စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Saturday, May 19, 2012

ရှမ်းပြည် ပြန်လည်တည်ဆောက်ရေး ကော်မတီ RCSS/SSA နှင့် အစိုးရတို့ ဒုတိယနေ့ ငြိမ်းချမ်းရေး ထပ်မံဆွေးနွေး


မြန်မာ အစိုးရဘက်မှ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ နှင့် ရှမ်းပြည် ပြန်လည်တည်ဆောက်ရေး ကော်မတီ RCSS/SSA မှ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ် ဦးဆောင် သော ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ တို့ ငြိမ်းချမ်းရေး ဆွေးနွေးမှုမြင်ကွင်း

D-မင်း ကျိုင်းတုံ မှ တိုက်ရိုက်ပေးပို့သည်

ရှမ်းပြည် ပြန်လည်တည်ဆောက်ရေး ကော်မတီ RCSS/SSA မှ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ် ဦးဆောင် သော ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ သည် ယနေ့နံနက် ၈း၃၀ ခန့်တွင် တြိဂံတိုင်း စစ်ဌာနချုပ်သို့ ရောက်ရှိလာကြောင်းသိရသည်။

မြန်မာအစိုးရဘက်မှ ဗိုလ်ချုပ်ကြီး စိုးဝင်း မှ စတင်ကာ ငြိမ်းချမ်းရေး နှင့်ပတ်သက်ပြီး စတင်ရှင်းလင်း ခဲ့သည်။ ရှမ်းပြည် ပြန်လည်တည်ဆောက်ရေး ကော်မတီ RCSS/SSA မှ ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရွက်ဆစ်မှ မူးယစ်ဆေးဝါးပပျောက်ရေး စီမံကိန်းကို အဓိကထား ဆွေးနွေးတင်ပြခဲ့သည်။ အဆိုပါ စီမံကိန်းကို ၆ နှစ်စီမံကိန်း ဖြင့်ပပျောက်အောင် စီမံကိန်းချ ဆောင်ရွက်မည် ဟုသိရသည်။ ယင်းနောက် ဆွေးနွေးပွဲကို မီဒီယာများမပါဝင်ပဲ သီးခြားဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီတို့၏ ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးခြင်းအစည်းအဝေးကို ကျိုင်းတုံမြို့ ကြိဂံတိုင်းစစ်ဌာနချူပ်တွင် မေလ ၁၉ ရက်နေ့ (ယနေ့) နံနက် ၉ နာရီက ကျင်းပလျက်ရှိကြောင်းသိရသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီကို အဆိုပါကော်မတီ၏ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး စိုးဝင်းက ဦးဆောင်ပြီး ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီကို ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်က ဦးဆောင်ကာ ဆွေးနွေးလျက်ရှိနေကြောင်း သိရသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီမှ ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်က ''နိုင်ငံတော်သမ္မတကြီးကို ဂုဏ်ယူမိပါတယ်။ ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ ကျွန်တော်တို့ကို လမ်းချပေးလို့ပါ။ ပထမအကြိမ် တွေ့ဆုံပြီးသွားပါပြီ။ ဒီတစ်ခါ တွေ့ဆုံမှုဟာ နောက်ဆုံးတွေ့ဆုံမှု ဖြစ်မှာ မဟုတ်ပါဘူး။ အနာဂတ်မှာ ကျွန်တော်တို့ ဆက်လက်လုပ်ဆောင်သွားပါမယ်''ဟု ပြောကြားခဲ့သည်။

ဆွေးနွေးပွဲတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီမှ ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်က ''ကျွန်တော်တို့ လက်နက်သုံးခြင်း၊ အင်အားသုံးခြင်း ပုံစံမျိုးတော့ မဖြစ်စေချင်ဘူး။ လက်နက်သုံးခြင်း၊ အင်အားသုံးခြင်းမျိုးနှင့် ဖြေရှင်းခဲ့တာ နှစ် ၅၀ ကျော်ခဲ့ပါပြီ။ ဘာမှ အကျိုးမရှိပါဘူး။ နိုင်ငံတော်ကြီးပဲ ဆုတ်ယုတ်စေခဲ့တာပါ။ နောက်ဆုံးအနေနဲ့ တန်းတူုညီပြီး အေးချမ်းစွာ ဆွေးနွေးသွားနိုင်မယ်လို့ ယုံကြည်ပါတယ်''ဟု ပြောကြားခဲ့သည်။

မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ နေ့တစ်နေ့မှာ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီတို့ရဲ့ ပြည်ထောင်စုအဆင့် ဒုတိယအကြိမ် ဆွေးနွေးပွဲမှာ ဥက္ကဌကြီးနဲ့ တကွ တက်ရောက်လာသော တာဝန်ရှိပုဂ္ဂိုလ်အားလုံးကို စုံစုံညီညီ ထိတွေ့ခွင့်ရရှိဖို့ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောထားရပ်တည်ချက်နှင့် တပ်မတော်၏ ရပ်တည်ချက် သဘောထားအား ရှင်ပြခွင့်ရရှိမှု၊ ရှမ်းပြည်ထူထောင်ရေးကောင်စီဥက္ကဌ ကိုယ်တိုင် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်လာခဲ့မှု စသည်တို့အပေါ် ကျွန်တော့်အနေဖြင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးလုပ်ငန်းကော်မတီ ကိုယ်စား အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် ထာဝရ ငြိမ်းချမ်းရေးအတွက် နောက်ဆုံးအဆင့် ပြည်ထောင်စုလွှတ်တော်၌ နိုင်ငံတော်သမ္မတကြီ အမိန့်ရှိသကဲ့သို့ Political Playerများနှင့် အချိန်တိုအတွင်း စုံစုံညီညီ သဘောတူလက်မှတ် ရေးထိုးနိုင်မယ်လို့ ယုံကြည်မျှော်လင့်လျက် ပွင့်လင်းမြင်သာတဲ့ ပရိယာယ်မရှိသည့် နှစ်ဘက် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ ဆက်လက် ဆွေးနွေးသွားကြမည် ဖြစ်ပါကြောင်း ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီးစိုးဝင်းက ဆွေးနွေးရာတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။

0 comments: