စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, March 7, 2012

ပြည်သူအပေါ် ပွင့်လင်းမြင်သာမှု ရှိအောင် ကြိုးစားပါ တပ်မတော်သားတို့


တပ်မတော်သားဆိုတာ အထက်ကပေးတဲ့အမိန့်၊ တာဝန်၊ လိုက်နာတဲ့စည်းကမ်းနဲ့မပတ်သက်ပဲ ဥပဒေကိုမချိုးဖောက်တဲ့ အပြုအမူမှန်သမျှကို မိမိဆန္ဒအလျောက်လုပ်ပိုင်ခွင့်ရှိပါတယ်။ လက်ရှိတပ်မတော်ကို ဦးဆောင်နေတဲ့ ကာချုပ်ရဲ့အထက် သမ္မတ ကတောင် တလေးတစားလက်ဆွဲနှုတ်ဆက်နေတဲ့သူတစ်ယောက်ကို သာမန်တပ်မတော်သားတစ်ယောက်က ဆန္ဒအလျောက် နှုတ်ဆက်တဲ့ကိစ္စဟာ ပြစ်မှုမြောက်တယ်ဆိုရင် မြန်မာ့နိုင်ငံရေးမှာ တပ်မတော်က ဗီလိန်ပြန်ဖြစ်လာပါလိမ့်မယ်..။ ဘာ့ကြောင့်လဲဆိုတော့ တပ်မတော်သားလည်း ပါတီတစ်ခုခုကို မဲပေးပိုင်ခွင့် ထောက်ခံပိုင်ခွင့်ရှိတဲ့ ပြည်သူ ဆိုတဲ့ အ၀န်းအ၀ိုင်းထဲမှာ ပါဝင်နေလို့ပါပဲ..။

အဲဒီဓာတ်ပုံကို တပ်မတော်သားမဟုတ်ကြောင်း ဂျင်းဘောင်းဘီနဲ့ဖြစ်ကြောင်း online သုံးတဲ့ တပ်မတော်သားတွေ Admin လုပ်တဲ့ ဘလော့တွေထဲမှာ အသည်းအသန် ချေပရေးသားထားတာတွေလည်း တွေ့ရပါတယ်..။ အောက်က ဂျင်းဘောင်းဘီဟုတ်မဟုတ်နဲ့ တပ်မတော်သားဟုတ်မဟုတ် သုံးသပ်ချက်ကတော့ အောက်က ပုံမှာ မြင်ရတဲ့အတိုင်းပါပဲ..။

ထို့အတူပဲ သမ္မတရဲ့ မိန့်ခွန်းထဲမှာ ´´ကျွန်တော်ကိုယ်တိုင် တပ်မတော်ကို မိမိကိုယ်တိုင် ခုခံကာကွယ်ရုံ က လွဲပြီး ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ မလုပ်ဖို့ ညွှန်ကြားထားပြီးတဲ့ အနေအထားမှာ ဘာဖြစ်လို့ ပစ်ခတ်တိုက်ခိုက်မှုတွေ မရပ်သေးတာလဲဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကိုယ်တိုင် လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့တွေကို ဆက်လက် ညွှန်ကြားထားပြီးလည်း ဖြစ်ပါတယ်။´´

လို့ ထည့်သွင်းပြောရလောက်အောင် ဖြစ်ခဲ့တာက အမိန့်နာခံမှုဆိုတဲ့ တပ်မတော်သားတွေ အမွှမ်းတင်လေ့ရှိတဲ့ ဂုဏ်ပုဒ်တစ်ခုကို သံသယ၀င်စေပါတယ်။ ဒါပေမယ့် သမ္မတက တပ်မတော်ကို ဖေးမပြောကြားခဲ့တာတွေ့ရပါတယ်။ သေချာတာတစ်ခုက ယနေ့ထုတ် ပြည်တွင်းဂျာနယ်တွေအပါအ၀င် ပုံနှိပ်မီဒီယာနဲ့ ပုဂ္ဂလိက အစိုးရ ရုပ်မြင်သံကြားတွေမှာ ယနေ့အထိ ပြည်သူပေါင်းများစွာ သေကြေဒုက္ခရောက်နေတဲ့ တိုက်ပွဲသတင်းတွေကို ဖော်ပြခွင့်မရှိတာက တော်တော် အရုပ်ဆိုးတဲ့ ဖြစ်ရပ်လည်းဖြစ်သလို အဲဒီလို တပ်မတော်ရဲ့ ပွင့်လင်းမြင်သာမှုမရှိခြင်းကြောင့် တပ်မတော်ကို လူအမြင်ကတ်ပြီး ပြည်ပမီဒီယာတွေပြောသမျှကို တဖက်သတ်ယုံကြည်လာကာ သတင်းတွေကို ပိုမိုအားကိုးစေတဲ့အဖြစ်လည်း ဖြစ်ပါတယ်။

နောက်ဆုံးတစ်ချက်က ဂျပန်နိုင်ငံသားက မြန်မာအမျိုးသမီး ဟိုတယ်ဝန်ထမ်းကို ပါးရိုက်တဲ့ကိစ္စမှာ Online ထဲက တပ်မတော်သားအများစု FB ထဲမှာနဲ့ ဘလော့ဂ်တွေထဲမှာ ထူးထူးခြားခြား ၀ါဒဖြန့်ရေးခဲ့ကြတာတွေက ကာလုံ (အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ) က ထိုဂျပန်ကို ချက်ချင်းပဲ နယ်နှင်ဒဏ်ပေးလိုက်သလိုရေးခဲ့ကြပါတယ်။ ကာလုံ ကို အမွှမ်းတင်လိုက်တာပါ။ ဒါပေမယ့် ဒါတွေက သတင်းမှားတွေပါ။ တကယ့်အဖြစ်မှန်က အဲဒီဂျပန်ဘက်ကလည်း အပြန်အလှန်တရားစွဲပြီး အခုထက်ထိ နှစ်ဖက် အမှုဆိုင်နေကြတုန်းပါ။ အဲဒါကို ဘယ်လိုလုပ် ကာလုံက ရောက်လာသလဲတော့ မသိပါဘူ။ ဘယ်သူ့ရဲ့ လုပ်ဇာတ်လည်းမသိပေမယ့် တပ်မတော်သားအများစုပဲ admin လုပ်ပြီး ရေးခွင့်ရှိတဲ့ ဘလော့တွေထဲကလာတာတော့ သေချာပါတယ်..။

အရပ်သားတစ်ယောက်ရဲ့အပြုအမူကို မြင်တဲ့အမြင်နဲ့ ယူနီဖောင်းဝတ်ပြီး လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုကို ကိုယ်စားပြုထားတဲ့ တပ်မတော်သားတစ်ယောက်ရဲ့ အပြုအမူကို ပြည်သူနဲ့ ပတ်ဝန်းကျင်က မြင်တဲ့အမြင် မတူပါဘူး။ ယူနီဖောင်းဝတ်ထားပြီဆိုတာနဲ့ ကိုယ့်ရဲ့ အပြုအမူနဲ့ အယူအဆကို လွတ်လပ်စွာချပြခွင့်ရှိပေမယ့် ကိုယ်တစ်ယောက်ထည်းကို ကိုယ်စားမပြုပါဘူး။ ကိုယ့်နောက်က အဖွဲ့အစည်းကို ကိုယ်စားပြုသွားပါလိမ့်မယ်..။ ဒါက အရေးကြီးပါတယ်။ အခုလည်း ရဲဘော်လေးက အမေစုကို နှုတ်ဆက်တာကို ပြည်သူတွေက ငါတို့တပ်မတော်သားလို့ သြဘာပေးကြသလို အမေစုကို စစ်သားတစ်ယောက်က ကိုယ့်အယူအဆနဲ့ ဝေဖန်တိုက်ခိုက်မယ်ဆိုရင်းလည်း xxxxxx ဝေဖန်ကြပါလိမ့်မယ်။


ဘာ့ကြောင့်လဲဆိုတော့ လွတ်လပ်ရေးရပြီး ပြည်တွင်စစ်မီးတွေ၊ တရုတ်ဖြူအရေးတွေအပြီးမှာ ကျေးဇူးတင်ခံခဲ့ရတဲ့ တပ်မတော်ဟာ တိုင်းပြည်ကို ကာကွယ်ခဲ့ပေမယ့် နိုင်ငံတော်အာဏာကို စတင်ကို်င်တွယ်ချိန်က စပြီး ပြည်သူနဲ့ တိုင်းပြည်ဆင်းရဲစုတ်ပြတ်အောင် သက်ဦးဆန်ပိုင်ဆန်ဆန် လုပ်ခဲ့တာတွေ၊ နည်းမျိုးစုံနဲ့ နှိပ်ကွပ်ခဲ့တာတွေနဲ့ ပြည်နယ်ပြည်မ စစ်တွေတိုက်ပြီး ကွာခြားချက်ကြီးစွာ (သမ္မတကြီးကိုယ်တိုင် ၀န်ခံခဲ့တဲ့) ဖွံဖြိုးမှုနောက်ကျပြီး ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်နည်းပါးအောင် ဖန်တီးအုပ်ချုပ်ခဲ့တဲ့ အမည်းစက်က ဗမာအပါအ၀င် တိုင်းရင်းသားပြည်သူပေါင်းစုံရဲ့ရင်ထဲမှာ ယနေ့အထိ အနာဟောင်းတစ်ခုအဖြစ် ရှိနေသေးလို့ပါပဲ..။ အမှန်တော့ တပ်မတော်လည်း ပြည်သူထဲက ပေါက်ပွားလာတာပါပဲ..။ တပ်မတော်သားတွေရဲ့ ပွင့်လင်းမြင်သာရှိမှုကို ပြည်သူတွေအားလုံးက ယုံကြည်ချင်ပါတယ်..။ ယုံကြည်ဖို့လည်း စောင့်ဆိုင်းနေတယ်ဆိုတာ ... သိရှိစေချင်ပါတယ်..။

သန်းပေါင်းများစွာထောက်ခံအားပေးသောအမေစုအား.....လာရောက်နှုတ်ဆက်ယုံနှုတ်ဆက်သည့်...
စစ်သားငယ်တစ်ဦးအား အတုဖြစ်နိုင်ကြောင်းဝေဖန်သူများအတွက်.......

(ညာဘက်ကလက်မောင်းက ဂျီအီးတံဆိပ် (၇၅%)Sure ၊ဘယ်လက်မောင်းက ၅၅ ၊အိကျီလက်မောင်းခေါက်တဲ့ပုံစံ-စစ်သားများခေါက်နေကျတံတောင်ဆစ်ကျော်နေသည့်ပုံင်္စ၊(ညာလက်ကိုကြည့်ရင်ပိုသိသာတယ်)

ကျွန်တော်တို့အရပ်သားများအရပ်သားပုံစံမခေါက်ပါ၊ဆံပင်ညှပ်တာမပြောပါနဲ့

ဆံပင်ကိုတစ်ပတ်တစ်ခါအရာရှိတောင်ညှပ်လေ့မရှိကြောင်း၊အကျီလယ်ပင်းဟနေတာမရှိပါ

၊ကော်လံတံဆိပ် အမည်းပါ၊ဦးထုတ်ဘယ်ဘက်မှာကြယ်သီးတပ်ပါတယ်၊

တိုင်းချုပ်ထားတဲ့ယူနီဖေါင်းပုံစံပါ၊စစ်သားယူနီဖေါင်းကိုအရပ်သားယူဝတ်လာတဲ့ပုံမဟုတ်ကြောင်း၊

တပ်ကအရာရှိတွေကိုမေးလို့သိရပါတယ်)

Pa Yit

0 comments: