ်။

အစီအစဉ်တွေအတွက် ဒေသဆိုင်ရာ အာဏာပိုင်များဆီက ခွင့်ပြုချက် ရပြီးပါပြီ တဲ့။

သတင်းအကျဉ်းချုပ်ကတော့ ဒါပါပဲ။

ဧရာဝတီ မှ

0 comments: