စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Tuesday, June 19, 2012

၂၄ နှစ်ပြည့် ၁၉၈၈ (ဂျွန်)ကျောင်းသားလှုပ်ရှားမှု



၈လေးလုံး အရေးတော်ပုံကြီး ပေါ်ပေါက်လာဖို့ အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုအဖြစ်ပါဝင်ခဲ့တဲ့ ၁၉၈၈ (ဂျွန်) တစ်ပါတီစနစ် ဆန့်ကျင်ရေး ရန်ကုန်တက္ကသိုလ်ကျောင်းသားလှုပ်ရှားမှု ၂၄ နှစ်ပြည့် ငွေရတုအကြို နှစ်ပတ် လည် အခမ်းအနား တစ်ခုကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ဇွန်လ ၁၇ ရက်နေ့က ကျင်းပပြုလုပ် ခဲ့ပါ တယ်။ ဒီအခမ်းအနားကို မျိုးဆက်အသီးသီးက ကျောင်းသားခေါင်းဆောင်တွေ နိုင်ငံရေးအင်အားစုတွေ ၊NLD အဖွဲ့ဝင်တွေ ၊ သတင်းမီဒီယာတွေနဲ့ စိတ်ပါဝင်စားတဲ့ ပြည်သူတွေအပါအဝင် လူဦးရေ ၅၀၀ လောက်တက် ရောက်လာခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ဂျွန် လှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့ ကျောင်းသားတွေရဲ့ စိတ်နေစိတ်ထားကိုချီးမွန်းလိုက်သလို ကျောင်းသားခေါင်းဆောင် ကိုဆန်နီကလည်း ၁၉၈၈ ဂျွန် လှုပ်ရှားမှုအကြောင်းတွေကို အကျယ်တဝန်း ရှင်းလင်းပြောကြားခဲ့ပါတယ်။ ဒီအခမ်းအနားမှာ တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အအုံ ပြန်လည် ပေါ်ပေါက်ရေး ကိစ္စကို ဆွေးနွေး သွားခဲ့ကြသလို တက္ကသိုလ်ကျောင်းသား သမဂ္ဂအဆောက်အအုံ ပြန်လည်ပေါ်ပေါက်ရေး ယာယီကော်မတီ တရပ် ကိုလည်း ဖွဲ့စည်းခဲ့ကြပါတယ်။ ဒါ့အပြင် ၁၉၈၈ ဂျွန် ကျောင်းသားလှုပ်ရှားမှု ငွေရတုအခမ်းအနား ဖြစ်မြောက်ရေး ကော်မတီက အပိုဒ်ခွဲ ၁၀ ခုပါ သဘောထား ကြေငြာချက် တစ်စောင်ကိုလည်း ထုတ်ပြန် ခဲ့ပါသေးတယ်။



by BurmaVJ Media

0 comments: