ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုန် ၇ ရွှေဘိုလမ်းမှာရှိတဲ့ Myth အထည်ချုပ်စက်ရုံက အလုပ်သမား ၂၀၀ လောက်ဟာ ဒီကနေ့ ညနေပိုင်းက မရမ်းကုန်းမြို့နယ် အလုပ်သမားရုံးမှာ လုပ်ခလစာ တိုးပေးရေးအတွက် တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။
ဧပြီလ လစာထဲက ကျပ်တစ်သောင်းတိတိ ဖြတ်တောက်တာကြောင့် အလုပ်သမားတွေဖက်က စက်ရုံ အုပ်ချုပ်ရေးကို ဖြေရှင်ပေးဖို့
ပြောဆိုပေမယ့် စက်ရုံဖက်က ငြင်းဆန်ခဲ့တာကြောင့် အလုပ်သမားရုံးမှာ တောင်းဆို ဆန္ဒပြကြတာလို့ ဆိုပါတယ်။
Myth အထည်ချုပ်စက်ရုံ အုပ်ချုပ်ရေးဖက်က မကြာခဏ ဆိုသလို ဟိုကြေး ဒီကြေးနဲ့ လုပ်ခလစာတွေထဲက ဖြတ်တောက်တာတွေ ရှိတယ်လို့ သိရပါတယ်။ စက်မှုဇုန်က အထည်ချုပ် စက်ရုံအလုပ်သမားတွေရဲ့ အခြေခံလစာဟာ ပျမ်းမျှခြင်း တစ်သောင်းကျော် ပတ်ဝန်းကျင် ရရှိပြီး အိုတီ ခေါ် အချိန်ပိုကြေးနဲ့ဆိုရင် ၃ သောင်းကျော်လောက် ရရှိတယ်လို့သိရပါတယ်။
Myth အထည်ချုပ်စက်ရုံဟာ ကိုရီးယားနိုင်ငံက ရင်းနှီးမြှပ်နှံထားတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ် သြဂုတ်လက စတင်လည်ပတ်ခဲ့တာဖြစ်ပြီး အလုပ်သမား ၆၀၀ လောက်ရှိပါတယ်။
RFA
0 comments:
Post a Comment