စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, March 7, 2012

ပြည်သူလူထုကို မေတ္တာရပ်ခံချင်တာကတော့....




ပြည်သူလူထုကို မေတ္တာရပ်ခံချင်တာကတော့ အပ္ပမာဒေထ သမ္မာဒေထ “သတိ” ကလေး မကွာဖို့ပါ။ အစိုးရဟာ ဒီမိုကရေစီ လို့အယောင်ဆောင် အရေခြုံပြီး အန်တီစုနဲ့ ၈၈ ခေါင်းဆောင်တွေကို လွှတ်ပေးလိုက်တာနဲ့ ခုလို လူထုစည်းဝေးဟောပြောခွင့်တွေပေးထားတာနဲ့ ပြောင်းသွားပြီ၊ ကောင်းသွားပြီ
ဦးဂမ္ဘီရ က ဆိုးလို့ကြမ်းလို့ ဖမ်းရတာပါ လို့ စိတ်တွေ ယိမ်းယိုင်တွေဝေ မသွား
ဖို့ လိုပါတယ်။

ဦးဂမ္ဘီရ ဆိုတာ ခင်ဗျားတို့တွေ ကြပ်တည်းဒုက္ခရောက်ချိန်မှာ မတရားမှုတွေကို မခံနိုင်လွန်းလို့ ရှေ့ကဦးဆောင်ပြီး ရွှေဝါရောင်တော်လှန်ရေးကို ဆင်နွှဲခဲ့တဲ့
သံဃာခေါင်းဆောင်ပါ။

မတရားမှုကို ကျူးလွန်ထားတဲ့သူတွေက ငပြူးက ပြဲတဲ့
လုပ်ရပ် မတရားသိမ်းပိုက်ထားတဲ့ မဂ္ဂင်ကျောင်းကို မခံနိုင်လွန်းလို့ မတရားမှုကို မခံနိုင်လွန်းလို့ သော့ခလောက်ရိုက်ချိုးဝင်တာ “ပြစ်မှု” ဖြစ်သလား မဖြစ်ဘူးလား သေချာ ဆင်ခြင်သုံးသပ်ကြပါ။
“ဥပဒေ” ခေါင်းစဉ်တပ်ရအောင် စစ်အုပ်စုတွေက ဘာတွေများ ဥပဒေနည်းလမ်း
တကျ ကျနော်တို့ပြည်သူလူထု ကို လုပ်ခွင့်ပေးခဲ့ပါသလဲ ဆိုတာ မေးခွန်းထုတ်ပါ။ နောက် အဲဒီ “ဥပဒေ” ဆိုတာလည်း ကျနော်တို့ စိတ်
တိုင်းကျ ရေးဆွဲထားတဲ့ ဥပဒေလား၊ ဘယ်သူတွေက ဘယ်လိုမျိုးရေးဆွဲပြီး ကျနော်တို့ကို ချုပ်နှောင်ထားတဲ့ ဥပဒေ ဆိုတာလား ဆိုတာ သည်းကွဲအောင်
ကြည့်ပါ။ “မအ”ပါနဲ့။ အာဏာရှင်တွေ စီစဉ်နေတာ ဒီမိုကရေစီကို တရစ်ချင်း
ပေးဖို့ မဟုတ်ဘူး။ ဒီမိုကရေစီ ကို အယောင်ပြပြီး အာဏာကို တရစ်ချင်း ပြန်ကိုင်ထားဖို့ဆိုတာ သေချာသုံးသပ်ရင် မြင်ရပါလိမ့်မယ်။
အဲဒီကြားထဲက အန်တီစု က အတင်းကို စွန့်စား ယုံကြည် လက်တွဲလုပ်ဆောင်
နေတာပါ။ ကျနော်တို့က သူ့အရင်းအနှီးကြီးလွန်းလို့ ရင်တမမနဲ့ သူ့ကြည်ညိုလေးစားစိတ်နဲ့ လိုက်နေရတာ။ ဒီအာဏာရှင်တွေရဲ့ ခြေလှမ်းတွေအချိုးတွေကိုတော့ မသိမရှိ၊ သိ ကြဖို့လိုပါတယ်။

ချိုတူးဇော်

0 comments: