စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Friday, May 11, 2012

သမ္မတ ဦးသိန်းစိန်ရုံး ၀က်ဘ်ဆိုက် ထုတ်လွှင့်

Photo Credit : http://www.president-office.gov.mm/


နေပြည်တော်၊ မေ ၁၁
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ၊ နိုင်ငံတော် သမ္မတရုံး သတင်းပြန်ကြားရေး ဌာန၏ တရားဝင် Website ဖြစ်သော http://www.president-office.gov.mm/ကို
မေလ ၁၁ရက်နေ့ (ယနေ့) မှစ၍ စမ်းသပ် ကာလ အဖြစ်သတ်မှတ်၍ စတင် ခဲ့ရာ ယနေ့
နံနက်ပိုင်းက နိုင်ငံတော် သမ္မတကြီး ဦးဆောင် ပြုလုပ်သည့် အစိုးရအဖွဲ့
အစည်းအဝေး ဓာတ်ပုံနှင့် နိုင်ငံတော် သမ္မတကြီး၏ ပြောကြားချက် အချို့ ကို ကောက်နုတ် ဖော်ပြခဲ့သည်ကို တွေ့ရသည်။


အဆိုပါ အစည်းအဝေး ဓါတ်ပုံ၌ နိုင်ငံတော် သမ္မတကြီး၏ ဝဲဘက် ထိပ်
ထိုင်ခုံတွင်မူ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောင်ခမ်းကို တွေ့ရှိခဲ့သော်လည်း
နိုင်ငံတော် သမ္မတကြီး၏ ယာဘက်ထိပ်၌ ဒုတိယသမ္မတ တစ်ဦးဖြစ်သူ သီဟသူရ
ဦးတင်အောင်မြင့်ဦး၏ ထိုင်ခုံမှာ လစ်လပ်နေသည်ကို တွေ့ရှိရသည်။


သမ္မတရုံး Website တွင် အဖွင့်စာမျက်နှာ၊ သတင်းများ၊ အခန်းကဏ္ဍ၊ အုပ်ချုပ်ရေး၊
အစိုးရအဖွဲ့၊ လွှတ်တော် ကဏ္ဍဟူ၍ ပါရှိပြီး အဖွင့်စာမျက်နှာ အောက်၌
သမ္မတရုံးနှင့် ဆိုင်သည့် ဓာတ်ပုံမှတ်တမ်းများ၊ ဗီဒီယိုဖိုင်များ၊
အသံဖိုင်များ၊ စာအုပ်စင်နှင့် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနိုင်ရန်
အတွက် တိုက်ရိုက်ထုတ်လွှင့်မှု ဟူ၍ ခွဲခြားထားသည်။

သတင်းများ
အောက်တွင်လည်း ယင်းကဲ့သို့ နိုင်ငံတော်နှင့် သက်ဆိုင်သော သတင်းများ၊
သတင်းစာ ရှင်းလင်းချက်များ၊ သမ္မတရုံး၏ ဆောင်ရွက်ချက်များကို
ရှင်းလင်းပြထားပြီး အခြား ခေါင်းစဉ်များ အောက်တွင်လည်း ခေါင်းစဉ်ခွဲများ
ပါရှိကြောင်း သိရသည်။

The Voice Weekly

2 comments:

သို့
သမ္မတကြီ၇ှင့် ကျွန်မ ၏ခင်ပွန်းဦးဆန်းဝင်းသသည်၂၁.၅.၈၈ခုနှစ်တွင် မြန်မာနိင်ငံရဲတပ်ဖွဲ့ သိုစတင်တတ်ရောက်ပြီး အမှတ်စဉ် ၅၉/၈၈အား ရမည်းသင်းတွင်သင်တန်းတတ်ရောက်ခဲ့ပါသည် ။ သင်တန်းဆင်းပြီး အမှတ်(၁၀)ရဲတပ်ရင်းမိုင်းတုံ
မြို့၇ှမ်းပြည်နယ်တွင် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၁၃.၆.၉၁ခုနှစ်တွင် ရဲတပ်ရင်းဖျက်သိမ်းခံမူကြောင့် စည်ပင်သာယာရဲ
တပ်ဖွဲ့သိုပြောင်းရွေ့ တာဝန်ထမ်းဆောင်ခဲပါသည်။
၂၆.၉.၉၇ခုနှစ်တွင် ဒုရဲအုပ်လောင်းသင်းတန်းအမှတ်စဉ်၂၉/၉၇အားတတ်ရောက်ပြီးသင်တန်းဆင်းပြီး ဒေါပုံရဲစခန်း
တွင်းအမူစစ်တာဝန်ထမ်းဆောင်ခဲပါသည်။၁၇.၉.၂၀၁၀ရက်နေ့တွင် ကရင်ပြည်နယ် ဖာပွန်(အထူး) ခရိုင်ရဲတပ်ဖွဲ့ သု့် ပြောင်းရွှေတာဝန်ထမ်းဆောင်ခဲ့ ပါသည်။ ယင်းသို့ ကျွှန်မခင်ပွန်း ဖာပွန်ခရိုင်ရဲတပ်ဖွဲ့ တွင် တာဝန်ထမ်းဆောင် နေစဉ် ကာလတွင်း ကျွှန်မနှင့် ကလေး(၃) ယောက်မှာ ပညာရေး ၊စာဝတ်နေရေး ကိစ္စရပ်များဖြေး၇ှင်နိင်ရန်အတွက် လမ်းဘေးတွင်
ဈေးရောင်းက ခက်ခဲ့ ပင်ပန်စွာ ရှာဖွေစားသောက်ခဲ့ ရပါသည်။
၂၈.၉.၂၀၁၂ရက်နေတွင် ဖာပွန်(အထူး) ခရိုင်မှ ဒေါပုံ မြို့နယ်ရဲတပ်ဖွဲ့ စခန်းသု့် ပြန်လည်ပြောင်းရွေ့ တာဝန်ထမ်း
ဆောင်ခဲ့ ပါရပါသည်။ ထိုသို့ ဒေါပုံ ရဲစခန်းတွင် တာဝန်ထမ်းဆောင်နေစဉ်ကာလတွင်း ကလေး တရားခံ မျောက်ခေါင်းမှာ ၂၅.၁၁.၂၀၁၂ရက်နေ့တွင်ထွက်ပြေးသွားခဲ့ပါသည်။ အဆိုပါကလေး တရားခံမျောက်ခေါင်း အားအမူစစ် ဒုရဲအုပ် နန်းနန်း မှ၂၂.၁၁.၂၀၁၂ ရက်နေ့တွင် ကလေးရီမန်ယူပြီး နယ်ထိန်းရုံခန်းတွင်ထားပြီတရားခံအား စစ်ဆေးခဲ့ပါသည် တာဝန်မူမလွှဲ
အပြောင်းနှင့် ကင်း အလွဲ အပြောင်း များတွင် အချုပ်ခန်းတွင်း ရှိ လူကြီး တ၇ားခံများ သာ အလွဲ ပြောင်းမူု ပြုလုပ်ခဲ့ ပြီး နယ် ထိန်း ခန်းအခန်းတွင် ရီမန်ယူ ချူပ်နှောင်စစ်ဆေးနေသည့် ကလေးတရားခံ အား တရားဝင်လွဲပြောင်းမူု ပြုလုပ်ခြင်းအား တာဝန်မူုအဆက်ဆက်ပြုလုပ်ခဲ့ ခြင်းမ၇ှိပါ။ အမူ စစ်မှ တာဝန်ယူစစ်ဆေးနေသညှ်ု အဆိုပါ ကလေးတရားခံအား ယင်းအမူစစ်မှ ၄င်းနှင့် တစ်ခန်းထဲတွင်အတူနေစောင့် ကြည့် စစ်ဆေးလျှက် ၇ှိရာမှ ကျွှန်မ ၏ ခင်ပွန်း တာဝန်မူုး တာဝန်ထမ်းဆောင်သည့် ၂၅.၁၁.၂၀၁၂တွင် နယ်ထိန်းရုံးခန်းမှ ထွက်ပြေးသွားခဲ့ပါသည်။
ယင်း ဖြစ်စဉ်ကြောင့် ကျွှန်မ ခင်ပွန်း နှင့် အမူစစ်ဒုရဲအုပ် နန်းနန်း တိုမှာ လက်၇ှိရာထူးမှ တဆင့် လျော့ ရာထူးချ
မှတ်ခြင်းခံခဲ့ ရပါသည့် အဆိုပါ နယ်ထိန်ရုံးခန်းမှ ထွက်ပြေးသွားခဲသည့် ကလေးတရားခံ အားပြန်လည်ဖမ်းဆီးရနိင်ခဲ့ သော်
လည်း လူကြီဖြင့် တရားစွဲပြီးထောင်၂နှစ်ကျခဲ့ပါသည်။
အဆိုပါ ဖြစ်စဉ်ပတ်သတ်ပြီး အမူစစ်ဒုရဲအုပ် နန်းနန်း၏ ကလေးကို ရီမ်းယူပြီး ၃/၄ရက်မတရားချူပ်နှောင်စစ်ဆေးပြီး
ပေါ့ လျော့မူကြောင့် ဒုရဲအုပ်နန်းနန်းရီမန်ယူထားသည်ကို မြို့နယ်မူုး၊ စခန်မူုး များသိ၇ှိလျှက်ကို မသိသလိုနေပြီး စစ်ဆေး
ကြပ်မတ်မူအားနည်းမူများကြောင့် တရာခံထွက်ပြေးလွတ်မြောက်သွားခဲ့ခြင်းဖြစ်ပါသည်။
ထိုသို့ ဖြစ်ပွားခဲ့ သည် ဖြစ်စဉ်များကြောင့် ကျွှန်မ၏ခင်ပွန်းမှာ ရာထူးလျော့ ချခြင်းခံရပါသည့် အပြင် ထပ်မံပြီး ဝေလံ
ဝေးလံခေါင်းပါးသည် နေရာသို့ ထပ်မံ ပြောင်းရွေ့ ရန်စေလွှတ်မည်ဆိုပါက ရဲတပ်ရင်း(၁၀) မိုင်းတုံ ရှမ်းပြည်နယ်တွင် လည်
နေဘူးပြီး ဖာပွန်အထူးခရိုင်ရဲတပ်ထွဲမှ ပြန်ရောက်သည်မှ ၄လခန့် ၇ှိသေးသည့် ကျွှန်မတို့ မိသာစု၏စားဝတ်နေရေားကလေး
ကလေးများ ၏(၁၀) တန်းပညာရေးစသည်အခက်ခဲ့များ ထပ်မံ ကြုံတွေ့ လာမည်ကို ထောက်ထားငဲ့ ညှာသည့် အနေဖြင့် အဆိုပါ ကိစ္စရပ်အားသင့် လျှော်သလို ပြန်လည်သုံးသပ်ပြီး စီစဉ်ဆောင်ရွက်ပေးပါရန် အသနားခံ တင်ပြအပ်ပါသည်။



မိတ္တူကို
ပြည်ထဲရေးဝန်ကြီး

ရဲချူပ်
လေးစားစွာဖြင့်
ဒေါ်ခင်ပြုံးလွင်၁၃/မခန(နိင်)၀၀၃၀ရ
၅ အမှတ်(၄၃)ရန်ပြေ(၁၄)လမ်းအ
ရှေ့ သာကေတမြု့်နယ် ရန်ကုန်တိုင်း
ဖုန်းနံပါတ်(၀၉၄၂၁၁၂၁၉၈၁)

သို့
သမ္မတကြီးခင်ဗျကျနော်ရိုသေ
စွာဖြင့်မတ္တာရပ်ခံတိုင်ကြားအပ်ပါတယ်
ခင်ဗျ ကျွန်တော်ကတော့အမှတ် ၂အခြေခံပညာ
အထက်တန်းကျောင်းမာတက်ရောက်နေသော
ကျောင်းသားဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့ကျောင်း
တွင်ဆရာမဒေါ်သန်းသန်းဌေး
ဆိုသူသည်သူ့အိမ်တွင်ဖြစ်ပွားခဲ့သော
ကိုယ်ရေးကိုယ်တာဖောက်ထွင်းမူတစ်ခုကို
မဆီမဆိုင်ကျောင်းထဲရှိကျောင်းသားများ
အားရဲများကမေးမြန်းနေသဖြင့်
ကျနော်တို့စာသင်ကြားချိန်များလျော့နည်းနေရပါသည်
ဒါကို ကျောင်းအုပ်ဆရာဦးသိန်းဝင်းသည်
သိလျက်နဲ့လွတ်ထားပါသည်
အမှန်တကယ်ယခုဖြစ်စဉ်သည်
ကျောင်းသားများနင့်လုံးဝမသက်ဆိုင်ပါ
ဒေါ်သန်းသန်းဌေးသည်ကိုယ်ရေးကိုတာ
ဖြစ်စဉ်များကိုကျောင်းတွင်းအထိယူမလာသင့်ပါခင်ဗျား
ကျနော်တို့တက္ကသိုလ်ဝင်တန်းဖြေဆိုမည့်ကျောင်းသား
များအတွက်အလွန်အဖိုးတန်လှသော
အချိန်များအကြောင်းမဲ့သက်သက်ကုန်ဆုံးစေ
ပါသည်ခင်ဗျာ
ထို့ကြောင့်ကျနော်အထူးလေးစားစွာဖြင့်တိုင်ကြား
အပ်ပါတယ်ခင်ဗျား
ဤကိစ္စမှန်မမှန်ဆိုတာမယုံလျှင်ပညာရေး
ဝန်ကြီးဌာနတွင်ရှိသောာအရာရှိများ
လှိုင်သာယာ အထက ၂ ကိုလာရောက်လေ့
လာသင့်ပါသည်ခင်ဗျား