စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Saturday, August 25, 2012

အစကကြိုသိခဲ့ ရင်လေ မစားခဲ့ ပါဘူး ခင်ရီရယ် ....

ယခုတစ်ပတ် အကြိုက်ဆုံး အသံဖိုင်.. ။ (သရော်စာ)

ဖန်တီးတဲ့သူကို ချီးကျူးပါတယ်..။
..................................................................





လ၀က မှာလုပ်ခဲ့ ရင်

ရခိုင်ပြည်နယ်မှာသာ နစက မှူးလုပ်ရင်

ကိုယ်ကျိုးမနဲလောက်ဘူးလို့  ထင်တာပါကွယ်

ဒီလိုမှန်းမသိလို့  လုပ်ခဲ့ မိတယ် ရေကြည်အိုင်မှာ

အောင်ကြီးတယောက်တော့ ဒုက္ခရောက်သွားတယ်

ရိုဟင်ဂျာဆိုတာ ချီးထုပ်တွေမှန်းသိရင် ၀န်ကြီးမဖြစ်ရင်လဲ နေပါစေကွယ်

ဒီလိုမှန်းမသိလို့  လုပ်ခဲ့ မိတယ် ရိုဟင်ဂျာရေ နင်တို့ လုပ်လို့ အဆဲလဲခံရတယ်

အတင်းအဖျင်းစုံရာ လူပေါင်းစုံ ဒီဖေ့ စ်ဘုတ်မှာ

မင်းတို့ သတင်းဆို အကုန်ဝိုင်းဆဲတာ ငါတွေ့ ဘူးတယ်

မှတ်ပုံတင်ဆိုတာ လ၀က ဘဲလုပ်နိုင်တဲ့ အရာ

ကြွားတယ်ထင်ထင် ရင်ထဲမှာကြည်နူးမိတယ်

စားကောင်းတဲ့ အချိန်ကဆိုတော့  ဂွတ်သလိုလိုဘဲ ခင်ရီရယ်

ခုများတော့ လဲ တွေးလေအသည်းနာရတယ်

ဖေ့ စ်ဘုတ်ထဲမှာ ၀ိုင်းဆဲကြပီဟယ်/ သောက်ရှက်ကြီးကို ဗြန်းဗြန်းကွဲပီကွယ်

ရိုဟင်ဂျာဆိုတာ ဘင်္ဂါလီကုလားမှန်းကို ဖေ့ စ်ဘုတ်ထဲမှာ ဖတ်လိုက်ရတယ်

ငွေတပုံကြီးပေးကြတော့  မိုက်မဲစွာ ယူစားလိုက်တယ်

နိုင်ငံသားကဒ်ကို ရုံးမှာ လုပ်ပေးလိုက်တယ်

အစကကြိုသိခဲ့ ရင်လေ မစားခဲ့ ပါဘူး ခင်ရီရယ်

သီရိမင်္ဂလာဈေးဟောင်း အနီးရှိ ရေထွက်မြောင်း ပိတ်ဆို့မှုကြောင့် အေးရှားဝေါလ် ကုမ္ပဏီကို ဆန္ဒပြ

စမ်းချောင်း၊ အလုံ၊ ကြည့်မြင်တိုင် သုံးမြို့ပေါင်းစီးဆင်းသည့် သီရိမင်္ဂလာဈေးဟောင်းအနီး၊ မြောင်းကြီးထိပ်ရေဆင်းမြောင်းကို အေးရှားဝေါလ်ဆိပ်ကမ်း မှ ကွန်ကရစ်များဖြင့် ပိတ်ဆို့ထားမှု ရှိနေသော ကြောင့် ရေများမစီးဆင်းနိုင်ဘဲ အနီးအနားရပ်ကွက်များသို့ လျှံထွက်ကာ ပေါင်လယ်ခန့်နစ်မြုပ်လျှက်ရှိသောကြောင့် အေးရှားဝေါလ်ဆိပ်ကမ်းကုမ္ပဏီရှေ့၌ ယခုညနေမှစတင်ကာ ဆန္ဒဖော်ထုတ် တောင်းဆိုနေကြသည့် ရပ်ကွက်နေ လူထုကို ယခု (သြဂုတ်လ ၂၄ ရက်) ည ၈ နာရီကျော်က တွေ့ရစဉ်။

ည ၈နာရီ ၁၅ မိနစ်၊ သြဂုတ် ၂၄၊ ၂၀၁၂၊ YPI

သီရိမင်္ဂလာဈေးဟောင်းအနီးရေထွက်မြောင်းကို အေးရှားဝေါလ် ဆိပ်ကမ်းမှကွန်ကရစ်ဘလောက်တုံးများဖြင့် ပိတ်ဆို့လိုက်ခြင်းကြောင့် အနီးရှိ လူနေရပ်ကွက် ရေလျှံလာပြီးနောက် ယနေ့ မွန်းလွဲ ၃နာရီမှစတင်ကာ အေးရှားဝေါလ် ကုမ္ပဏီကို လူရာနှင့်ချီ ဆန္ဒပြလျှက်ရှိသည်။

ရေမြောင်းဖွင့်ပေးရန် ဆန္ဒပြ ကြွေးကြော်နေကြသည့်ပြင် ည ၈ နာရီကျော်ဝန်းကျင်တွင် ခဲများဖြင့် ပစ်ပေါက်လျှက်ရှိသည်ကိုလည်း တွေ့ရကြောင်း ရောက်ရှိနေသည့် သတင်းထောက်က ပြောသည်။

ယနေ့ မွန်းလွဲပိုင်း မိုးရွာသွန်းပြီးနောက် အေးရှားဝေါလ် ဆိပ်ကမ်းအနီးရှိ ရပ်ကွက်နှင့် လမ်းများ ရေကြီးလာရာ ရေထွက်မြောင်း ပိတ်ဆို့လိုက်သည့် အေးရှားဝေါလ် ကုမ္ပဏီ အား ရပ်ကွက်ခံများက လူစုလူဝေးဖြင့် ဆန္ဒပြခဲ့ကြရာ ယခုည ၈နာရီကျော်သည်အထိ လူရာနှင့်ချီရှိနေဆဲ ဖြစ်သည်ဟု YPI သတင်းထောက်က သတင်းပေးပို့သည်။

ဆန္ဒပြမှု ဖြစ်ပွားသည့်နောက်ညနေ ၅ နာရီဝန်းကျင်မှ စတင်ကာ အေးရှားဝေါလ် ဆိပ်ကမ်းမှ ကွန်ကရစ်တုံးများအား ဖယ်ရှားနေခဲ့သည်။ သို့ရာတွင် ဆန္ဒပြသူ လူစုလူဝေးမှာ တဖြည်းဖြည်း များပြားလာကာ ည ၈ နာရီဝန်းကျင်အချိန်တွင် လူ ၁ ထောင်နီးပါးရှိသည်ဟု YPI သတင်းထောက်က ပြောသည်။

အေးရှားဝေါလ် ကုမ္ပဏီမှ ယင်းရေထွက်မြောင်းကို မည်သည့်အကြောင်းကြောင့် ပိတ်ဆို့လိုက်သည်ဟု မသိရှိရသော်လည်း ကုန်သေတ္တာတင်ကားများ ၀င်ထွက်နိုင်ရန် ဖြစ်သည်ဟု ရပ်ကွက်နေသူ တဦးက ဆိုသည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ ကြားဝင်ညှိနှိုင်း၊ အေးရှားဝေါလ် ဆိုက် တာဝန်ခံ ရပ်ကွက်နေ လူထုအား တောင်းပန်

ည ၁၀နာရီ ၅ မိနစ်၊ သြဂုတ် ၂၄၊

ဆန္ဒပြနေသည့် လူအုပ်နှင့် အေးရှားဝေါလ် ဆိပ်ကမ်း တို့အကြား ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ ကြားဝင် ညှိနှိုင်းပြီး မကြာမီ အေးရှားဝေါလ် ဆိုက် တာဝန်ခံ ဖြစ်သူက ထွက်၍ ရပ်ကွက်နေ လူထုအား တောင်းပန်စကားပြောဆို ကြောင်း နောက်ဆုံး သတင်းများအရ သိရှိရသည်။




ဓါတ်ပုံ - ကိုတင်ဝင်း ( ဒဂုံတက္ကသိုလ် )


အေးရှားဝေါလ် ဆိပ်ကမ်း ဆန္ဒပြမှု ည ၁၀နာရီ ၁၃ မိနစ်တွင် လူစုကွဲပြီ

ည ၁၀နာရီ ၁၅ မိနစ်၊ သြဂုတ် ၂၄၊ YPI

အေးရှားဝေါလ် ဆိပ်ကမ်း မှ ဆိုက်တာဝန်ခံက ရပ်ကွက်နေ လူထုအားတောင်းပန်ပြီး မိနစ်အနည်းငယ် အကြာတွင် ဆန္ဒပြလူအုပ်မှာ လူစုကွဲသွားပြီဖြစ်၍ လာရောက်ကြားဝင် ဖြေရှင်းပေးသည့် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များလည်း ပြန်ထွက်ခွာရန် ပြင်ဆင်နေကြပြီဖြစ်သည်။

Wednesday, August 22, 2012

သတင်းလွတ်လပ်ခွင့်ကော်မတီ၏သတင်းထုတ်ပြန်ချက် ၃/ ၂၀၁၂




၁။ The Voice Weekly ၊ Envoy News ဂျာနယ် ၊ လျှပ်တပြက် ဂျာနယ်တို့ကို ပြန်လည်ထုတ်ဝေခွင့်ပေးခြင်းနှင့်စာပေစိစစ်ရေး မူဝါဒအချို့ကို ဖြေလျှော့ခြင်းများ အတွက် သတင်းလွတ်လပ်ခွင့်ကော်မတီက သတိကြီးစွာ ကြိုဆိုအပ်ပါသည်။

၂။ဒီမိုကရေစီပြုပြင်ပြောင်းလဲခြင်းနှင့် အချိုးညီစွာ ပေါ်ပေါက်လာရမည့် သတင်းလွတ်လပ်ခွင့်အတွက် အတားအဆီးသဖွယ်ဖြစ်နေသော The Voice Weekly နှင့် လျှပ်တပြက် ဂျာနယ်တို့အား တရားစွဲဆိုထားခြင်းများကိုလည်း အမြန် ရုတ်သိမ်းသွားမည်ဟု မျှော်လင့်ယုံကြည်ပါသည်။

၃။ဆက်လက်၍ ကျင့်ဝတ်နဲ့အညီ ရေးသားဖော်ပြသည့် သတင်းမီဒီယာများ အပေါ် တရားစွဲဆိုခြင်းများနှင့် မီဒီယာလွတ်လပ်ခွင့်ကို ထိန်းချုပ်ထားသည့် ၁၉၆၂ ပုံနှိပ် အက်ဥပဒေ ၊ အီလက်ထရောနစ်အက်ဥပဒေကိုလည်း ဖျက်သိမ်းသွားရန် သတင်းလွတ်လပ်ခွင့်ကော်မတီက ဆက်လက်ကြိုးပမ်း အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။

၎။သြဂုတ်လ ၂၄ ရက်နေ့ တော်ဝင်နှင်းဆီတွင် ကျင်းပပြုလုပ်ရန် ကြေညာထားသည့် သတင်းလွတ်လပ်ခွင့်ကော်မတီ၏ သတင်းစာရှင်းလင်းပွဲကို ယာယီရွှေ့ဆိုင်းလိုက်ပါသည်။

(အထူးမှတ်မှတ်ချက်- သြဂုတ်လ ၂၃ ရက်နေ့ နံနက် ၁၀နာရီ၌ ဒဂုံမြို့နယ် တရားရုံးတွင် The Voice Weekly ဂျာနယ်တရားရုံးချိန်းနှင့် သြဂုတ်လ ၂၄ ရက်နေ့ နံနက် ၁၁နာရီ ပုဇွန်တောင်မြို့နယ် တရားရုံးတွင် လျှပ်တပြက်ဂျာနယ် တရားရုံးချိန်းသို့ သွားရောက်သတင်းယူကြမည့် သတင်းသမားများအနေဖြင့် တရားရုံးပရ၀ုဏ်အတွင်းသို့ လုံးဝ (လုံးဝ)၀င်ရောက်ခြင်းမပြုဘဲ တရားရုံးဧရိယာပြင်ပမှသာ သတင်းယူကြပါရန်။)

သတင်းလွတ်လပ်ခွင့်ကော်မတီ
ရန်ကုန်မြို့။

ကမ္ဘာမှာ သဘာဝဘေးအန္တရာယ် ကျရောက်မှုကြောင့် ပျက်စီးဆုံးရှုံးမှု အဆိုးဝါးဆုံး ၁၀ နိုင်ငံထဲမှာ မြန်မာနိုင်ငံဟာ နံပါတ် ၄ နေရာမှာ ရှိနေ


ကမ္ဘာမှာ သဘာဝဘေးအန္တရာယ် ကျရောက်မှုကြောင့် ပျက်စီးဆုံးရှုံးမှု အဆိုးဝါးဆုံး ၁၀ နိုင်ငံထဲမှာ မြန်မာနိုင်ငံဟာ နံပါတ် ၄ နေရာမှာ ရှိနေကြောင်း ဗြိတိန်နိုင်ငံ လန်ဒန်မြို့ အခြေစိုက် Maplecroft သုတေသနဌာနက သတိပေးလိုက်ပါတယ်။

မြန်မာ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ် နဲ့ ဖီလစ်ပိုင်နိုင်ငံတွေ အပါအ၀င် ၁၀ နိုင်ငံဟာ ရေကြီးတာ၊ မြေငလျင်လှုပ်တာ၊ မုတ်တိုင်းတိုက်ခတ်တာတွေ ကို အဆိုးဝါးဆုံး ခံရနိုင်တယ်လို့ မေပယ်လ်ခရော့ဖ်အဖွဲ့ ပြောထားတာပါ။

သဘာဝဘေးအန္တရာယ်တွေ မကြာခဏ ကျရောက်တာကြောင့် သက်ဆိုင်ရာ တိုင်းပြည်တွေက ကုန်သွယ်ရေး၊ ဘဏ်လုပ်ငန်း နဲ့ စီးပွားရေး အချက်အချာ
ကျတဲ့ မြို့ကြီးတွေက လုပ်ငန်းလည်ပတ်မှုတွေ၊ စီးပွားရေး အဆောက်အအုံတွေ ပျက်စီးဆုံးရှုံးမှုလည်း များမှာဖြစ်တယ်လို့ သဘာဝဘေးအန္တရာယ် နဲ့ စီးပွားရေးဆုံးရှုံးမှု ဆက်စပ်မှုတွေ ရှိနေတာကို
လည်း သတိပေးထားပါတယ်။

မြန်မာ အပါအ၀င် အခုသတိပေးခံထားရတဲ့ နိုင်ငံတွေဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စ နိုင်ငံတွေလည်း ဖြစ်တာကြောင့် နိုင်ငံတကာ
ရင်းနှီးမြှပ်နှံမှုတွေလည်း များလာနေသလို၊ တစ်ချိန်တည်းမှာလည်း သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေကိုလည်း ထည့်သွင်းတွက်ချက်ထားကြဖို့ကို သတိပေးထားပါတယ်။

ဒါ့အပြင် အဲဒီနိုင်ငံတွေမှာ သဘာဝဘေးအန္တရာယ် ကျရောက်မှုကြောင့်
ဖြစ်လာမယ့် ဆိုးကျိုးတွေကို ကာကွယ်တားဆီးနိုင်ဖို့ ကြိုတင်ပြင်ဆင်မှု အားနည်းနေတာကိုလည်း တွေ့ရတယ်လို့ ဖေါ်ပြထားပါတယ်။

ဒီအတောအတွင်း မြန်မာနိုင်ငံ အောက်ပိုင်း ဧရာဝတီ ပဲခူး ကရင် နဲ့ မွန်ပြည်နယ်တွေမှာ နှစ်ပတ်ကျော်ကြာ ဆက်တိုက်မိုးကြီးတာကြောင့်
ရေလွှမ်းမိုးမှုတွေ ဖြစ်နေပြီး စပါးစိုက်ခင်း နဲ့ မွေးမြူရေး လုပ်ငန်းတွေ ပျက်စီးဆုံးရှုံးတာတွေများနေတယ်လို့ ကုလသမဂ္ဂက သတိပေး
လိုက်ပါတယ်။ ဧရာဝတီတိုင်း တစ်ခုတည်းတင် ကျေးရွာပေါင်း ၁၆၈ ရွာ ရေနစ်မြုပ်နေပြီး လူဦးရေ ခုနှစ်သောင်းကျော် ရေဘေး
ဒုက္ခသည်တွေဖြစ်နေတယ်လို့ ကုလသမဂ္ဂ အေဂျင်စီဖြစ်တဲ့ OCHA က မနေ့က ပြောပါတယ်။

RFA

ရခိုင်ပြည်နယ်အရေးအား အပြည်ပြည်ဆိုင်ရာ ပြဿနာတစ်ရပ် အဖြစ် ပုံဖော်ရန် ကြိုးပမ်း လုပ်ဆောင်မှုများကို မြန်မာနိုင်ငံအနေဖြင့် လက်ခံမည် မဟုတ်ကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာနမှ သတင်းထုတ်ပြန်


အဘရေ အဘတို့ နောက်ကျတယ်ဗျ..။

အရင်ကတည်းကဖြစ်သင့်တယ်..။

အကူငွေတွေ လက်ခံထားပြီချိန်မှတော့ နောက်ကျနေပါပြီ..။

ကြေညာချက်ကို ထောက်ခံပါတယ်..။

ဒါပေမယ့်
ပြည်တွင်းက သက်ဆိုင်ရာ တာဝန်ရှိသူတွေထဲမှာ မီဒီယာလွှမ်းမိုးမှုကြောင့်ဖြစ်ပ်ါလာတဲ့ အကျိုးဆက်တွေ၊ နိုင်ငံတကာအဖွဲ့အစည်း အထူးသဖြင့် (OIC) လို အဖွဲ့အစည်းမျိုးရဲ့ အကြောင်းအရာနဲ့ အရေးပါမှု၊ Diplomacy ကစားကွက်တွေ၊ ပြည်ပ INGO အသိုင်းအ၀ိုင်းတွေရဲ့ ခြေလှမ်းတွေ ပေါက်ရောက်မှုတွေကို ထဲထဲဝင်ဝင် လေ့လာနိုင်စွမ်းရှိတဲ့ပုဂိုလ်နဲ့ ပညာရှင်တွေ အားနည်းတယ်လို့ယူဆပါတယ်..။

မိမိတို့နိုင်ငံ အစိုးရမှာ နိုင်ငံတကာဆက်ဆံရေးနဲ့ပတ်သက်တဲ့ ပညာရှင်တွေ အများကြီးလိုနေပြီဆိုတာ.. သက်သေပြလိုက်သလိုပါပဲ..။

ဒီလို အလားတူသဘောထားရှိတဲ့ စကားမျိုးကို ၈၈ မျိုးဆက်ခေါင်းဆောင် ကိုကိုကြီးပြောသွားတာ တစ်လလောက်ရှိပါပြီ..။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဆန်ဖရန်စစ္စကို (ဘေးဧရိယာ) မြန်မာမိသားစုများ တွေ့ဆုံပွဲကျင်းပမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခြင်း


နေ့စွဲ – ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၁ ရက်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၂ ခုနှစ် စက်တင်ဘာလအတွင်း အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိမည်ဖြစ်ပြီး အဆိုပါခရီးစဉ်အတွင်း မိမိတို့ ဆန်ဖရန်စစ္စကို (ဘေးဧရိယာ) သို့ ကြွရောက်ကာ ဒေသခံ မြန်မာတိုင်းရင်းသားမိသားစုများနှင့် တွေ့ဆုံမည် ဖြစ်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဆန်ဖရန်စစ္စကို (ဘေးဧရိယာ) မြန်မာမိသားစုများ တွေ့ဆုံပွဲကို စက်တင်ဘာလ ၂၉ ရက်နေ့ နံနက် ၉း၁၅ နာရီမှ ၁၀း၄၅ နာရီအထိ ကျင်းပမည်ဖြစ်ပါသည်။ ကျင်းပမည့်နေရာ ကို ဆက်လက်သတင်းထုတ်ပြန်မည်ဖြစ်ပြီး http://suu-sf.blogspot.com တွင်လည်း အခမ်းအနားနှင့် ပတ်သက်သည့် အကြောင်းအရာများကို သွားရောက်ကြည့်ရှုနိုင်ပါသည်။ တွေ့ဆုံပွဲ စနစ်တကျ ကျင်းပနိုင်ရန်နှင့် မြန်မာမိသားစုအားလုံး အဆင်ပြေချောမွေ့စွာ တက်ရောက်နိုင်ရန် ဖိတ်ကြားရေးဆိုင်ရာ အလုပ်အဖွဲ့သို့ ဆက်သွယ် စာရင်းပေးနိုင်ပြီဖြစ်ပြီး အားလုံး၏ ကူညီ ပံ့ပိုးမှုများကိုလည်း လှိုက်လှဲစွာ ကြိုဆိုလျက်ရှိပါသည်။
ဒေသခံ စိတ်ပါဝင်စားသူများအနေဖြင့် သက်ဆိုင်ရာဒေသများရှိ သတင်းပြန်ကြားရေးအဖွဲ့ဝင်များကို ဆက်သွယ် စုံစမ်းနိုင်ကြပြီး သတင်းမီဒီယာများအနေဖြင့် ကိုတိုးလွင် (၄၁၅ ၄၂၄ ၅၈၁၁ ) နှင့် ကိုဝေဖြိုး (၄၁၅ ၅၇၇ ၆၅၀၅) တို့ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ။

သတင်းပြန်ကြားရေးအဖွဲ့
တွေ့ဆုံပွဲကျင်းပရေးကော်မတီ
ဆန်ဖရန်စစ္စကို (ဘေးဧရိယာ)

SF Suu Event Press Release No # 2

မိုးထိမိုးမိမှာ လူမိုက်အင်အား ၂၀၀ သောင်းကျန်


မိုးထိမိုးမိ ရွှေလုပ်သားတွေ နေပြည်တော် သမ္မတအိမ်အရောက် ချီတက်ဆန္ဒဖော်ထုတ်ခဲ့လို့ ၁၄.၆.၂၀၁၂ ရက်နေ့ ရွှေ မြင်တင်ဘုရားမှာ အချက် (၆) ချက်ပါစာချုပ်ကို ရွှေလုပ်သားတွေနဲ့ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီတို့ ချုပ်ဆိုခဲ့ ကြပြီး ရွှေလုပ်သားတွေဘက်က နေပြည်တော်အရောက် ချီတက်ဆန္ဒထုတ်ဖော်မှုကို ရပ်ဆိုင်းခဲ့ကြတယ်။

စာချုပ်ချုပ်ဆိုပြီးနောက်ပိုင်းမှာတော့ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီဘက်က စာချုပ်ပါအချက်တွေကို မလိုက် လျောတဲ့အပြင် ရွှေလုပ်သားတွေကို ဖမ်းဆီးအရေးယူတာ၊ ခြိမ်းခြောက်တာတွေ လုပ်လာပြီး၊ လက်နက်တွေကိုင် ဆောင် တာ၊ ဆိုင်ကယ်ကယ်ရီတွေကို ပေးမတတ်တာ၊ စာချုပ်ပါအချက်တွေကို ဖောက်ဖျက်ပြီး အမိန့်အမျိုးမျိုးထုတ်ပြန်တာတွေ ကို ပြုလုပ်လျှက်ရှိပါတယ်။

ယခုအခါ အမျိုးသားကြီးပွားတိုးတက်ရေးအုပ်စုကုမ္ပဏီ လီမီတက်နဲ့ မန်ဘာ ဦးဆန်နီတို့က မိုက်ကယ် (လူမိုက်) အင် အား ၂၀၀ နီးပါးကို အသုံးပြုကာ ရွှေတွင်းအလုပ်သမားအရေးကို ကူညီဆောင်ရွက်နေတဲ့ ကိုမောင်မောင်လတ်ကို ဖမ်း ဆီးရန်ပြုလုပ်နေပါတယ်။

မိုးထိမိုးမိ ရွှေတွင်းလုပ်သားတွေရဲ့ အရေးကို ကူညီဆောင်ရွက်ပေးနေတဲ့ နိုင်ငံရေးအကျဉ်းသား မိသားစုများ အကျိုး ဆောင်ကွန်ယက်မှ ပြောခွင့်ရသူတဦးက …

“ကိုမောင်မောင်လတ်နဲ့ ရွှေတွင်းလုပ်သားတွေက ပြဿနာများကိုပြေလည်အောင် ဆောင်ရွက်နေတာဖြစ်ပါ ဒါကို အမျိုး သားကြီးပွားတိုးတက်ရေးအုပ်စု ကုမ္ပဏီလီမီတက်ဘက်က တိုက်ခိုက်တာတွေ လုပ်လာတာကို ချက်ချင်း ရပ်တန့်ပေးဖို့နဲ့ ဒီလိုမှမဟုတ်ဘဲ ဆက်လက်လုပ်ဆောင်နေအုံးမယ်ဆိုရင်တော့ အမျိုးသားကြီးပွားတိုးတက်ရေးအုပ်စု ကုမ္ပဏီလီမီတက် က ဖြစ်လာတဲ့ ပြဿနာတွေကို တာဝန်ယူရမှာ ဖြစ်ပါတယ်”

ကိုမောင်မောင်လတ် ဟာ (ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုယာယီအလုပ်အမှုဆောင် ကော်မ တီ တာဝန်ခံ ၈၈ ကျောင်းသားဟောင်း) ဖြစ်ပါတယ်။ ၁.၆.၂၀၁၂ ရက်နေ့ မိုးထိမိုးမိတောင်ပေါ်ရှိ အမျိုးသားကြီးပွားတိုး တက်ရေးအုပ်စု ကုမ္ပဏီလီမီတက် (စခန်းကြီး) ရှေ့မှစတင်ပြီး ရွှေလုပ်သားတွေနဲ့အတူ ဆန္ဒဖော်ထုတ်ခဲ့ကာ ယနေ့အချိန် ထိ မိုးထိမိုးမိတောင်ပေါ်မှာ ရွှေလုပ်သားတွေနဲ့အတူ တသားတည်းနေပြီး ရွှေလုပ်သားတွေရဲ့ အခွင့်အရေးတွေကို ဆက် လက်တောင်းဆိုမှု ပြုလုပ်လျှက်ရှိပါတယ်။




ပေးပို့ .. နိုင်ငံရေးအကျဉ်းသားမိသားစုများ အကျိုးဆောင်ကွန်ယက်


ဦးအောင်သိန်းလင်း အမတ်ဖြစ်မှ ရုတ်သိမ်းပေးရန် ကော်မရှင်ကို တင်တော့မည်

ဦးအောင်သိန်းလင်း


တောင်ဥက္ကလာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်း လွှတ်တော် ကိုယ်စားလှယ် အဖြစ်မှ ရုတ်သိမ်းပေးရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ သောကြာနေ့တွင် တင်ပြသွားမည်ဟု အဆိုပါ လှုပ်ရှားမှုကို ဦးဆောင်သူ ဦးမင်းအောင်က ပြောသည်။

ထိုသို့ ကန့်ကွက်စာ တင်ရန်အတွက် ဇူလိုင် ၂၈ ရက်နေ့က စတင်သော သဘောထား လက်မှတ်ကောက်ယူမှုတွင်
တောင်ဥက္ကလာ မဲဆန္ဒရှင် ၁,၃ဝဝ က လက်မှတ်ရေးထိုးပြီး ဖြစ်သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၉၆ (ခ)အရ လွှတ်တော်ကိုယ်စားလှယ်တဦးကို တာဝန်မှ ပြန်လည် ရုပ်သိမ်းလိုပါက သက်ဆိုင်ရာ မဲဆန္ဒနယ်မှ မဲဆန္ဒရှင် ၁ ရာခိုင်နှုန်း လက်မှတ်ရေးထိုးရမည် ဖြစ်သည်။ တောင်ဥက္ကလာမြို့နယ်တွင် ၂ဝ၁ဝ ခုနှစ်၊ ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ ၈ဝ,ဝဝဝ ကျော်ရှိခဲ့ပြီး ယခုရရှိထားသော လက်မှတ်သည် မဲပေးခွင့်ရှိသူ၏ ၁.၆၃ ရာခိုင်နှုန်း ဖြစ်သည်။

ထိုသို့ ဦးအောင်သိန်းလင်း အား ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရုတ်သိမ်းပေးရန် တောင်းဆိုမှုသည် Southern Weekend China သတင်းစာနှင့် ဦးအောင်သိန်းလင်းတို့ တွေ့ဆုံမေးမြန်းမှုအတွင်း မြစ်ဆုံဆည် စီမံကိန်းဆိုင်းငံ့ထားမှုအပေါ် သဘောမတူမှုနှင့် ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ပါတီကို ထောက်ခံသော
ပြည်သူများအား Crazy ဟူသည့် အသုံးအနှုန်း ပါရှိလာရာမှ စတင်ခဲ့ခြင်း ဖြစ်သည်။

ဝေဖန်မှုများ များပြားလာပြီးနောက် ကြံ့ခိုင်ရေးပါတီက ဦးအောင်သိန်းလင်း အား ပါတီတွင် ထမ်းဆောင်နေသော တိုင်းတာဝန်ခံ ရာထူးနေရာတွင် တနင်္သာရီတိုင်းမှ ဦးမောင်မောင်သိမ်း အား အစားထိုးခန့်အပ်ခဲ့သည်။ ပါတီ၏ ဗဟိုအလုပ်မှုဆောင် နေရာတွင်မူ ဆက်လက်ရှိနေဆဲ ဖြစ်သည်။

ရန်ကုန် (မဇ္ဈိမ) 

တောင်သူလယ်သမားအရေး ကူညီမည့် ကော်မတီ NDF ဖွဲ့စည်း


တောင်သူလယ်သမားများအရေးအား လွှတ်တော်သို့ တင်ပြပေးနိုင်မည့် ‘တောင်သူ လယ်သမားရေးရာ ဗဟို လုပ်ငန်းကော်မတီ’ ကို အမျိုးသား ဒီမိုကရေစီအင်အားစု NDF ပါတီက ဗုဒ္ဓဟူးနေ့တွင် ဖွဲ့စည်းလိုက်ကြောင်း ပါတီခေါင်းဆောင် ဒေါက်တာသန်းငြိမ်း က ပြောသည်။

သီးနှံများ ရောင်းချရန် ခိုင်မာသော ဈေးများ ရှိရေး၊ အတိုး သက်သာသော ချေးငွေ ရရှိရေး၊ အတိုးမဲ့ နှစ်ရှည်ချေးငွေများ ရရှိရေး၊ အရည်သွေးမီသော ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေးနှင့် နည်းပညာ၊ စက်ကိရိယာများ ရရေး၊ အချိန်နှင့်တပြေးညီ သိသင့်သိထိုက်သော သတင်းအချက်အလက်များ ရရှိရေး၊ လယ်မြေသုံး စက်ကိရိယာများ မောင်းနှင်မှု ပြင်ဆင်မှုတို့
ပြုလုပ်နိုင်ရန် တောင်သူတို့အတွက်အခမဲ့ စက်ပြင်သင်တန်းများ တက်ခွင့်ရရှိရေး စသည်အချက် ၈ ချက်ကို လွှတ်တော် သို့ တင်ပြမည်ဟု ဆိုသည်။

ဗုဒ္ဓဟူးနေ့က ရန်ကုန်မြို့ City Star Hotel တွင် ပြုလုပ်သည့် အခမ်းအနားတွင် “တောင်သူများ လယ်မြေသိမ်းခံရမှု လယ်မြေများရေကြီးနစ်မြုပ်မှု၊ ထွက်ရှိလာသော သီးနှံများ ဈေးကောင်းရရှိရန်မှာ ပြည်သူတရပ်လုံးနှင့် သက်ဆိုင်ပြီး မတရားသိမ်းဆည်းခံ မြေယာပြဿနာများကို လွှတ်တော် မြေယာပြဿနာ ဖြေရှင်းရေး ကော်မရှင်နှင့် ပူပေါင်း
ဖြေရှင်းရန်” ဟု ကော်မတီ ဖွဲ့စည်းခြင်း ရည်ရွယ်ချက်ကို ဒေါက်တာသန်းငြိမ်း က ပြောကြားသွားသည်။

ထိုအခမ်းအနားသို့ တောင်သူလယ်သမားများအရေး ဆောင်ရွက်ပေးနေကြသည့် ပဲခူးတိုင်း လမ်းပြကြယ်အဖွဲ့မှ ဦးအေးမြင့်၊ ကချင်ပြည်နယ်မှ ဒေါ်ဘောက်ဂျာ တို့လည်း တက်ရောက်ခဲ့ကြသည်။

ဇွန်လကုန်ပိုင်းကလည်း မွန်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်း တို့မှ လယ်သမား ၁ဝဝ ကျော်ခန့်က လယ်မြေများ သိမ်းယူခံရခြင်း အပါအဝင်၊ လယ်ယာလုပ်ငန်း လုပ်ကိုင်ရာတွင် တွေ့ကြုံနေကြရသည့် အခက်အခဲများကို NDF ပါတီသို့ လာရောက်တင်ပြခဲ့ကြဖူးသည်။

ရန်ကုန် (မဇ္ဈိမ) 

အင်ဒို ဒု-သမ္မတဟောင်း ရခိုင်ပြည်နယ်အရေး လာရောက်လေ့လာမည်

အင်ဒိုနီးရှား ဒု-သမ္မတဟောင်း ဂျူဆုဖ်ကာလာ (wikipedia.org)

အင်ဒိုနီးရှားနိုင်ငံ ဒုတိယ သမ္မတဟောင်း ဂျူဆုဖ် ကာလာ Jusuf Kalla သည် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် လူထုအဖွဲ့ပဋိပက္ခများနှင့်ပတ်သက်၍ အကူအညီပေးရန် အထူးကိုယ်စားလှယ် အဖြစ် မြန်မာနိုင်ငံသို့ စက်တင်္ဘာလအတွင်း ထပ်မံလာရောက်မည် ဖြစ်သည်။

သမ္မတ ဆူစီလို ဘမ်ဘန်း ယူဒိုယိုနို Susilo Bambang Yudhoyono ၏ တာဝန်ပေးမှုအရ ဂျူဆုဖ် ကာလာ အနေနှင့် ရခိုင်ပြည်နယ်အရေး အင်ဒိုနီးရှား ကိုယ်စားလှယ်အဖွဲ့အား ဦးဆောင်၍ စက်တင်္ဘာလ ၈ ရက်နေ့တွင် လာရောက်မည်
ဖြစ်သည်။

ဂျူဆုဖ် ကာလာ သည် သြဂုတ်လ ၁ဝ ရက်နေ့ကလည်း မြန်မာသမ္မတ ဦးသိန်းစိန်နှင့် ရခိုင်ပြည်နယ်အရေး တွေ့ဆုံ
ဆွေးနွေးခဲ့ဖူးပြီး ထိုစဉ်က OIC ၏ ကိုယ်စားလှယ်အဖြစ် လာရောက်ခဲ့ခြင်းဖြစ်ပြီး ရိုဟင်ဂျာ ဒုက္ခသည်စခန်းများသို့ OIC ၏ ‘အရေးပေါ် အကူအညီ’များ ပေးအပ်နိုင်ရန် ဆောင်ရွက်ခဲ့ဖူးသည်။

“ပုဂ္ဂိုလ်ရေး ပဋိပက္ခ အသွင်ဖြင့် စတင်ခဲ့ပြီးနောက် နိုင်ငံရေး ပဋိပက္ခ္ခ အသွင် ဆောင်လာကာ နောက်ပိုင်းတွင် လူမျိုးရေး ပဋိပက္ခအသွင်
ပြောင်းသွားခဲ့ပြီး (နောက်ဆုံးတွင်) ဘာသာရေး ပဋိပက္ခတခု ဖြစ်လာ
လိမ့်မည်” ဟု ဂျူဆုဖ် ကာလာ က ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများနှင့်ပတ်သက်၍ ၎င်း၏ ထင်မြင်ချက်ကို ရေဒီယို သြစတြေးလျသို့ပြောဆိုခဲ့သည်။

မြန်မာ အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန၏ အင်္ဂါနေ့ ထုတ်ပြန်ချက်တွင်
“ အဆိုပါ အကြမ်းဖက်မှုများမှာ မတူကွဲပြားကြ သည့် ဘာသာ(၂)ခု အကြား ဖြစ်ပွားသော ပဋိပက္ခ မဟုတ်သလို၊ လူသားချင်း စာနာ
ထောက်ထားမှုဆိုင်ရာ ပြဿနာ လည်း မဟုတ်ကြောင်း” ဖော်ပြပါရှိပြီး “ပြည်နယ်တစ်ခုအတွင်း လူ့အဖွဲ့အစည်း အစိတ်အပိုင်းနှစ်ရပ်အကြား ရာဇဝတ်မှု တခုကို အကြောင်းပြု၍ နောက်ဆက်တွဲ ဖြစ်ပွားသော အကြမ်းဖက်မှုများသာ ဖြစ်သည်” ဟု သုံးသပ်ထားသည်ကို ဗုဒ္ဓဟူးနေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိသည်။။

အင်ဒိုနီးရှား ကြက်ခြေနီအဖွဲ့ အပါအဝင် နိုင်ငံတကာ များနှင့် ကုလသမဂ္ဂ လူသားချင်း စာနာ အကူအညီပေးရေး အဖွဲ့များကို ရခိုင်ပြည်နယ်အတွင်းရှိ ဒုက္ခသည် ၇ဝ,ဝဝဝ ခန့်အတွက် အကူအညီများ ပေးခွင့် ပြုထားသည်။

သို့သော် ထိုသို့ နိုင်ငံတကာ INGO များနှင့် ကုလအဖွဲ့များ၏ ရခိုင်တိုင်းရင်းသားများအပေါ် ခွဲခြားဆက်ဆံမှုများနှင့် ပတ်သက်၍ ရန်ကုန်မြို့တွင် ရခိုင်တိုင်းရင်းသားများက ကန့်ကွက် ဆန္ဒပြပွဲတရပ် ပြုလုပ်ခဲ့ကြသည်။

ရခိုင်ပြည်နယ်အတွင်းသို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီးယား၊ လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသ မစ္စတာ ကွင်တားနား၊ တူရကီ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အာမတ်ဒါဂူတိုဂလူ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ OIC ကိုယ်စားလှယ်အဖွဲ့နှင့် အင်ဒိုနီးရှား ကြက်ခြေနီအဖွဲ့ ဥက္ကဋ္ဌ ဂျူဆုဖ် ကာလာ တို့အား အစိုးရက တရားဝင် သွားရောက်လေ့လာခွင့် ပြုခဲ့ပြီး လာရောက်ရန် အဆိုပြုထားသည့် OIC အတွင်းရေးမှူးချုပ် အားလည်း ခွင့်ပြုထားကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

နယူးဒေလီ (မဇ္ဈိမ)

Tuesday, August 21, 2012

ဧရာဝတီတိုင်း၏ ၉၂ ရာခိုင်နှုန်း ရေမြုပ်နေ


သန့်စင်ငြိမ်းချမ်း

ဧရာဝတီတိုင်းတွင် မြို့နယ် ၂၆ မြို့နယ် ရှိသည့်အနက် ၂၄ မြို့နယ်မှာ ရေကြီးနစ်မြုပ်မှု ကြုံတွေ့နေရသည်ဟု ဧရာဝတီတိုင်းလွှတ်တော် ဥက္ကဋ္ဌ ဦးဆန်းဆင့်က ယမန်နေ့က သွားရောက်ခဲ့သည့် သာပေါင်းမြို့နယ် ကယ်ဆယ် ရေးခရီးစဉ်တွင် ပြောကြားသည်။

လွှတ်တော် ဥက္ကဋ္ဌ၏ ပြောဆိုချက်အရ ဧရာဝတီတိုင်း၏ ၉၂ ရာခိုင်နှုန်းမှာ ရေကြီးနစ်မြုပ်မှု ရင်ဆိုင်နေရခြင်း ဖြစ်သည်။

“သာပေါင်းမြို့ဆိုရင် မီးသတ်စခန်းရှိတဲ့ ကုန်းကွက်ကွက်ကလေးက လွဲလို့ တမြို့လုံး မြုပ်နေပါပြီ။ မီးသွေးတိုက်အုပ်စုက ရွာလေးငါးရွာဆိုရင် အိမ်ခေါင်တွေ အထိကို မြုပ်နေတာကို တွေ့ရပါတယ်
တော်တော်များများက အိမ်ခေါင်နားမှာ စင်လေးထိုးပြီး ၀မ်းလျားမှောက်နေ ရတဲ့ အခြေအနေတွေ ရှိပါတယ်” ဟု လွှတ်တော် ဥက္ကဋ္ဌက ၎င်းကယ်ဆယ်ရေးသွားစဉ် မြင်တွေ့ခဲ့ရသည့် အခြေအနေများအား ပြောပြ သည်။

ဧရာဝတီတိုင်းတွင် ပုသိမ်၊ မြောင်းမြစသဖြင့် ခရိုင် ၆ ခုရှိသည့်အနက် လပွတ္တာခရိုင်ရှိ မြို့နယ် ၂ ခုမှ လွဲ၍ ကျန်ခရိုင်များအားလုံး ရေကြီးမှု ကြုံတွေ့နေသည်။

တိုင်းမြို့တော် ပုသိမ်တွင် ရပ်ကွက် ၁၅ ခု ရေမြုပ်နေပြီး ကယ်ဆယ်ရေးစခန်း ၃၃ ခုတွင် ဒုက္ခသည်ပေါင်း ၇၅၅၉ ဦး ခိုလှုံနေကြောင်းနှင့် သာပေါင်းမြို့နယ်တွင် ကယ်ဆယ်ရေးစခန်း ၅၁ ခုရှိပြီး ဒုက္ခသည် ၁၂၀၀၀ ကျော် ခိုလှုံနေရကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးများ၏ စာရင်းအရ သိရသည်။

ထို့ပြင် ကန်ကြီးထောင့်၊ ဒါးက၊ ကျောင်းကုန်း၊ ရေကြည်၊ အသုတ်၊ ငါးသိုင်းချောင်း၊ ကျုံပျာ်စသည့် မြို့နယ် များတွင်လည်း ရေနစ်မြုပ်မှုကြောင့် သောင်းနှင့်ချီသော ဒုက္ခသည်များမှာ ကယ်ဆယ်ရေး စခန်းများတွင် ခိုလှုံနေရသည်။

လူနေအိမ်များသာမက စာသင်ကျောင်းများလည်း ရေမြုပ်နေသည့်အတွက် ပုသိမ်၊ သာပေါင်း၊ ဒါးက၊ ကျောင်းကုန်းအပါအ၀င် မြို့နယ် အတော်များများတွင် ကျောင်းများ ယနေ့တိုင် ပိတ်ထားရသည်။
ယမန်နေ့က ရရှိထားသည့် သတင်းများအရ တိုင်းတစ်ခုလုံးတွင် လယ်ဧက ၂ သိန်း ၅ သောင်း ကျော် ရေနစ်မြုပ်နေကြောင်း ဦးဆန်းဆင့်က ပြောသည်။

“ကျနော်တို့ မနေ့ကအထိ ရတဲ့သတင်းအရဆိုရင် လယ်ဧက ၂ သိန်း ၅ သောင်းလောက် ရေနစ်မြုပ်နေပါပြီ။ စပါးပင်တွေ ဘယ်လောက်သေမယ်၊ ဘယ်လောက်ကျန်မယ်ဆိုတာတော့ ရေကျတဲ့ အခြေအနေအပေါ် မူတည်ပြီးမှပဲ ပြောနိုင်မှာ ဖြစ်ပါတယ်”ဟု ဦးဆန်းဆင့်က ပြောသည်။

ရေနစ်မြုပ်နေသည့် စပါးများအနက် ဧက ၅ သောင်းခန့်မှာ ဆုံးရှုံးပျက်စီးသွားပြီဖြစ်ကြောင်း ဧရာဝတီတိုင်း ဆန်စပါး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဝင်းမြင့်လှိုင်က ဧရာဝတီကို ပြောသည်။

“စိုက်ပျိုးထားတဲ့ အရင်းအနှီးက တဧကကို ၁ သိန်းလောက်ရှိတော့ ဧက ၅ သောင်းဆိုတော့ သိန်း ၅ သောင်းဖိုး ဆုံးရှုံးသွားတာပေါ့”ဟု သူက ပြောသည်။

မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များအသင်းအနေဖြင့် ဆုံးရှုံးသွားသည့် စပါးခင်းများ ပြန်လည်စိုက်ပျိုးနိုင်ရန် တဧကလျှင် ၁ တင်းခွဲနှုန်းဖြင့် ဧက ၂၀၀၀၀ စာ မျိုးစပါး တင်း ၃၀၀၀၀ ကို ရေနစ်မြုပ်နေသည့် မြို့နယ်များမှ လယ်သမားများကို လှူဒါန်းပေးအပ်သွားမည်ဟု ဦးဝင်းမြင့်လှိုင်က ဆိုသည်။

သာပေါင်းမြို့နယ်တွင် ၂၀၀၄ ခုနှစ်က ရေကြီးနစ်မြုပ်မှု ဖြစ်ပွားခဲ့သော်လည်း ယခုတကြိမ်မှာ အဆိုးဝါးဆုံး ဖြစ်ကြောင်း သာပေါင်းဒေသခံများက ပြောဆိုကြသည်။

“ဒီရေကြီးမှုက စံချိန်တင်လို့ ပြောလို့ရတယ်။ ၂၀၀၄ ခုနှစ်တုန်းက ရေကြီးပေမယ့် ဒီလောက် မဆိုးဘူး။ အိမ်ကို တစ်ခါလောက် အဆင့်မြှင့်နေလိုက်ရင် ရတယ်။ ခုက ၃ ခါလောက် ဆင့်နေရတယ်။

အဲဒါတောင် ရေတက်မြုပ်လို့ ဒုက္ခသည်စခန်း လာနေနေတာ”ဟု သာပေါင်းမြို့နယ် ထန်းစင်လှကျေးရွာမှ ရေဘေးဒုက္ခသည်တဦးက ပြောသည်။

ရေကြီးမှုကြောင့် ဧရာဝတီတိုင်း လွှတ်တော်ဥက္ကဋ္ဌက အရေးပေါ် လွှတ်တော် အစည်းအဝေးကို သြဂုတ်လ ၁၅ ရက်နေ့မှ ၂၀ ရက်နေ့အထိ ခေါ်ယူထားသည်။

တိုင်းအနှံ့အပြားတွင် ရေကြီးမှုများ ကြုံတွေ့နေသည့်အတွက် အမြန်ဆုံး ကယ်ဆယ်ရေးလုပ်ရန် ကျုံပျော်မြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးသန်းထွန်းက သြဂုတ်လ ၁၅ ရက်နေ့တွင် အဆိုတင်သွင်းခဲ့ရာ ယင်းအဆိုကို လွှတ်တော်က အတည်ပြုခဲ့ပြီးနောက် ယခုအခါ တိုင်းအစိုးရအဖွဲ့နှင့်လွှတ်တော်က ကယ်ဆယ်ရေးလုပ်ငန်းများ စတင်နေပြီ ဖြစ်သည်။

တိုင်းလွှတ်တော်ဥက္ကဋ္ဌဦးဆောင်သည့်အဖွဲ့က သာပေါင်းမြို့နယ်အတွင်းရှိ ကျေးရွာ ၁၃ ရွာမှ ရေဘေးဒုက္ခသည် ၂၀၀၀၀ ကျော်အတွက် ဆန်အိတ် ၁၃၀၊ ကယ်ဆယ်ရေးပစ္စည်း ၆ မျိုးတွဲ ၃၂၅ စုံနှင့် ခေါက်ဆွဲခြောက်ဖာ ၃၉ ဖာကို ယခုလ ၁၈ ရက်နေ့က သွားရောက် ထောက်ပံ့ခဲ့သည်။

ထို့ပြင် ယမန်နေ့ကလည်း လွှတ်တော်ဥက္ကဋ္ဌ ဦးဆောင်သည့်အဖွဲ့က ရေကြည်၊ ကျုံပျော်၊ ငါးသိုင်းချောင်း မြို့နယ်တို့တွင် ထမင်းထုပ် ၃၅၀၀၀ ဝေမျှခဲ့ပြီး လွှတ်တော် ဒု - ဥက္ကဋ္ဌ ဒေါက်တာ ထိန်ဝင်းအဖွဲ့က သာပေါင်း၊ ကန်ကြီးထောင့်မြို့နယ်တို့တွင် ထမင်းထုပ် ၂၅၀၀၀ ဝေမျှခဲ့သည်။

လက်ရှိတွင် ရေကြီးမှု နောက်ဆက်တွဲအဖြစ် တာတမံများ ကျိုးပေါက်ခဲ့ပါက ပြည်သူအများ သေကြေ ပျက်စီး မည်ဖြစ်သည့်အတွက် ကျိုးပေါက်မှု မရှိစေရန် ကြိုးစား ဆောင်ရွက် နေကြောင်း တိုင်းလွှတ်တော် ဥက္ကဋ္ဌက ပြောသည်။

“ရေကြီးမှုကို ကျနော်တို့ လွှတ်တော်နဲ့ အစိုးရအဖွဲ့က ဖိုးကာ သီချင်းလို တနေကုန်ထိုင်ပြီး တစိမ့်စိမ့်ကြည့် လုပ်မနေပါဘူး။ လုပ်နိုင်သမျှ အကောင်းဆုံး လုပ်ဆောင်ပေးသွားပါ့မယ်”ဟု ဦးဆန်းဆင့်က သာပေါင်းဒေသ ခံများအား ပြောဆိုခဲ့သည်။

ဧရာဝတီ

ပြည်သူ့လွှတ်တော်ဥက္ကဌ ၂၀၁၅ မတိုင်မီ နိုင်ငံတော်သမ္မတဖြစ်ရေး ကြိုးစားနေပြီလော (သို့မဟုတ်) Parliamentary Coup ?


ပြည်သူ့လွှတ်တော်ဥက္ကဌ ၂၀၁၅ မတိုင်မီ နိုင်ငံတော်သမ္မတဖြစ်ရေး ကြိုးစားနေပြီလော (သို့မဟုတ်) Parliamentary Coup ?


ကျွန်တော်ကတော့ နိုင်ငံရေးကိုစိတ်ဝင်စားတဲ့ နိုင်ငံသားတစ်ဦးပါ။ တစ်သက်လုံး စိတ်ပျက်စရာနိုင်ငံရေး အခြေအနေနဲ့ ကြီးပြင်းလာခဲ့ရသူတစ်ဦးအနေနဲ့ ၂၀၁၁ အစိုးရသစ်တက်ချိန်မှာ အပြောင်းအလဲတွေမြင်ရတော့ အားတက်မိပါတယ်။ အဲလိုအပြောင်းအလဲတွေစလို့မှ မကြာသေးခင် ဖဆပလလို ကွဲကြ၊ ပြဲကြတော့မယ့် အခြေအနေတွေ မြင်နေရလို့ မနေနိုင်၊ မထိုင်နိုင် ဒီစာကို ရေးလိုက်ရခြင်းဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းနာမည်စကြားဖူးတာ သူညှိနှိုင်းကွပ်ကဲရေးမှူးဖြစ်လာတဲ့အချိန်ကပါ ၊ အဲဒီ အချိန်က နိုင်ငံကို တပ်မတော်က အုပ်ချုပ်နေပြီး တပ်မတော်မှာ ဗိုလ်ချုပ်ကြီးရွှေမန်းက တတိယအဆင့်ရှိသူဆို တော့ နိုင်ငံတော်အဆင့်မှာလဲ တတိယအဆင့်လို့ပြောနိုင်မယ်ထင်ပါတယ်၊ ညှိကွပ်ဘ၀မှာ သဘောကောင်း တယ်လို့တော့ တပ်မတော်သားတွေက ပြောကြပါတယ်၊ ဒါပေမယ့် တပ်မတော်တိုးတက်ရေးမှာ ဘာတွေစွမ်း စွမ်းတမံလုပ်ခဲ့သလဲဆိုတာတော့ တစ်ခါမှ မကြားဖူးပါဘူး၊ ဒါကတော့ သူကိုယ်တိုင်က လူအထင်ကြီးမခံချင်လို့ နှိမ့်ချထားလို့မသိတာဖြစ်နိုင်သလို ကျွန်တော် အကြားအမြင်နည်းပါးတာလည်း ဖြစ်နိုင်ပါတယ်၊ တပ်မတော်နဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်ကြီးရွှေမန်းရဲ့ နာမည်အကြီးဆုံးကိစ္စကတော့ မြောက်ကိုရီးယားနိုင်ငံကို လေ့လာရေး သွားတဲ့ အစီရင်ခံစာပေါက်ကြားတဲ့ကိစ္စဖြစ်ပါတယ်။ ဒီအစီရင်ခံစာပေါက်ကြားတဲ့ကိစ္စမှာ တာဝန်အရှိဆုံးသူက သူပဲဖြစ်ပေမယ့် ဘယ်သူတွေပဲ အရေးယူခံရသလဲဆိုတာတော့ ကျွန်တော်မသိပါဘူး။ ဒါပေမယ့် သူကတော့ အရေးယူမခံခဲ့ရဘူးဆိုတာ သေချာပါတယ်။

ဗိုလ်ချုပ်ကြီးဘ၀ကနေပြီးတော့ ၂၀၁၁ ခုနှစ် အစိုးရသစ်ကာလမှာ ပြည်သူ့လွှတ်တော်ဥက္ကဌတာဝန်ထမ်း ဆောင်တဲ့အချိန်မှာတော့ သူရဦးရွှေမန်းဟာ ဒီမိုကရေစီဘက်တော်သားတစ်ဦးဆိုတဲ့ ပုံရိပ်ကို အထင်အရှား ပုံဖော်လာတဲ့အပြင် လွှတ်တော်တွင်းမှာလည်း ထောက်ခံမှုရရှိအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ကြံ့ခိုင်ရေး ပါတီကမဟုတ်တဲ့ အမတ်တွေကိုယ်တိုင်က ဥက္ကဌကြီးက ပါတီစွဲမရှိဘူး၊ သမာသမတ်ရှိတယ်လို့ လေးစားတဲ့ အသံတွေကြားရပါတယ်။

လွှတ်တော်တွင်း ဆွေးနွေးမှုတွေဟာလည်း လွှတ်တော်တစ်ကြိမ်ထက်တစ်ကြိမ် ပိုမို ပြီး အသက်ဝင်လာပါတယ်။ ဒီအထိ အားလုံးကောင်းပါတယ်။ နေရာမှန် လူမှန်လို့ ကျွန်တော်တွေးမိပြီး နိုင်ငံ အနာဂတ်အတွက်တောင် မဆီမဆိုင် အားတက်မိပါတယ်။ စိတ်သဘောထားဖြောင့်မတ်မှန်ကန်တဲ့နိုင်ငံတော် သမ္မတကြီး၊ စည်းရုံးရေးကောင်းတဲ့လွှတ်တော်ဥက္ကဌ၊ နိုင်ငံတကာကအသိအမှတ်ပြုတဲ့ လူထုခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်။ ဒီလိုခေါင်းဆောင်တွေနဲ့ဆိုတော့ ငါတို့နိုင်ငံအချိန်တိုအတွင်း တိုးတက်လာမှာ မြေကြီး လက်ခတ်မလွဲဆိုပြီးတော့ပေါ့။

ဒါပေမယ့် အချိန်ကြာလာတာနှင့်အမျှ သူရဦးရွှေမန်းရဲ့လုပ်ရပ်တွေဟာ ရိုးသားမှုရှိ / မရှိ သံသယ ဖြစ်စရာ ရှိလာပါတယ်။ ပထမဆုံးအကြိမ် ကျွန်တော်သံသယဖြစ်မိတာကတော့ ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြု ဆုံးဖြတ်ထားပြီးသားကိစ္စတစ်ခုကို ပြည်သူ့လွှတ်တော်က ပြန်လည်ကန့်ကွက်တာပဲ ဖြစ်ပါတယ်။ “ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၀၅(က)အရ သမ္မတကလက်မှတ်ရေးထိုးထုတ်ပြန်ရေး အတွက်ပေးပို့ခြင်းမပြုမီ ဥပဒေကြမ်းပူးပေါင်းကော်မတီအားစိစစ်ရန်၊ ဥပဒေကြမ်းကော်မတီက စိစစ်ရာ၌ သံသယရှိသော ကိစ္စရပ်များ ပါဝင်သည်ဟုယူဆပါက ယင်းဥပဒေအား အခြေခံဥပဒေ ပုဒ်မ ၃၂၂ (ခ) အရ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးသို့ပေးပို့စိစစ်ရန် လို/မလို” ဆိုတဲ့ကိစ္စဖြစ်ပါတယ်။ ဒီကိစ္စကိုပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံးလဲ တက်ရောက်ခဲ့ကြတဲ့ ပြည်ထောင်စုလွှတ်တော်မှာကတည်းက ကန့်ကွက်လို့ရတဲ့ကိစ္စကို အဲဒီမှာတော့မကန့်ကွက်ဘဲ သူတို့ပါအလိုတူ၊ အလိုပါသဘောတူဆုံးဖြတ်ခဲ့ပြီး တစ်ရေးနိုးတော့မှ အကြံပေါ် ပြီးတော့ ပြည်သူ့လွှတ်တော်အနေနဲ့ကန့်ကွက်တာဟာ အင်မတန်အရုပ်ဆိုးတဲ့ကိစ္စပါ ၊ ကိစ္စကလဲ အမျိုးသား အကျိုးစီးပွားနဲ့ ဘာမှမဆိုင်ပါဘူး။ ပြည်ထောင်စုလွှတ်တော်နာယကနဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌ ဘယ်သူ အာဏာ ပိုရှိသလဲဆိုတာ ပြတဲ့ပုံစံလုပ်တာပါ။ အဲဒီကိစ္စဖြစ်တော့ ပြည်သူ့လွှတ်တော်ဥက္ကဌအပေါ် အထင်ကြီး စိတ်နဲနဲလျော့သွားတယ်။ ဒါပေမယ့် ဘေးကမြောက်ပေးတဲ့လူတွေရှိလို့ နားယောင်ပြီး လုပ်တာဖြစ်မယ်လို့ လျော့လျော့ပေါ့ပေါ့တွေးမိပါတယ်။

ဒါပေမယ့် ဥက္ကဌရဲ့ ဒုတိယအကြိမ်တိုက်ကွက်ကို မြင်ရတဲ့အခါမှာတော့ ဥက္ကဌရဲ့လုပ်ရပ်တွေ ရိုးသားမှု ရှိ/ မရှိအပေါ် ကျွန်တော်ရဲ့သံသယက ပိုမိုကြီးထွားလာခဲ့ပါတယ်။ ၀န်ထမ်းအားလုံးမျှော်လင့်တောင့်တနေတဲ့ လစာတိုးမြှင့်ရေးကိစ္စကို ဗန်းတင်ပြီးသူရဲကောင်းလုပ်ပြတာကတော့ အစွယ်ထုတ်ပြတာလို့ပြောလို့ရမယ်။ ၀န်ထမ်းတွေနဲ့အစိုးရ၊ နိုင်ငံတော်သမ္မတကို ရန်တိုက်ပေးပြီး သူကတော့ဝန်ထမ်းတွေဖက်က ရှေ့နေလိုက်ပေး တဲ့ သူရဲကောင်းကြီးပေါ့။ ဒီကိစ္စကိုတော့ ကိုထိန်လင်းက အသေးစိတ်ရေးပြီးဖြစ်လို့ ကျွန်တော်အသေးစိတ် မပြောတော့ပါဘူး။ မဖတ်ရသေးသူများ အောက်ကလင့်မှာ သွားဖတ်နိုင်ပါတယ်။

ဆက်စပ်ဖတ်ရှုရန် - (၇-၂-၂၀၁၂)ရက်နေ့ ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်းသော ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း၏ အဆိုအပေါ် ရှုမြင်သုံးသပ်ချက် (ထိန်လင်း)


သူရဦးရွှေမန်းကို ပိုပြီးစိတ်ပျက်ရတာကတော့ သူ့သားတိုးနိုင်မန်းကို ပြည်သူ့လွှတ်တော် ဥပဒေရေးရာ နှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်မှာ အဖွဲ့ဝင်အဖြစ်တာဝန်ပေးလိုက်တာပါပဲ။ ဒီကောင်လေးက ဘာများတတ်ကျွမ်းနေလို့လဲ။ အမှန်တကယ်ဖြစ်သင့်ဖြစ်ထိုက်လို့ တာဝန်ပေးတယ်ဆိုရင် တော့ ဘာမှမပြောလိုပါဘူး။ တပ်မတော်ထဲမှာတုန်းကလဲ အဖေအရှိန်နဲ့ဘော်ကြော့နေလာတဲ့ကောင်။ သင်တန်းမှာ တပ်ပြင်ခိုးထွက်။ ကားမှောက် လူသေ၊ ဒါတောင်မှင်နီတစ်ချက်မစွမ်းဘူး။ တပ်ထဲမှာလူစွာလုပ်ရ တာဝတော့ အပြင်ထွက်။ အဖေအရှိန်နဲ့ ပိုက်ဆံရှာ။ အခုတော့နိုင်ငံရေးသမားယောင်ယောင်၊ ဘာယောင် ယောင် လုပ်တော့မယ်ပေါ့။ သူရဦးရွှေမန်းရဲ့ အကြံကလည်းအကြီးသား။ သားကြီးကို အဖေအရှိန်နဲ့ စီးပွားရှာ ခိုင်း၊ သားငယ်ကိုတော့ အဖေအရှိန်နဲ့ နိုင်ငံရေးမှာနေရာပေး၊ ပြီးတော့ မြောက်ကိုရီးယားလို ငမန်းမျိုးဆက်တွေ ထူထောင်ကြမယ်ပေါ့လေ။

တကယ်အရည်အချင်းရှိလို့နေရာပေးရင်တော့ ထားပါ။ စင်ကာပူက လီကွမ်းယူလုပ်သလို သူ့သား လီရှန်လွန်းကို သေချာလေ့ကျင့်ပေးခဲ့သလို လေ့ကျင့်ပေးပြီးမှ နေရာပေးရင်ပေးပေါ့။ အခုတော့ ကိုယ်စွမ်းကိုစ နဲ့ဆို အောက်တန်းစာရေးတောင်ဖြစ်မှာ မဟုတ်တဲ့ တိုးနိုင်မန်းကို ကော်မရှင်အဖွဲ့ဝင်ပေးထားတာကတော့ မရှက်တတ်တာလား၊ အရှက်မရှိတာလား မပြောတတ်တော့ပါဘူး။ သားကို ကော်မရှင်အဖွဲ့ဝင်ပေးပြီးတဲ့အချိန် မှာ လွှတ်တော်ကဖွဲ့စည်းတဲ့ ကော်မတီ၊ ကော်မရှင်တွေဟာ ပြည်ထောင်စုအဆင့်မဟုတ်ဘူးလို့ ဖွဲ့စည်းပုံအခြေ ခံဥပဒေခုံရုံးက ဆုံးဖြတ်လိုက်တဲ့အချိန်မှာ ဦးရွှေမန်းအတွက်တော့ တကယ့်အကွက်ကောင်း ရတော့တာပဲ။ အဲဒီအချိန်မှာ သမ္မတနဲ့ ညှိနှိုင်းပေးမယ်ဆိုပြီး လွှတ်တော်ကိုယ်စားလှယ်တွေကို ခဏချွေးသိပ်ထားတော့ ဘာလဲပေါ့၊ ကျွန်တော်မျက်စိလည်သွားသေးတယ်၊ လွှတ်တော်စတုတ္ထအကြိမ်အစည်းအဝေးမှာ ဒေါ်စုကို ကော်မတီဥက္ကဌ ပေးတော့မှပဲရှင်းတော့တယ်။

ဒါဆိုရင် ကော်မတီများပြည်ထောင်စုဖြစ်ရေးတိုက်ပွဲမှာ ပြည်သူ လူထု ထောက်ခံမှုရနိုင်ပြီပေါ့။ လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း သူတို့အကျိုးအတွက် လုပ်ပေးနေတယ် ပေါ့။ အထူးသဖြင့်တော့ ခိုးလို့၊ ၀ှက်လို့၊ အာဏာပြလို့မ၀သေးတဲ့ ၀န်ကြီးဟောင်းများဖြစ်တဲ့ ကြံ့ဖွံ့ စီအီးစီ တွေပေါ့။

လွှတ်တော်ကော်မတီတွေကို ပြည်ထောင်စုအဆင့်သတ်မှတ်ရေးကို ဒီလူကြီးတွေကတော့ အားတက် သရောထောက်ခံမှာပေါ့။ အဲဒီအချိန်မှာ လက်ညှိးထောင်ခေါင်းညိတ် လွှတ်တော်ကိုယ်စားလှယ်အများစု (ကျွန် တော့်စကားမဟုတ်ပါ၊ လယ်ဆည်ဝန်ကြီးစကားကို အငှားယူသုံးခြင်းသာဖြစ်ပါတယ်) အနေနဲ့ ဘုမသိ၊ ဘမသိ နဲ့ ခုံရုံးတခုလုံးနှုတ်ထွက်ပေးဖို့ တောင်းဆိုတာကတော့ အံ့အားသင့်စရာမရှိဘူးလို့ထင်ပါတယ်။ နမူနာအနေနဲ့ စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီပါတီ ကချင်ပြည်နယ်က အင်ဂျိုင်းယန် မဲဆန္ဒနယ်မြေ ကိုယ်စားပြု ပြည်သူ့ လွှတ်တော်အမတ်ဒေါ်ဒွဲဘူရဲ့ပြောစကားကိုပြချင်ပါတယ်။

“ဘာပဲပြောပြော ပြည်ထောင်စုလွှတ်တော်ထဲမှာ ပါပြီးသား ဆိုတဲ့ အခါဆိုတော့ နံမည်ကိုက ပြည်ထောင်စုလွှတ်တော်ဆိုတာပါပြီးမှ အခုကျတော့ အဲဒီအဆင့် မဟုတ်ဘူး ဆိုတဲ့ အခါကျတော့ အဲဒီကဏ္ဍ တချက်ပေါ့နော်” ။ အဲလိုအတွေးအခေါ်မျိုးဆိုတော့ ကျွန်တော်လဲ ပြည်ထောင်စုပါတီဆိုပြီးပါတီထောင်လိုက်ရင် ချက်ချင်း ပြည်ထောင်စုအဆင့်ဖြစ်သွားမလားမသိဘူး။

နောက်ပြီး ပြောချင်တာက ပြည်ထောင်စုအဆင့်မဟုတ်ဘူးလို့်ဆုံးဖြတ်တာနဲ့ ခုံရုံးဥက္ကနဲ့အဖွဲ့ဝင်အားလုံး ထွက်ရမယ်ဆိုတာ လွတ်တော် အနေနဲ့ ငါ့တို့ကိုမထောက်ခံရင်၊ ငါတို့လိုတာ လုပ်မပေးရင် ဖြုတ်ပစ်မယ်လို့ အာဏာပြတဲ့သဘော သက်ရောက်နေတယ်။ ပြီးတော့ ကော်မတီတွေအနေနဲ့ သူတို့လုပ်ငန်းဆောင်တာ တွေကို ပြည်ထောင်စုအဆင့်ဖြစ်မှပဲ လုပ်နိုင်တော့မှာလား။ ပြီးခဲ့တဲ့ တတိယအကြိမ်လွှတ်တော်တုန်းက လယ်ဆည်ဝန်ကြီးကို လွှတ်တော်အခွင့်အရေးကော်မတီက ခေါ်ယူကြားနာခဲ့ပြီးတဲ့နောက် ပြည်ထောင်စု လွှတ်တော်မှာ လယ်ဆည်ဝန်ကြီး က ၀န်ချတောင်းပန်ခဲ့ရပါတယ်။ ဒါဆိုရင် လွှတ်တော်ကော်မတီတွေ ဘယ်လောက်လုပ်ပိုင်ခွင့်ရှိတယ်ဆိုတာ ရှင်းပါလိမ့်မယ်။ ပြည်ထောင်စုအဆင့်အဖြစ် သတ်မှတ်သည်ဖြစ်စေ၊ မသတ်မှတ်သည်ဖြစ်စေ ကော်မတီတွေဟာ သူ့အလုပ်ကိုသူ လုပ်နိုင်တဲ့အခွင့်အာဏာရှိဖို့က လိုရင်းပဲ မဟုတ် လား။

ဒါပေမယ့် တကယ်ကိုဖြစ်သင့်တဲ့ကိစ္စဖြစ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့ဝင်များပိုင် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းနှင့် အကျိုးစီးပွားများ ထုတ်ဖော် ကြေညာပြီး မှတ်တမ်းတင်ရန်အဆို ကိုတော့ လွှတ်တော်က ပယ်ချခဲ့ပါတယ်။ ဒီအဆိုကို ဘာလို့ပယ်ချရသလဲ ဆိုရင် ရှေ့နေချုပ်က ဒီကိစ္စကို ရှင်းလင်းတဲ့အချိန်မှာ ဒီပုဂ္ဂိုလ်တွေသာမကဘဲ လွှတ်တော်ဥက္ကဌ၊ ကော်မတီ ဥက္ကဌများနဲ့ လွှတ်တော်ကိုယ်စားလှယ်များပိုင်ဆိုင်မှုတွေကိုပါ ထည့်သွင်းစဉ်းစားသင့်ကြောင်း ပြောလိုက်တဲ့ အတွက် ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဌကိုယ်တိုင်က သူ့ပိုင်ဆိုင်မှုတွေ ၊ ဒါတွေကို ဘယ်လိုပိုင်ဆိုင်လာ တဲ့အကြောင်း ပြည်သူလူထုကိုတင်ပြရဲသလားဆိုတာ အဖြေပါ။ လွှတ်တော်တွင်းက ၀န်ကြီးဟောင်းများ၊ ခရိုနီ များရော တင်ပြရဲပါသလား။ ဒါကြောင့်မို့ လွှတ်တော်ကော်မတီများ ပြည်ထောင်စုအဆင့်သတ်မှတ်ရေးဆိုတဲ့ ကိစ္စဟာ ပြည်သူအကျိုး၊ နိုင်ငံအကျိုး တစ်ပြားသားမှ မပါဘဲ ကိုယ်စားလှယ်များရဲ့ အကျိုးစီးပွားသက်သက် အတွက်သာဖြစ်တယ်ဆိုတာ ငြင်းလို့မရပါဘူး။

ဒါ့အပြင် အပေါ်မှာ ကျွန်တော်တင်ပြထားတဲ့ ဆက်စပ်အခြေအနေတွေကို ပြန်ကြည့်မယ်ဆိုရင် ဒီကိစ္စဟာ ဒီလောက်ရိုးစင်းတဲ့ကိစ္စမဟုတ်ဘူးလို့ ထင်ပါတယ်။ သူရဦးရွှေမန်းအနေနဲ့ အခွင့်အရေးပြပြီး လွှတ်တော်ကိုယ် စားလှယ်များကို စည်းရုံးလိုက်ခြင်းဖြစ်ပါတယ်။ ဥက္ကဌကြီးအကွက်မြင်လိုက်ပုံက အမေစု ကော်မတီဥက္ကဌ ပေးပြီးတဲ့အချိန်ထိစောင့်ပြီး အပိုင်ရိုက်လိုက်ခြင်းပဲဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တချို့ကလဲ လွှတ်တော်က မှန်တယ်၊ တချို့က ခုံရုံးကမှန်တယ်ပြောနေကြပေမယ့် အဲဒါက သိပ်အရေးမကြီးလှဘူးလို့ ယူဆပါတယ်။

တကယ်အရေးကြီးတာက လူများစုအာဏာရှင်စနစ်မဖြစ်ဖို့လိုတယ်ဆိုတဲ့ ဥက္ကဌကြီးရဲ့စကားဟာ အပြောက တော့ရွှေမန်းပဲဆိုတဲ့ စကားကိုမဟုတ်ကြောင်းပြလိုက်တာပါ။ သူဆန့်ကျင်ရမယ်ဆိုတဲ့ လူများစုအာဏာရှင် စနစ်ကို လူများစု သတိမထားမိစေဘဲတည်ဆောက်လိုက်တာပါ။ တစ်ချက်ခုတ် သုံးချက်လောက်ပြတ်တဲ့လုပ် ရပ်ပါ။ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အခွင့်အရေးအတွက်လုပ်ပေးတယ်ဆိုပြီး ကိုယ်စားလှယ်တွေကိုစည်း ရုံးတယ်။ အမေစုကို ကော်မတီဥက္ကဌပေးထားပြီး အမေစုကို ထောက်ခံတဲ့သူတွေကို စည်းရုံးတယ်။ ငါတို့ပြည် သူ့လွှတ်တော်က လုပ်ချင်ရာလုပ်လို့ရတယ်ဆိုတဲ့ အချိုးမျိုးနဲ့ အုပ်ချုပ်ရေးနဲ့ တရားရေးမဏ္ဍိုင် ၊ ကုန်ကုန်ပြောရ ရင် အမျိုးသားလွှတ်တော်ကိုပါ ခြိမ်းခြောက်တယ်။

သူရဦးရွှေမန်းရဲ့ လုပ်ရပ်တွေကို ကြည့်မယ်ဆိုရင်-

(၁) ပြည်ထောင်စုလွှတ်တော်ကို စိန်ခေါ်ပြီး သူကအာဏာပိုရှိကြောင်းပြတယ်။

(၂) လစာတိုးပေးရေးကိစ္စကို အကြောင်းပြပြီး အစိုးရအဖွဲ့ကို စိန်ခေါ်တယ်။

(၃) ကိုယ်စားလှယ်တွေကို အပေါစားစည်းရုံးရေးနဲ့စည်းရုံးပြီးတော့ အခြေခံဥပဒေခုံရုံးဆိုတာ ပြည်သူ့လွှတ် တော်အလိုကျဆုံးဖြတ်ပေးရမယ်ဆိုတဲ့ပုံစံလုပ်တယ်။

ဒီလိုလုပ်ရခြင်းရဲ့ နောက်ကွယ်ကအကြောင်းတရားကဘာလဲ။ နောက်ထပ်ဘာဆက်လုပ်ဦးမှာလဲ။ အဖြေက ရှင်းနေတာပဲလို့ မြင်တယ်။ နောက်အဆင့်တွေမှာ သမ္မတကိုပါ လွှတ်တော်က စွပ်စွဲပစ်တင်ပြီး ဖြုတ်ချနိုင်ဖို့ ကြိုးစားပါလိမ့်မယ်။ သမ္မတ အကြောင်းအမျိုးမျိုးကြောင့် အနားယူသွားခဲ့ရင် ပြည်သူ့လွှတ်တော်က နောက် ဒုသမ္မတရွေးပေးရမယ်။ သူက ဒုသမ္မတဖြစ်လာမယ်။ အဲဒီအချိန်မှာ ယာယီသမ္မတတာဝန်ထမ်းဆောင်နေတဲ့ ဒုသမ္မတအပါအ၀င် ဒုသမ္မတသုံးယောက်ကို ပြည်ထောင်စုလွှတ်တော်မှာ သမ္မတရွေးတဲ့အခါ သူအပေါစား စည်းရုံးရေးနဲ့ စည်းရုံးထားတဲ့ ပြည်သူလွှတ်တော်က လူအများဆုံးဖြစ်တဲ့အတွက် သူသမ္မတဖြစ်လာမယ်။

ဘာလို့ဒီလိုလုပ်မှာလဲလို့မေးရင် ၂၀၁၅ ဆိုတာ မသေချာလို့ပါ။ တစ်ချိန်က နိုင်ငံတော်ရဲ့နံပါတ်(၁) နေရာ ကိုမှန်းထားခဲ့ပြီး လက်ရှိအခြေအနေမှာ နံပါတ်(၄/၅)လောက်ဖြစ်နေရတဲ့သူတယောက်ရဲ့ အာဏာမက်မောစိတ် ပါ။ ဒါကိုမြင်အောင်ကြည့်နိုင်ဖို့လိုပါလိမ့်မယ်။

သူရဦးရွှေမန်းသမ္မတဖြစ်ခြင်း၊ မဖြစ်ခြင်းကို ကျွန်တော်စိတ်မပူပါဘူး။ တကယ်လို့ သူ့တိုက်ကွက်တွေအောင်မြင် ပြီး သမ္မဖြစ်သွားတဲ့အခါမှာ မင်းသားခေါင်းဆောင်းကျွတ်သွားမှာကိုပဲ စိတ်ပူပါတယ်။ နဂိုကတည်းက ခရိုနီတွေ နဲ့ပေါင်း စီးပွားရှာ၊ ဆွေမျိုးသားချင်းတွေကို တန်၏၊ မတန်၏၊ သင့်တော်၏၊ မတော်၏ မစဉ်းစားပဲ နေရာပေး တတ်တဲ့လူမျိုးသာ နိုင်ငံတော်အကြီးအကဲ ဖြစ်သွားမယ်ဆိုရင် ဘာတွေဖြစ်လာမလဲ စဉ်းစားကြည့်ကြပါ။ အဲဒီ လိုသာဖြစ်သွားခဲ့မယ်ဆိုရင် လွှတ်တော်ထဲမှာလည်း သူပြောသမျှနားထောင်မဲ့သူကို ဥက္ကဌအဖြစ်ထားခဲ့ပါလိမ့် မယ်၊(တစ်နာရီလောက်မတ်တပ်ရပ်ရလို့ မကျေမနပ်ဖြစ်နေတဲ့သူကို ကျွန်တော့်စကားနားထောင်ရင် ခင်ဗျား နောက်ကို မတ်တပ်ရပ်စရာမလိုတော့ဘူးလို့ ပြောပြီးနေရာပေးတာမျိုးဘဲဖြစ်ဖြစ်ပေါ့)၊ ပြီးရင် ဒီမိုကရေစီလှိုင်း နောက်ပြန်သွားမလား၊ ရှေ့ဆက်သွားမလား ဆိုတာတော့ စဉ်းစားကြည့်ကြပါ။ ဒါကြောင့်မို့ လွှတ်တော်ကိုယ် စားလှယ်ကြီးများလည်း နိုင်ငံရေးတိုက်ကွက်တွေကို မြင်အောင်ကြည့်ပြီး လူတစ်ဦးရဲ့ အာဏာရလိုမှုမှာ အသိမဲ့ အသုံးချမခံကြရပါစေနဲ့လို့ ကျွန်တော်ဥာဏ်မီသမျှတင်ပြလိုက်ရပါတယ်။

written by Myanmar Myochit- facebook 

Monday, August 20, 2012

အခြေခံ ဥပဒေ ပြင်ဆင်ခြင်းသည် ပိုမို ကောင်းမွန်မည်ဟု နိုင်ငံတော် သမ္မတ၏ သဝဏ်လွှာတွင် ဖော်ပြ


နေပြည်တော်၊ သြဂုတ် ၂၀

မြန်မာနိုင်ငံ ဒီမိုကရေစီ စနစ်သို့ အသွင်ကူးပြောင်းရေးတွင် စိန်ခေါ်မှုတစ်ခုအဖြစ် မှတ်ယူရမည်ဖြစ်သော အခြေခံဥပဒေ ခုံရုံး၏ ဆုံးဖြတ်ချက်နှင့် ပတ်သတ်၍ ပြည်သူ သန်းခြောက်ဆယ်၏ မျက်နှာ ကို ထောက်ထား၍ သော် လည်းကောင်း၊ မဏ္ဍိုင်ကြီး သုံးရပ်၏ စည်းလုံး ညီညွှတ်မှုကို မထိခိုက်စေ၍ သော်လည်းကောင်း လွှတ်တော် ကိုယ်စားလှယ်များက စွပ်စွဲပြစ်တင်မည့် နည်းလမ်း ဆောင်ရွက်မည့်အစား ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ခြင်း နည်းလမ်းကို အသုံးပြုပါက ပိုမို ကောင်းမွန်မည်ဟု နိုင်ငံတော် သမ္မတ၏ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံ ပေးပို့သော သဝဏ်လွှာတွင် ဖော်ပြသည်။

နိုင်ငံတော် သမ္မတထံမှ ပေးပို့သော သဝဏ်လွှာတွင် “ဖွဲ့စည်းပုံ အခြေခံဥပဒေအခန်း ၁၂ တွင် တရားဝင် ပေးအပ်ထားသည့် အခွင့်အရေးကို အသုံးပြုမည်ဆိုပါကလည်း မည်သူ့ကိုမှ ထိခိုက်မှု မရှိစေပဲ သင့်လျော်ကောင်းမွန်မည်ဟု
ယူဆပါသည်ဟု ဖော်ပြထားရာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း ၁၂ မှာ အခြေခံဥပဒေ ပြင်ဆင်ခြင်း ဖြစ် ကြောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များကပြောကြားသည်။

လွှတ်တော် အသီးသီးက ဖွဲ့စည်းသော ကော်မ ရှင် နှင့် ကော်မတီ များသည်ပြည်ထောင်စု အဆင့် မဟုတ်ဟု သတ်မှတ် ခဲ့ခြင်းကြောင့် အခြေခံဥပဒေခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့အား ဖွဲ့စည်းပုံ အခြေခံပါပြဌာန်းချက်များကို ဖောက်ဖျက် ကျူးလွန်ခြင်း၊ ဥပဒေအရ ပေးအပ်ထားသောတာဝန်များ ကို ကျေပွန်စွာ မထမ်းဆောင်နိုင်ခြင်း တို့ကြောင်း သြဂုတ်လ ၂၁
ရက်နေ့ နောက်ဆုံးထားပြီး ရာထူးမှ အနားယူရန်နှင့် အနားယူခြင်း မရှိပါက စွပ်စွဲ ပြစ်တင်ခြင်း ပြုလုပ် ရန် ဒေါ် အောင်ဆန်းစုကြည်နှင့် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များအပါအဝင် ကိုယ်စာလှယ်များ လက်မှတ်ရေးထိုးခဲ့သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား နိုင်ငံတော်သမ္မတနှင့် လွှတ်တော် ဥက္ကဋ္ဌ နှစ်ဦးတို့ က ရွေးချယ်၍ ပြည်ထောင်စုလွှတ်တော်၏အတည်ပြုချက်ဖြင့် ခန့်အပ်ထားသူများ ဖြစ်ကြပါသည်။

ထိုပုဂ္ဂိုလ်များသည် ဥပဒေရေးရာတွင် ကျွမ်းကျင်၍ တရားစီရင်ရေးတွင်နှစ်ပေါင်း များစွာ ဆောင်ရွက် ခဲ့ကြသူများဖြစ်ရာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ကိစ္စပေါ်တွင် ဘက်လိုက်၍ သော်လည်းကောင်း၊ မှားယွင်း၍သော် လည်းကောင်း ဆုံးဖြတ်ကြမည့်သူများ မဟုတ်ပါဟု နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာတွင် ဖော်ပြသည်။

အခြေခံ ဥပဒေ ခုံရုံးကို စွပ်စွဲ ပြစ်တင်ခြင်း နည်းလမ်းအစားဖြည့်စွပ်ပြင်ဆင်မှု အခြေအနေနှင့် ပတ်သတ်၍ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် တရားလွှတ်တော် ရှေ့ နေ ဦးသိန်းညွှန့်အား ဆက်သွယ် မေးမြန်းခဲ့ရာ “လွှတ်တော်ရေးရာ ကော်မတီတွေနဲ့ ပတ်သတ်ပြီးအခြေခံဥပဒေ ဖြည့်စွပ်ချက် မူကြမ်းကို ပြည်ထောင်စု လွှတ်တော်မှာ ကျွန်တော်ပြီးခဲ့တဲ့ တစ်ပတ်က တင်ထားခဲ့ပါတယ်။ ရှေ့ တစ်ပတ် ပြည်ထောင်စုလွှတ်တော်ကြရင် ပြင်ဆင်ခွင့် အဆိုကို တင်သွင်းနိုင်မယ် ထင်ပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။

The Voice Weekly 

ခုံရုံးအငြင်းပွားမှုတွင် ဥပဒေအဆုံးအဖြတ် ခံယူမည်ဟု ခုံရုံးဥက္ကဋ္ဌ ပြောကြား


သြဂုတ်(၂၀)ရက်၊ ၂၀၁၂ခုနှစ်။

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာခုံရုံးတွင် လက်ရှိဖြစ် ပွားနေသော အငြင်းပွား မှုပြဿနာအား ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ အချက် များအတိုင်း ဆောင်ရွက် သွားမည်ဖြစ်သည်ဟု ခုံရုံးဥက္ကဌ ဦးသိန်းစိုးက ဆိုသည်။

“ဖွဲ့စည်းပုံ အခြေခံဆိုင် ရာဥပဒေနဲ့ ပဲဆုံးဖြတ်တဲ့ အတွက် နှုတ်ထွက် မလားဆိုတဲ့ အမေးကို ဖြေစရာ မလိုတော့ ပါဘူး ” ဟု ခုံရုံးဥက္ကဌ ဦးစိုးသိန်းက ပြောသည်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအနေဖြင့် ဥပဒေများနှင့်ပတ်သတ်၍ ညှိနိုင်းဆောင်ရွက်သည့် အလေ့အထ မရှိကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်းသာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်း ဥက္ကဌကပြောသည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဥပဒေအားလုံးရဲ့ အခြေခံဖြစ်ပါတယ်။ ကျန်တဲ့ ဥပဒေများကတော့ တည်ဆဲဥပဒေသာလျှင် ဖြစ်ပါတယ်။ တည်ဆဲဥပဒေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆန့်ကျင်လျှင် တည်ဆဲဥပဒေများသာ ပျက်ပြားရပါမယ်”ဟု ဥက္ကဌ ဦးသိန်းစိုးက ဆက်ပြောသည်။

လွှတ်တော်ကော်မတီများသည် ပြည်ထောင်စုအဆင့်မဟုတ်ကြောင်း နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံး၏ ဆုံးဖြတ်ချက်အတွက် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ပေါင်း (၃၀၁) ဦးက လက်မှတ်ရေးထိုးပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအား စွပ်စွဲပြစ်တင်မူပြုလုပ်ရန် ပြည်သူ့လွတ်တော် ဥက္ကဌထံ ၂၀၁၂ခုနှစ် သြဂုတ်လ (၈)ရက်နေ့တွင် တင်ပြတောင်းဆိုခဲ့ကြကြောင်းသိရသည်။

စွပ်စွဲပြစ်တင်ခြင်းနှင့် ဆက်လျဉ်း၍ ပုဒ်မ (၃၀၂)ပါ ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရမည်ဟု ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ စာမျက်နှာ (၁၄၇) ပုဒ်မ-၃၃၄ (ခ)တွင် ဖော်ပြပါရှိသည်။

ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေ၏ သုံးပုံနှစ်ပုံက စွပ်စွဲပြစ်တင်မူသည် မှန်ကန်၍ စွပ်စွဲ ခံရသူသည် ပြည်ထောင်စု တရားသူကြီးချုပ် (သို့မဟုတ်) ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ရာထူးတွင် ဆက်လက်ထမ်းရွက်စေရန် မသင့်ကြောင်း ဆုံးဖြတ်လျှင် ပြည်ထောင်စုလွှတ်တော် နာယကသည် ထိုဆုံးဖြတ်ချက်ကို နိုင်ငံတော်သမ္မတထံ တင်ပြ အစီရင်ခံရမည်ဟု ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ၊ စာမျက်နှာ(၁၃၁) ပုဒ်မ -၃၀၂(ခ)(၈)တွင် ဖော်ပြပါရှိသည်။

ထိုစွပ်စွဲပြစ်တင်မူအား အခြေခံဥပဒေပုဒ်မ ၇၁ (ခ)အရ ပြည်သူ့လွှတ်တော် (သို့) အမျိုးသားလွှတ်တော် တစ်ရပ်ရပ်က ဆောင်ရွက်နိုင်သည်။ စွပ်စွဲချက်ကို တင်သွင်းလိုသည့် လွတ်တော်ကိုယ်စားလှယ်စုစုပေါင်း ၏ လေးပုံတစ်ပုံမှ လက်မှတ်ရေးထိုးကာ သတ်ဆိုင်ရာ လွတ်တော်သို့ တင်သွင်းရမည်။ အပိုဒ်ခွဲ (ဂ)တွင် ယင်းစွပ်စွဲ ချက်ကို ကိုယ်စားလှယ်စုစုပေါင်းဦးရေအနက် အနည်းဆုံး ၃ပုံ၂ပုံက ထောက်ခံမှသာလျှင် ဆက်လက်အရေးယူ ဆောင်ရွက်ရမည်ဖြစ်သည်။

နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဌနှင့် အဖွဲ့ဝင်များအနေဖြင့် ၂၀၁၂ခုနှစ် သြဂုတ်လ (၂၁)ရက်နေ့ မတိုင်မီ အသိစိတ်ဓာတ်ဖြင့် တာဝန်မှ အနားမယူပါက လွှတ်တော်ကိုယ်စားလှယ် လေးပုံတစ်ပုံမှ လက်မှတ်ရေးထိုးကာ စွပ်စွဲပြစ်တင်မှုအဆိုကို ပြည့်သူလွတ်တော်သို့ တင်သွင်း သွားမည်ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ထုတ်ပြန်ပြောဆိုသည်။

မေသင်္ကြန်ဟိန် နေပြည်တော်-(မြစ်မခ)

by Shwe Myitmakha Media Group 

ဦးအောင်သိန်းလင်းကို ကန့်ကွက်ရန် မဲဆန္ဒရှင်လက်မှတ် ၁,၃၀၀ ကျော် စုဆောင်းရရှိပြီဟုဆို


ရန်ကုန်၊ သြဂုတ် - ၂၀

ပြည်ခိုင် ဖြိုးပါတီ တောင်ဥက္ကလာပ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်း၏ တရုတ်နိုင်ငံထုတ် Southern Weekend သတင်းစာနှင့် အင်တာဗျူးတွင် ပြောဆိုခဲ့သော စကားများအား မနှစ်သက်၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြရန် တောင်ဥက္ကလာပ မဲဆန္ဒနယ်မှ ပြည်သူဆန္ဒမဲ လက်မှတ်များ စုဆောင်းရာတွင် လက်မှတ်ပေါင်း ၁,၃၀၀ ကျော်ရ ရှိနေပြီ ဖြစ်ကြောင်း ဦးဆောင် ဦးရွက်ပြုသူ ဦးမင်းအောင်ကပြောသည်။

“လက်မှတ်ထိုးဖို့ပေးထားတဲ့ စာရွက်တွေကိုတော့ လူငယ်တွေ ပြန်စုနေပြီ။ ဒီအပတ်ထဲမှာတော့ သေချာပေါက်တင်ဖြစ်ပါပြီ” ဟု ဦးမင်းအောင်က သြဂုတ် ၂၀ ရက်တွင်ပြောသည်။

တရုတ်နိုင်ငံထုတ် Southern Weekend သတင်းစာနှင့် အင်တာဗျူးတွင် ဦးအောင်သိန်းလင်းက သမ္မတဦးသိန်းစိန်က မိမိ၏သက်တမ်းကာလအတွင်း တည်ဆောက်မှုများ ရပ်ဆိုင်းထားမည်ဟုဆိုသော ဧရာဝတီမြစ်ဆုံဆည်ကို မဖြစ်မနေပြန်လည်တည်ဆောက်သွားမည်ဟု ပြောဆိုခဲ့ သဖြင့် ယခုကဲ့သို့ ဇူလိုင်လကုန်မှစ၍ ကော်မရှင်ဥက္ကဋ္ဌထံ တင်ပြရန် လက်မှတ်စတင်စုဆောင်းခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ပြည်ခိုင်ဖြိုးပါတီမှ စုံစမ်းစစ်ဆေးလျက်ရှိသည်ဟုသိရပြီး ဦးအောင်သိန်းလင်းမှာလည်း ရန်ကုန်တိုင်း တာဝန်ခံရာထူးမှ ဖယ်ရှားခံခဲ့ရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၉) (လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်း) အပိုဒ်-၃၉၆(ခ)တွင် သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မူလမဲဆန္ဒရှင် အနည်းဆုံး ၁ ရာခိုင်နှုန်းတို့က တာဝန်မှ ပြန်လည်ရုပ်သိမ်းလိုသော တိုင်တန်းချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တင်ပြရမည်ဟု ပြဋ္ဌာန်းထားသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် တောင်ဥက္ကလာပ မဲဆန္ဒနယ်မှ မဲပေးသူရှစ်သောင်းကျော်ရှိပြီး၊ ၈၀၀ ပြည့်လျှင် ၁ ရာခိုင်နှုန်းပြည့်ကြောင်း ဦးမင်းအောင်ကပြောသည်။ ပြည်ခိုင်ဖြိုးပါတီက ဦးအောင်သိန်းလင်းအနေဖြင့် အမှန်တကယ်ပြောကြားခြင်း ရှိ၊ မရှိကိုလည်း စိစစ်ဆောင်ရွက် လျက်ရှိပြီး တွေ့ရှိချက်များအပေါ်မူတည်၍ ပါတီစည်းကမ်းအရ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်ဟု ကြေညာချက်ထုတ်ပြန်ထားသည်။

7Day News Journal 

နိုင်ငံကျော် ဓမ္မကထိက ဆရာတော်ဥူးသုမင်္ဂလာ (ဒယ်အိုးဆရာတော်)၏ ယနေ့ အမေရိကန်ခရီးစဉ်နှင့် ရခိုင်ပြည်နယ်အရေး ဆရာတော်၏ အင်တာဗျူး(အသံဖိုင်)



ယနေ့ (၂၀)ရက်နေ့ ညနေပိုင်းက အမေရိကန်နိုင်ငံ LA သို့ကြွရောက် သီတင်းသုံးမည့် နိုင်ငံကျော် ဓမ္မကထိက ဆရာတော်ဥူးသုမင်္ဂလာ (ဒယ်အိုးဆရာတော်)အား တိုကျိုနာရီတာ လေဆိပ်မှာတွေ့ရစဉ်။



ရခိုင်တိုင်းရင်းသား အရေးဟာ မြန်မာပြည်သားအားလုံး၊ တိုင်းရင်းသား အားလုံးနဲ့ဆိုင်တယ်...

 

Custom ROM ဆိုတာ ဘာလဲ


Android ထုတ်ကုန်အသုံးပြုသူများအနေဲ့ Android နဲ့သက်ဆိုင်တဲ့ သတင်းဝက်ဘ်ဆိုက်တွေထံ လည်ပတ် ရောက်ရှိတဲ့အခါမှာ ROM တွေရဲ့ အကြောင်းကို ကြားဖူးကောင်း ကြားဖူးပါလိမ့်မယ်။ ဒါပေမဲ့ Android အသုံးပြု သူအများစုဟာ ROM တွေရဲ့ အကြောင်းကို နားလည်သိရှိကြပေမယ့် အချို့သောသူများကတော့ ROM တွေရဲ့ အကြောင်းနဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း မသိရှိကြပါဘူး။ ဒါကြောင့် custom ROM တွေရဲ့ အကြောင်းကို မသိသေးသူများ အတွက် custom ROM တွေရဲ့အကြာင်းကို ဖော်ပြလိုက်ပါတယ်။

ပထမဦးဆုံးအနေနဲ့ ROM ဆိုတာ ဘာလဲ ဆိုတာကို ရှင်းပြပါမယ်။ ROM ဆိုတဲ့အသုံးအနှုန်းဟာ သိုလှောင်မှုချစ်ပ်တွေပါဝင်တဲ့ Read-Only-Memory ကို အတိုကောက် ခေါ်ဆိုထားခြင်းဖြစ်ပါတယ်။ ROM ပါဝင်တဲ့ Gameboy ဂိမ်းတွေမှာ ဂိမ်းတွေကို save လုပ်ဖို့အတွက် သီးခြားနေရာရှိပေမယ့် ဂိမ်းတွေကတော့ Read-Only ဖြစ်တဲ့အတွက် modify ပြုလုပ်နိုင်ခြင်းမရှိပါဘူး။ ဒီအသုံးအနှုန်းကို Android မှာရည်ညွှန်းအသုံးပြု တဲ့အခါမှာတော့ Firmware လို့ သုံးနှုန်းတာ အနီးစပ်ဆုံး မှန်ကန်တယ်လို့ ဆိုရပါမယ်။

ROM ကို Android ထုတ်ကုန်တွေမှာ install လုပ်တယ်ဆိုတဲ့ အဓိပ္ပာယ်ဟာ Android software/system file တွေကို ဖျက်ခြင်း (သို့) လက်ရှိဖိုင်အဟောင်းကို အသစ်နဲ့အစားထိုးခြင်းကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ ကွန်ပျူတာ operating system (Windows 7, OS X, Linux) တို့ကို re-install လုပ်တဲ့ လုပ်ငန်းစဉ်နဲ့ တူညီပါတယ်။

Custom ROMs ဆိုတာ ဘာလဲ

Android ROM တွေမှာ stock ROM နဲ့ custom ROM ဆိုပြီး နှစ်မျိုးရှိပါတယ်။ Stock ROM ဆိုတာကတော့ Android ဖုန်းကို ဝယ်ယူလိုက်တဲ့အခါမှာ ပါဝင်လာတဲ့ ဖုန်းရဲ့ operating system ဖြစ်ပါတယ်။

Custom ROM ဆိုတာကတော့ Android ဖြန့်ချိမှုတစ်ခုကို ပြုပြင်မွမ်းမံထားခြင်း ဖြစ်ပါတယ်။ Google ဟာ Android source code ကို မည်သူမဆို ပြောင်းလဲအသုံးပြုနိုင်အောင် ပြုလုပ်ပေးထားတာကြောင့် လူအများဟာ ၎င်း code ကို ကိုယ်တိုင်ပြောင်းလဲကြပြီး feature များထည့်သွင်းကြသလို နှစ်သက်ဖွယ်ကောင်း တဲ့ tweak များနဲ့ ပြောင်းလဲဖြန့်ဝေကြပါတယ်။ ဒါကြောင့် custom ROM တစ်ခုကို homescreen ပြောင်းလဲခြင်း၊ background ဝန်ဆောင်မှုများနဲ့ default software စတာတွေပါဝင်တဲ့ Android ကို ထုတ်ကုန် တစ်ခုပေါ်မှာ ပိုမိုကောင်းမွန်စွာ အလုပ်လုပ်နိုင်ဖို့အတွက် custom code ပြောင်းလဲပြင်ဆင်မှုအချို့ ပြုလုပ်ထားခြင်းလို့ အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါတယ်။

Software ကျွမ်းကျင်ပညာရှင်များဟာ လျင်မြန်ပြီး feature အများစု ဖြည့်စွက်ထားတဲ့ ROM တွေကို အတူတကွပူးပေါင်း တည်ဆောက်ကြပါတယ်။ လက်ရှိမှာ နာမည်ကျော်နေတဲ့ ROM များကတော့ Android ထုတ်ကုန် ၇၀ ကျော်အတွက် အထောက်အပံ့ပေးတဲ့ CyanogenMod, ပြုပြင်ပြောင်းလဲမှုများစွာပြုလုပ်ထား ပြီးပေါ့ပါးတဲ့ ROM ဖြစ်တဲ့ AOKP, အမြင် ကောင်းမွန်အောင် အဓိကထားပြုလုပ်ထားတဲ့ ROM ဖြစ်တဲ့ Android Revolution တို့ဖြစ်ပါတယ်။ ဒါပေမဲ့ အဆိုပါ Android တည်ဆောက်မှုများကို သာမန်လူများကသာ ပြုလုပ်ထား ခြင်းဖြစ်ပြီး HTC နဲ့ Samsung တို့မှ developer များက ပြုလုပ်ထားခြင်းမျိုးမဟုတ်ပေမယ့် အားနည်းချက်အများ အပြားမရှိသလို အသုံးပြုတဲ့အခါမှာလည်း အန္တရာယ်မရှိစေပါဘူး။ အချို့သော အခြေအနေများတွင် community များက တည်ဆောက်ထားတဲ့ software တွေဟာ ဆယ်ဆမက ပိုမိုကောင်းမွန်တာကိုတွေ့ရပြီး ဖြန့်ချိတဲ့အချိန်ကလည်း တစ်ခုတစ်ခု ဝေးကွာခြင်းမရှိပါဘူး။

Android အသုံးပြုသူများအနေနဲ့ HTC နဲ့ Samsung တို့ရဲ့ လက်ရှိ software နဲ့ပတ်သက်ပြီး စိတ်ကျေနပ်မှုမရှိ ဘူးဆိုရင် အောက်ဖော်ပြပါ ဝက်ဘ်ဆိုက်များထံ သွားရောက်လည်ပတ်ပြီး လေ့လာနိုင်ပါတယ်။ လက်ရှိ နာမည် ကျော်နေတဲ့ ROM သုံးခုကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

- CyanogenMod, http://www.cyanogenmod.com ကတော့ Android ထုတ်ကုန်တွေကို လျင်မြန်စွာနဲ့ အသုံးပြုနိုင်စေမယ့် ROM ဖြစ်ပါတယ်။

- AOKP, http://aokp.co ကလည်း နာမည်ကျော် ROM တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ ထုတ်ကုန်အများစုအတွက် အထောက်အပံ့ပေးထားခြင်းမရှိပေမယ့်လည်း လေ့လာရကျိုးနပ်စေမယ့် ROM ဖြစ်ပါတယ်။

- Android Revolution HD, http://forum.xda-developers.com/showthread.php?t=840040 မှာတော့ HTC ထုတ်ကုန်များကို အများစု အထောက်အပံ့ပေးထားပြီး Asus Transformer နဲ့ Galaxy Nexus တို့ကိုလည်း အထောက်အပံ့ပေးထားပါတယ်။

Custom ROM များကို အသုံးပြုခြင်းကြောင့် ရရှိသည့် အကျိုးကျေးဇူးများ

- Android ဖြန့်ချိမှုအသစ်ကိုရရှိလိုတဲ့အခါမှာ လပေါင်းများစွာ စောင့်ဆိုင်းရပါတယ်။ ဒါပေမဲ့ custom ROM developer များကတော့ ရက်သတ္တပတ်အနည်းငယ်အတွင်း ဖြန့်ချိပေးနိုင်ပါတယ်။ ဒါ့အပြင် feature သစ် တွေပါဝင်ပြီး အားနည်းချက်တွေကိုပြင်ဆင်ပေးထားတဲ့ update တွေကို မကြာခဏဆိုသလို ဖြန့်ချိတဲ့အတွက် ထုတ်ကုန်တွေကို လျင်မြန်စွာနဲ့ အသုံးပြုနိုင်စေပါတယ်။ Custom ROM အများစုကို update ပြုလုပ်တဲ့အခါမှာ လည်း over the air (OTA) ဖြင့်ပြုလုပ်နိုင်တာကြောင့် အရာအားလုံးကို re-install မလုပ်ဘဲ သုံးနိုင်ပါတယ်။

- ဖုန်းကို Root လုပ်ပြီးတဲ့ ROM တစ်ခုကို install လုပ်တဲ့အခါမှာ အလွယ်တကူပြုလုပ်နိုင်ပြီး ဖုန်းနဲ့အတူပါလာတဲ့ stock ROM ကိုလည်း ပြောင်းလဲအသုံးပြုနိုင်စေပါတယ်။

- Custom ROM တစ်ခုကို install လုပ်ဖို့အတွက် Android ထုတ်ကုန်ကို Root လုပ်ထားဖို့ လိုပါတယ်။ ဒါမှသာ ဖုန်းပေါ်မှ မလိုအပ်သည်များကို ဖယ်ရှားခြင်း၊ ဖုန်းကို မွှေနှောက်အသုံးပြုခြင်းတို့ကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Root access လိုအပ်တဲ့ overclocker လိုမျိုး application တွေကိုလည်း အသုံးပြုနိုင်စေပါတယ်။

Custom ROM များရဲ့ စွမ်းဆောင်ရည်

Developer တွေဟာ carrier တွေက ထည့်သွင်းပေးလိုက်တဲ့ app များကဲ့သို့ မလိုအပ်သမျှကို ဖယ်ရှား ထားခြင်းနဲ့ kernel ကို အဆင့်မြှင့်တင်ထားမှုများကြောင့် custom ROM တွေရဲ့ စွမ်းဆောင်ရည်ဟာ လျင်မြန်ပြီး အသုံးတည့်သလို memory သုံးစွဲမှုကလည်း နည်းပါးရခြင်း ဖြစ်ပါတယ်။


Custom ROM အသုံးပြုရာတွင် သတိပြုရမည့်အချက်များ

- Custom ROM များကို အသုံးပြုတဲ့အခါမှာ အန္တရာယ်ဖြစ်စေနိုင်တာကြောင့် သတိပြုပြီး အသုံးပြုဖို့လိုပါတယ်။ ပထမဦးဆုံးအနေနဲ့ ROM ထည့်သွင်းခြင်းလုပ်ငန်းစဉ်ဖြစ်တဲ့ flash လုပ်ငန်းစဉ်ကို ပြုလုပ်တဲ့အခါမှာ အမှားအယွင်းတစ်စုံတစ်ရာနဲ့ တွေ့ကြုံနိုင်ပါတယ်။ ဒီလိုဖြစ်ရပ်မျိုးဟာ လက်ရှိမှာ ဖြစ်ပွားမှုနည်းပါးလျက်ရှိပြီး အကယ်၍ အမှားအယွင်း တစ်စုံတစ်ရာနဲ့ကြုံတွေ့ခဲ့ပါက ယခင်အခြေအနေအတိုင်း restore လုပ်နိုင်ပါတယ်။

- Custom ROM ကို install လုပ်တဲ့အခါမှာ clean wipe ကို ပြုလုပ်ဖို့လိုပါတယ်။ ဒီလုပ်ငန်းစဉ်ဟာ လက်ရှိ data တွေ အားလုံးကို ဖျက်ပစ်မှာဖြစ်တဲ့အတွက် အရာအားလုံးကို အရင်ဆုံး back up လုပ်ထားရပါမယ်။

- Custom ROM တွေမှာ အားနည်းချက်ရှိနိုင်ပါတယ်။ အကယ်၍ အားနည်းချက်တွေကို ရှာဖွေတွေ့ရှိတဲ့အခါ မှာ ROM forum ပေါ်မှာ တင်ပြီးမေးမြန်းမှုများပြုလုပ်ကာ အကြံဉာဏ်များ ရယူနိုင်ပါတယ်။

- ဖုန်းအသစ်တွေနဲ့ ROM အသစ်တွေဟာ အချိန်တိုင်းလိုလို ထွက်ပေါ်နေပါတယ်။ ဒါကြောင့် ဖုန်းနဲ့ လိုက်ဖက်မယ့် ROM ကို ရှာဖွေရာမှာ ဖုန်းအမျိုးအစားနဲ့ ROM ကို ရိုက်ထည့်ပြီး အလိုရှိတဲ့ Android ဗားရှင်းကို ရှာဖွေ သင့်ပါတယ်။


by Internet Journal

ADSLအင်တာနက်လိုင်းအမြန်နှုန်းကို အခမဲ့ ၂ ဆတိုးမြှင့်ပေး


ယခု ၁ ရက်နေ့မှစတင်၍ ADSL အင်တာနက်လိုင်းအမြန်နှုန်းကို အခမဲ့ ၂ ဆတိုးမြှင့်ပေးခဲ့သည်ဟု ဆက်သွယ်ရေးစာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းသန်းက သြဂုတ်လ ၁၅ရက်နေ့ တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ပြောသည်။ လက်ရှိကောက်ခံနေသည့် နှုန်းထားများကို ပြောင်းလဲခြင်းမရှိဘဲ ADSL အင်တာနက်လိုင်းအမြန်နှုန်း တိုးမြှင့်ပေးခြင်းကို ရန်ကုန်၊ နေပြည် တော်နှင့် မန္တလေးမြို့များ၌ အစမ်းသဘောဖြင့် တိုးမြှင့်ပေးခဲ့ခြင်းဖြစ်သည်ဟု ဒုတိယ၀န်ကြီးကဆိုသည်။

Up Link Transmisson များအဆင် ပြေသည့်နေရာများ၌ အင်တာနက် အမြန်နှုန်းတိုးမြှင့်ပေးခဲ့ခြင်းဖြစ်ပြီး ယခင်အသုံးပြုနေသော 256Kbps များကို 512kbps သို့လည်း ကောင်း၊ 512Kbps သုံးစွဲသူများကို 1Mbps သို့လည်းကောင်း၊ 1Mbps သုံစွဲသူများကို 1.5Mbps အဖြစ်သို့လည်းကောင်း အသီးသီးတိုးမြှင့်ပေးခဲ့သည်ဟုသိရသည်။

ပြည်သူ့လွှတ်တော်၌ပြောကြားသော ဒုဝန်ကြီး၏အဆိုအရ အင်တာနက်ပိုမိုအသုံးပြုနိုင်စေရေးအတွက် ADSL အင်တာနက်သုံးစွဲခ များကို လျော့ချပေးနိုင်ရန် အသေးစိတ်တွက်ချက်၍ စီစဉ်ဆောင်ရွက်နေကြောင်းသိရသည်။

လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ မေးမြန်းချက်နှင့်ပတ်သက်၍ ဒုတိယ၀န်ကြီး ကအထက်ပါအတိုင်းဖြေကြားခဲ့ခြင်းဖြစ်ပြီး အင်တာနက်အမြန်နှုန်းတိုးမြှင့်ပေးခြင်းကိုလည်း Transmission Band Width တိုးချဲ့ပြီးစီးသည့်အဆင့်လိုက် ကျန်ရှိသောမြို့ များကိုတိုးချဲ့ပေးသွားမည်ဟုသိရသည်။ ““တစ်ချို့ကအမြန်နှုန်းတိုးပေးလိုက်တာကိုမသိသေးတာဖြစ်မယ်။

တိုးပေးလိုက်တဲ့အမြန်းနှုန်းအပြည့် အ၀ရတယ် မရဘူးဆိုတာကလည်း အသုံးပြုတဲ့အရေအတွက်နဲ့လည်းဆိုင်တယ်””ဟု အင်တာနက်အမြန်နှုန်းများနှေးကွေးနေဆဲဖြစ်သည်ဟု အသုံးပြုသူများ၏ ပြောဆိုချက်နှင့် ပတ်သက်၍ ရတနာပုံတယ်လီပို့ ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ADSL အင်တာနက်လိုင်းများကို မြန်မာနိုင်ငံ၏ ISP နှစ်ခုဖြစ်သည့် မြန်မာဆက်သွယ်ရေးလုပ်ငန်းနှင့် ရတနာပုံတယ်လီပို့ကုမ္ပဏီတို့ရောင်းချပေးနေခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၌ ADSL အင်တာနက်လိုင်းအရေအတွက် လိုင်းပေါင်း ၁ သောင်းကျော်အသုံးပြုနေသည်ဟုသိရပြီး ရတနာပုံတယ်လီပို့အနေဖြင့် ADSL အင်တာနက်လိုင်းပေါင်း ၇ ထောင်ကျော်ကိုရောင်းချပေးခဲ့သည်ဟုသိရသည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် Broadband အင်တာနက်စနစ်ကို လိုင်းအရေအတွက် ၆ သောင်းကျော်တပ်ဆင် အသုံးပြုနေပြီး အသုံးပြုသူအရေ အတွက် ၆ သိန်းကျော်ရှိမည်ဟုလည်း ခန့်မှန်းထားရှိကြသည်။

by Internet Journal
 

နိုင်ငံရေး အကျဉ်းသားဟောင်းများ ဒုတိယအကြိမ် ပြန်လည်တွေ့ဆုံပွှဲ

အန်အယ်လ်ဒီ သဘာပတိအဖွဲ့ နာယက သူရဦးတင်ဦး

နိုင်ငံရေး အကျဉ်းသားဟောင်းများ ဒုတိယအကြိမ် ပြန်လည်တွေ့ဆုံပွှဲမှ ကော်မတီဝင် ပြန်လည်ရွေးချယ်ပွဲကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ယနေ့မွန်းလွဲပိုင်းက ကျင်းပခဲ့ရာ ၊ သူရဦးတင်ဦး၊ ဟံသာဝတီဦးဝင်းတင်နှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများ ရာနှင့်ချီတက်ရောက်ကြသည်။ ယနေ ကော်မတီဝင် ၂၀ ကို ရွေးချယ်ခဲ့ကြသည်။

နိုင်ငံရေး ပုဒ်မဖြင့် ဖမ်းဆီးခံခဲ့ကြရသည့် နိုင်ငံရေး အကျဉ်းသားဟောင်း သံဃာများ
— at Royal Rose, Yangon, .


ရခိုင်ပြည်နယ် တိုင်းရင်းသားမိသားစုများ၏ ကလေးငယ်များအတွက် ပညာရေးထောက်ပံ့မှု တေးဂီတဖျော်ဖြေပွဲ


ရခိုင်ပြည်နယ် တိုင်းရင်းသားမိသားစုများ၏ ကလေးငယ်များအတွက် ပညာရေးထောက်ပံ့မှု တေးဂီတဖျော်ဖြေပွဲကို ၁၉၊၈၊၂ဝ၁၂ နေ့ညက အမျိုးသားကဇာတ်ရုံမှာ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပါတယ်။

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင် တက်ရောက်ပြီး အမှတ်တရစကား ပြောကြားခဲ့တဲ့အပြင်၊ကလေးငယ်များပညာရေးအတွက် အလှူငွေကောက်ခံရာမှာလည်း ကူညီကောက်ခံပေးခဲ့ပါတယ်။

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင် အမှတ်တရစကား ပြောကြားစဉ် ။

ကလေးငယ်များပညာရေးအတွက် အလှူငွေကောက်ခံရာမှာလည်း ကူညီကောက်ခံပေးခဲ့ပါတယ်။

တခြား ဘာသာရေး ခေါင်းဆောင်များ နည်းတူ ဗုဒ္ဓဘာသာ ရဟန်းခေါင်းဆောင်များလည်း စုံစမ်း စစ်ဆေးရေး ကော်မရှင်တွင် ပါဝင်သင့်

ကော်မရှင် ပထမ အကြိမ် အစည်းအဝေး ကျင်းပနေစဉ်။

မောင်အေး

သြဂတ်စ်လ (၁၇) ရက်နေ့က နိုင်ငံတော်သမတ ဦးသိန်းစိန်အမိန့်ဖြင့် ဖွဲ့စည်းလိုက်သည့် ရခိုင်ပြည် တွင် ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခအား စုံစမ်းစစ်ဆေးရေး ကော်မရှင်တွင် မွတ်ဆလင်၊ ခရစ်ယာန် ဘာသာရေး ခေါင်းဆောင်များနည်းတူ ဗုဒ္ဓဘာ ခေါင်းဆောင် ရဟန်းတော်များလည်း ပါဝင် သင့်သည် ဟု ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင်က ပြောသည်။


ဦးအေးသာအောင်အား နိရဉ္စရာမှ ရခိုင် ပဋိပက္ခ စုံစမ်း စစ်ဆေးရေး ကော်မရှင်နှင့် ပတ် သက်ပြီး မေးမြန်းစဉ် သူက ထိုကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ ဒီစုံစမ်း စစ်ဆေးရေး ကော်မရှင်မှာ အစ္စလာမ် ဘာသာရေး ခေါင်းဆောင်တွေ၊ ခရစ်ယာန် ခေါင်းဆောင်တွေ၊ ဟိန္ဒီ ဘာသာက ခေါင်းဆောင်တွေကို ထည့်ရင် ဗုဒ္ဓဘာသာ ရဟန်း ခေါင်းဆောင် တွေကိုလည်း ထည့်သင့်တယ်။ ဘာသာ ၃ ခုက ခေါင်းဆောင်တွေပါဝင်ပြီး ဗုဒ္ဓဘာသာ ခေါင်းဆောင် တွေကျတော့ ဘေးဖယ် ထားတယ် ဆိုရင်တော့ နည်းနည်းတော့ သဘာဝ မကျဘူးလို့ ထင်တယ်” ဟု ပြောသည်။

ယခု ဖွဲ့လိုက်သော စုံစမ်း စစ်ဆေးရေးကော်မရှင်တွင် ဗုဒ္ဓဘာသာမှ အပ တခြား ဘာသာရေး ခေါင်းဆောင် အများအပြား အဖွဲ့ဝင်အဖြစ် ပါဝင်နေရာ ၎င်းတို့မှာ သိက္ခာတော်ရ ဆရာတော် ဦးကျော်ညွှန့် ဂျပ်ဆင်ဘုရားကျောင်း ရန်ကုန်မြို့၊ သိက္ခာတော်ရ ဆရာတော် ဦးစောဝေကြီး အတွင်းရေးမှူး၊ မြန်မာဘက် (ပ်) တစ်(စ်) ကွန်ဗင်းရှင်း၊ ဟာဂျီ ဦးညွန့်မောင်သျှိ ဥက္ကဌ၊ အစ္စလာမ် သာသနာရေးရာ ကောင်စီဌာနချုပ်၊ ဟာဂျီ ဦးတင်မောင်သန်း အတွင်းရေးမှူး၊ အစ္စလာမ် သာသနာရေးရာ ကောင်စီချုပ်၊ ဟာဂျီ ဦးလှဝင်း ဥက္ကဌ၊ မြန်မာမူဆလင် အမျိုးသားရေးရာ အဖွဲ့ချုပ် (မအဖ) ဌာနချုပ်၊ ဦးကျော်ခင် အထွေထွေအတွင်းရေးမှူး၊ မြန်မာမူဆလင် အမျိုးသားရေး ရာ အဖွဲ့ချုပ်၊ ဟာဂျီ ဦးမြင့်ထွန်း ဥက္ကဌ၊ မြန်မာမူဆလင်လူငယ်များ (ဘာသာရေး) အဖွဲ့ချုပ်၊ ဦးလှဝင်း အတွင်းရေးမှူး၊ မြန်မာမူဆလင် လူငယ်များ (ဘာသာရေး) အဖွဲ့ချုပ်နှင့် ဒေါက်တာ လှထွန်း အကျိုးတော်ဆောင် ၊ သနန္တရဓမ္မပါလက (ဟိန္ဒူအဖွဲ့ချုပ်) တို့ ဖြစ်ကြသည်။

၎င်းပြင် ယမန်နေ့ပြုလုပ်သည့် ပထမအကြိမ် ကော်မရှင် အစည်းအဝေးနှင့် ပတ်သက်ပြီးလည်း ဦးအေးသာက ပြောပြရာတွင် စစ်ဆေးမည့် အချိန်ကို တစ်လကနေ သုံးလထိ တိုးမြှင့်လိုက်သည်ဟု ဆိုသည်။

“စုံစမ်းစစ်ဆေးရေးအချိန်ကို ဒီနေ့သုံးလဆိုပြီး ပြန်ပြင်လိုက်ပါတယ်။ ဒီထက်လိုအပ်ရင်လည်း တိုး သွား ဖို့အစီ အစဉ်ရှိပါတယ်။”

အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက စက်မှုလက်မှုဝန်ကြီးဌာနပိုင် ခန်းမတခုတွင် ပြုလုပ် ခဲ့ခြင်း ဖြစ် သည်။

ယနေ့ပြုလုပ်သည့် အစည်းအဝေးမှာ ကော်မရှင်အဖွဲ့ဝင် ၂၀ ကျော်တက်ရောက်ခဲ့ပြီး မိတ်ဆက် သ ဘော တွေ့ဆုံခြင်းဖြစ်ကာ ကော်မီတီဝင်တချို့မှာ ခရီးလွန်နေသည့်အတွက် မတက်ရောက်နိုင်ခဲ့ ဟု ဆိုသည်။

အစည်းအဝေး တက်ရောက်လာသာများကို လုပ်ငန်းအဖွဲ့ ၈ ဖွဲ့ဖွဲ့စည်းလိုက်ကြောင်း ဦးအေး သာ အောင်က ဆက်ပြောသည်။

“ အစည်းအဝေးမှာ ပထမဆုံး မိတ်ဆက်ကြတယ်။ တက်ရောက်လာတဲ့သူတွေကို လုပ်ငန်းအဖွဲ့ ၈ ဖွဲ့ ခွဲလိုက် ပါတယ်။ အတိအကျ ဆွေးနွေးတာတွေ မရှိသေးဘူး။ လာမယ့်အင်္ဂါနေ့မှာ နယ်စပ်ရေးရာ ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးနဲ့တွေ့ဖို့ရှိတယ်” ဟု ဦးအေးသာအောင်က ဆက်ပြောသည်။

နယ်စပ်ရေးရာ ၀န်ကြီး ဦးသိန်းဌေးနှင့်တွေ့စုံသည့်အခါ ကော်မရှင်အနေဖြင့် ရခိုင်ပြည်နယ်သို့ မည် သည့်နေ့ရက်တွင် သွားရောက်သင့်သည်ကို တင်ပြပြီးမှ ခရီးစဉ်အတွက် အစိုးရမှ စီစဉ်ပေး မည်ဖြစ် ကြောင်း သိရသည်။

ဦးအေးသာအောင်မှာ ယခုဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်ပဋိပက္ခ စုံစမ်းစစ် ဆေးရေး ကော်မီတီတွင် တခြား ရခိုင်ခေါင်းဆောင် တစ်ဦးဖြစ်သည့် ဒေါက်တာ အေးမောင်နှင့် အတူ အဖွဲ့ဝင် အဖြစ် ပါဝင် သည်။

လွန်ခဲ့သည့် သောကြာနေ့က နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်သည့်ကြေငြာချက်တွင် စက်တင်ဘာလ ၁၇ ရက်နေ့တွင် စုံစမ်းစစ်ဆေးရေးကော်မီတီမှ တွေ့ရှိချက်များကို သမ္မတထံသို့တိုက်ရိုက် တင်ပြရ မည်ဟု ဖော်ပြထားသော်လည်း ယနေ့ (သြဂတစ်)လ ၂၀ ရက်နေ့ ထုတ်ပြန်သည့် သမ္မတရုံးကြေငြာ ချက် တွင် နိုဝင်ဘာလ ၁၆ ရက်နေ့ အရောက် သမ္မတထံ တင်ပြရမည်ဟု ဖော်ပြထားသည်။

စုံစမ်းစစ်ဆေးရန် အချိန် လုံလောက်မှုမရှိသည့် အတွက် ယခုကဲ့သို့ အချိန်ကို (၃)လထိ တိုး လိုက်ခြင်း ဖြစ်သည်။

နိရဉ္ဖရာ
 

ကုလားချောင်းကို ၀င်ရောက် ပစ်ခတ်ခဲ့သူများထံမှ သက်သေခံ ပစ္စည်း အများအပြား သိမ်းဆည်းရ

သိမ်းဆည်ရမိသော သက်သေခံ ပစ္စည်းများကို တွေ့ရစဉ်။


သြဂတ်စ်လ ၁၄ ရက်နေ့က ရသေ့တောင်မြို့နယ် ကုလားချောင်းကျေးရွာအား ၀င်ရောက် ပစ်ခတ်ခဲ့သူများထံမှ သက်သေခံ ပစ္စည်း အမြောက်အများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ရရှိခဲ့သော သက်သေခံ ပစ္စည်းများမှာ ဘင်္ဂလာဒေခ်ျ့နှင့် သက်ဆိုင်သော ပစ္စည်းများ ဖြစ်ကြောင်း အမည်မဖေါ်လိုသူ ရဲအရာရှိတစ်ဦးက ပြောသည်။

သိမ်းဆည်ရမိသော သက်သေခံ ပစ္စည်းများကို တွေ့ရစဉ်။

“ သူတို့က ဘယ်လောက်ထိ အတင့်ရဲသလဲဆိုရင် စက်လှေပေါ်မှာ ဘင်္ဂလာဒေခ်ျ့က အလံတွေကို ထောင်ပြီး ကျွန်တော်တို့ နိုင်ငံ အတွင်းမှာ သွားလာနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် စက်လှေပေါ်က ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ကဒ်တွေ၊ စာရွက်စာတန်းတွေ၊ ဖုံးနံပတ်တွေ၊ ပီးရင် စက်လှေပေါ်က ကျွဲတစ်ကောင်ကိုပါ ဖမ်းမိတယ်” ဟု သူက ပြောသည်။

သို့သော် လက်နက်တွေ၊ ခဲယမ်းမီးကျောက်များကို သိမ်းဆည်းရရှိမိခြင်း မရှိကြောင်း ဆိုသည်။

ကုလားချောင်းကျေးရွာမှ ဆရာမ တစ်ဦးကလည်း သူတို့ဒေသ၏ နောက်ဆုံး အခြေအနေကို ယခုလို ပြောသည်။

“ အခုတော့ အခြေအနေ အေးအေး ဆေးဆေး ရှိပါတယ်။ သူတို့ထဲက တစ်ဦးကိုဘဲ ဖမ်းမိပါတယ်။ ကျန်တဲ့သူတွေကို မမိသေးပါဘူး။ လိုက်လံရှာဖွေနေတုန်းဘဲ ဖြစ်ပါတယ်” ဟု ပြောသည်။

အဆိုပါ ဘင်္ဂလာမှ အဖွဲ့သည် ရသေ့တောင်မြို့နယ် တောင်ပိုင်း မယူကမ်းတွင် တည်ရှိသော ကုလားချောင်းကျေးရွာ အနီး ပြင်ချောင်းထဲတွင် ဘင်္ဂလာဒေခ်ျ့ အလံများကို ထောင်ပြီး စက်လှေ နှစ်စီးနှင့် ၀င်ရောက်လာစဉ် ဒေသခံ ကျေးရွာသားများနှင့် ထိပ်တိုက်တိုးပြီး ပစ်ခတ်မူ ဖြစ်ပွားခဲ့သည်။ ၎င်းနောက်ပိုင်း စစ်သားများ လိုက်လာသဖြင့် ထွက်ပြေးရာ စက်လှေ တစ်စီးကို ဖမ်းမိပြီး ကျန်တစ်စီးမှာ လွှတ်မြှောက်သွားခဲ့သည်။

ယခု ဖမ်းဆီးရမိသော သက်သေခံ ပစ္စည်းများမှာ စက်လှေပေါ်မှာ ရှာဖွေတွေ့ရှိသော ပစ္စည်းများ ဖြစ်ကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး တစ်ဦးက ပြောသည်။

ယခု ဘင်္ဂလာဒေခ်ျ့ဘက်မှ ၀င်ရောက်လာသူများမှာ ဒေသခံများတိုက်ခိုက်ရန်နှင့် မတည်ငြိမ်မူများကို ဖန်တီးရန် ၀င်ရောက် လာသူများ မဟုတ်ဘဲ ကျွဲနွားများကို ခိုးယူရန် ၀င်ရောက်လာသူများ ဖြစ်နိုင်သည်ဟု အာဏာပိုင်များက ပြောဆိုသည်ဟု သူက ဆိုသည်။

သို့သော်လည်း အာဏာပိုင်များက အဆိုပါ ဒေသတွင် ယခုအခါ လုံခြုံရေးကို တင်းကျပ်ထားပြီး စစ်သားများလည်း ကင်းလှည့် သွားလာနေကြသည်ဟု ဒေသများက ပြောဆိုသည်။

နိရဉ္ဖရာ

ကင်ဆာကို ကာကွယ်နိုင်ကြောင်း အတည်ပြုထားသည့် နည်းလမ်းများ....


ကင်ဆာကို ကာကွယ်နိုင်ကြောင်း အတည်ပြုထားသည့် နည်းလမ်းများ....

သိပ္ပံပညာရှင်တွေက ကင်ဆာအများစုကို ကာကွယ်နိုင်တဲ့ နည်းလမ်းတွေကို မကြာခင်ကမှ ကြေညာ လိုက်ပါတယ်။ ကိုယ်အလေးချိန်ကို ထိန်းသိမ်းတာ၊ လေ့ကျင့်ခန်း လုပ်တာနဲ့ ဆေးလိပ် မသောက်တာတွေဟာ
ကင်ဆာကို ကာကွယ်ဖို့ အဓိက သော့ချက်တွေဖြစ်ပြီး အောက်ပါတွေကို ပြုလုပ်တာကြောင့်လည်း ကင်ဆာဖြစ်နိုင်ခြေကို သိသိသာသာ လျှော့ချ နိုင်တယ်လို့ ကျွမ်းကျင်သူတွေက အကြံပေးထားပါတယ်။

၁။ ရောင်ရမ်းမှုတွေ မရှိအောင် ရေသောက်ပါ

စိတ်ဖိစီးမှုတွေ တစ်ချိန်လုံး ဖြစ်နေတာကြောင့် ခန္ဓာကိုယ်မှ ကင်ဆာဖြစ်စေနိုင်တဲ့ ရောင်ရမ်းမှု ထုတ်လုပ်မှု ၅၅ ရာခိုင်နှုန်းထိ မြင့်တက်လာနိုင်ပါတယ်။ နေ့စဉ် ရေရှစ်ခွက်လောက် သောက်ပေးရင် ရောင်ရမ်းမှုကို
 ဖြေရှင်းနိုင်ပါတယ်။ ရေဟာ ရောင်ရမ်းမှုဖြစ်စေတဲ့ ဒြပ်ပေါင်းတွေကို (သူတို့က ခန္ဓာကိုယ်ရဲ့ဆဲလ်တွေကို ဖျက်ဆီးမှု မပြုလုပ်နိုင်ခင်မှာပဲ) ဖယ်ရှားပေးနိုင်ပါတယ်။ ဒါ့အပြင် ဟာချီဆင် ကင်ဆာသုတေသန ဌာနမှ လေ့လာမှုအရ ရေဓာတ်ပြည့်ဝနေတာကြောင့် အူမကြီးကင်ဆာ၊ သားမြတ်ကင်ဆာနဲ့ ဆီးအိမ်ကင်ဆာ ဖြစ်နိုင်ခြေကို ၄၅ ရာခိုင်နှုန်းနဲ့အထက် လျှော့ချနိုင်ပါတယ်လို့ သိရပါတယ်။

၂။ သားမြတ်ကို ကာကွယ်နိုင်အောင် နေခြည်နုနု ခံယူပါ

နေရောင်ခြည်နဲ့ နေ့စဉ် မိနစ် ၂၀ ခန့် ထိတွေ့တာကြောင့် သားမြတ်ကင်ဆာ ဖြစ်နိုင်ခြေ ၃၆ ရာခိုင်နှုန်းထိ လျှော့ချနိုင်တယ်လို့ နှစ်ပေါင်းများစွာ သုတေသန ပြုလုပ်အပြီးမှာ ဖော်ထုတ် လိုက်ပါတယ်။ နေရောင်ခြည် (UV Light) ဟာ ခန္ဓာကိုယ်မှ ကင်ဆာကို တိုက်ထုတ်နိုင်တဲ့ အာဟာရ ဗီတာမင်ဒီ ထုတ်လုပ်မှုကို မြင့်မားစေနိုင်ပါတယ်။ နံနက်ခင်းမှာ နေရောင်ခြည်ကို ခံယူရင် အရေပြားအနေနဲ့ ဆဲလ်ပျက်စီးမှုတွေကို ပြန်လည် ပြုပြင်နိုင်စွမ်း အမြင့်ဆုံး အချိန်ဖြစ်တာမို့ အရေပြားကင်ဆာ ဖြစ်နိုင်ခြေကိုလည်း ငါးဆအထိ လျှော့ချ နိုင်ပါတယ်။

Tip!
သွေးတွင်း သကြားဓာတ်ကို ထိန်းသိမ်းပြီး ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပါ

သွေးထဲမှာ သကြားဓာတ်တွေ မြင့်တက်နေတာဟာ ကင်ဆာကြီးထွားမှု အတွက် လောင်စာ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သွေးတွင်း သကြားဓာတ်ကို တည်ငြိမ်အောင် ထားရှိတာဟာ အကျိတ်ကြီးထွားမှုကို ရပ်တန့်စေနိုင်တဲ့အပြင် ခုခံအားစနစ်ကိုလည်း ကင်ဆာဆဲလ်တွေကို ဖျက်ဆီး နိုင်ချိန်ပေးဖို့ အဓိက သော့ချက်ပါလို့ ဆိုပါတယ်။ သွေးတွင်း သကြားဓာတ် တည်ငြိမ်မှုရှိအောင် -

၁။ နံနက်တိုင်း အမျှင်ဓာတ်မှီဝဲပြီး ခန္ဓာကိုယ်မှ သကြားစုပ်ယူမှုကို ပိတ်ပင်ပါ။

၂။ သကြားဓာတ် (ကာဗိုဟိုက်ဒရိတ်) စုပ်ယူမှု နှေးကွေးအောင် အစာစားတိုင်း ပရိုတင်း (အသား၊ ဥ၊ နို့၊ တိုဟူး) ပါဝင်အောင် စားပေးပါ။

နေရောင်ခြည်နဲ့ ထိတွေ့မှုမရှိတဲ့ နေရာရောက်နေရင် နေ့စဉ် ဗီတာမင်ဒီ ၂၀၀၀ IU မှီဝဲနိုင်ပါတယ်လို့ သုတေသီတွေက ဆိုပါတယ်။

၃။ ကျန်းမာနေအောင် ဟင်းခတ် အမွှေးအကြိုင် အသုံးပြုပါ

ဇီရာစေ့အခြောက် လက်ဖက်ရည်ဇွန်း တစ်ဝက်စာ ဒါမှမဟုတ် ဇီရာ စားပွဲဇွန်း တစ်ဇွန်းစာကို နေ့စဉ် အသုံးပြုတာကြောင့် ကင်ဆာကို တွန်းလှန်နိုင်တဲ့ ခုခံဆဲလ်တွေ ထုတ်လုပ်နိုင်အောင် လှုံ့ဆော်မှုပေးပြီး ကင်ဆာဆဲလ် ကြီးထွားမှုကို ပိတ်ပင်နိုင်ပါတယ်။

ဒါ့အပြင် နေ့စဉ် ကြက်သွန်ဖြူတစ်ဥ စားသုံးတာကြောင့် အစာခြေစနစ်အတွင်း ကင်ဆာရောဂါ ဖြစ်နိုင်ခြေ ၃၀ ရာခိုင်နှုန်းထိ လျှော့ချနိုင်ပါတယ်။ ကြက်သွန်ဖြူမှာ ပါဝင်တဲ့ ဆာလဖာကွန်ပေါင်းတွေက သင်ရဲ့ ခုခံအားစနစ်မှ မသင်္ကာစရာ ဆဲလ်တွေကို ဖျက်ဆီးနိုင်စွမ်းရည် မြှင့်တင်ပေးနိုင်လို့ပါလို့ ကယ်လီဖိုးနီးယားမှ သုတေသီတွေက ပြောပါတယ်။

Tip! အာလူးကြော်ကို ရှောင်ပါ

အာလူးလိုမျိုး ကစီများတဲ့ အစာကို အပူချိန်မြင့်မားစွာနဲ့ ကြော်လှော်ခဲ့ရင် ကင်ဆာဖြစ်စေနိုင်တဲ့ ဒြပ်ပေါင်းတွေ ထွက်လာတာမို့ အာလူးကြော်လိုမျိုး အစာတွေကို ရှောင်ရမယ်လို့ WHO က သတိပေးထားပါတယ်။

၎။ ပျက်ပြယ်အောင် စတော်ဘယ်ရီသီး စားပါ

စတော်ဘယ်ရီသီးမှာ များစွာပါဝင်တဲ့ အပင်ဒြပ်ပေါင်း Ellagic Acid တွေဟာ အစာအိမ်နဲ့ အူလမ်းကြောင်း စနစ်ရဲ့ အမြှေးပါးအတွင်း ပျော်ဝင်နိုင်တာကြောင့် ကင်ဆာဖြစ်စေနိုင်တဲ့ ပစ္စည်းနဲ့ အဆိပ် အတောက်တွေကြောင့် ပျက်စီးနိုင်ခြေကို ၇၅ ရာခိုင်နှုန်းထိ ကာကွယ် နိုင်တယ်လို့ ကန်တက်ကီ တက္ကသိုလ်မှ သုတေသီတွေက ဆိုပါတယ်။

၅။ လေထုသန့်စင်အောင် သန့်ရှင်းရေးသုံး ပစ္စည်းတွေကို သတိထားသုံးပါ

အနံ့အသက်ပါတဲ့ အဝတ်လျှော် ဆပ်ပြာမှုန့်တွေမှာ ကင်ဆာဖြစ်စေနိုင်တဲ့ ဒြပ်ပေါင်း နှစ်မျိုး ပါဝင်တယ်လို့ ဝါရှင်တန် တက္ကသိုလ်မှ လေ့လာမှုအရ သိရပါတယ်။ အနံ့အသက် မပါဝင်တဲ့ သန့်ရှင်းရေးသုံး ပစ္စည်းတွေကို ပြောင်းသုံးတာကြောင့် ကင်ဆာဖြစ်နိုင်ခြေဟာလည်း အလိုအလျောက် ကျဆင်း သွားနိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။

၆။ ခုခံအားစနစ် မြင့်တက်အောင် မိတ်ဆွေ အပေါင်းအသင်းထားပါ

သင်ရဲ့မိတ်ဆွေရင်းတွေနဲ့ အချိန်ယူပြီး တွေ့ဆုံတာကြောင့် ကင်ဆာဖြစ်နိုင်ခြေ ငါးဆထိ လျှော့ချ နိုင်တယ်လို့ သြစတြေးလျမှ သုတေသီတွေက ဆိုပါတယ်။ မိတ်ဆွေ ဒါမှမဟုတ် မိသားစုတွေနဲ့ ရင်းရင်းနှီးနှီး နေတတ်သူတွေဟာ စိတ်ဖိစီးမှုတွေ ကျဆင်းတာကြောင့် ခုခံအားစနစ် သန်မာပြီး ကျန်းမာရေးလည်း ပိုကောင်းမွန်တယ်လို့ သုတေသီတွေက ဆိုပါတယ်။

-------------------------------

ဒေါက်တာခင်မိုးမိုး
By Good Health

"ကမ္ဘာ့ သည်းခံအားအကောင်းဆုံးလူမျိုး . . ."

"ကမ္ဘာ့ သည်းခံအားအကောင်းဆုံးလူမျိုး . . ."

လွတ်လပ်တဲ့ရွေးကောက်ပွဲကျင်းပပေးမယ်ဆိုပြီး ၁၉၉၀ မှာ

မဲထည့်ကြရတယ်. . .ပြီးတော့ပေါ်တင်ပဲ ဘာမှလုပ်မပေးဘူး . . .

ကြက်ဆူပင်တွေစိုက်ကြ ဆိုတော့လည်း တစ်နိုင်ငံလုံး စိုက်ကြရတယ် . . . ခုတော့ဘယ်မှာ လဲကြက်ဆူ . . .

အခြေခံပညာကျောင်း တွေမှာ E- education ဆိုပြီး Multimedia room တွေထားကြဆိုတော့ လည်းထားလိုက်ကြတာပဲ ခုတော့ဘယ်ရောက်ကုန်ပြီလဲ . . .

၅ ထောင်လောက်တောင်မတန်တဲ့ဖုန်း ကိုလည်း ၁၅ သိန်းကျော်နဲ့ လည်းအလုအယက် ၀ယ်သုံးခဲ့ကြရတာပဲ . . .

ကားတွေ၊ ဆိုင်ကယ် တွေကိုလည်း နိုင်ငံတကာပေါက်ဈေးထက် အဆများစွာပေးပြီးစီးခဲ့ ရတာပဲ . . .

တက္ကသိုလ်တွေကို မြို့အပြင် ၁၅ မိုင်၊ မိုင် ၂၀ လည်း သွားတက်ဆို တက်လိုက်တာပါပဲ . . .

လယ်မြေတွေ၊ အိမ်ရာတွေလည်း သိမ်းတယ် ရွေ့ဆိုလည်း ကြည်ဖြူစွာ ရွေ့ပေးလိုက်တာပဲ . . .

အာဏာရှင်တွေ သူ့ရဲ့မိသားစုဝင်တွေ၊ အပေါင်းပါ ခရိုနီ တွေရဲ့ အနိုင်ကျင့် နှိပ်စက်မှုကိုလည်း တသက်လုံး အပြုံးမပျက် ကျိတ်ခံခဲ့ပါတယ်. . .

အနှစ် ၂၀ ကျော် လျှပ်စစ်မီးပြည့်ဝစွာ မရဘဲ အမှောင်ထဲမှာ နေဆိုတော့လည်း ကြည်ဖြူစွာ နေခဲ့ရတာပါပဲ . . .

အရပ်သားအစိုးရကို အာဏာလွှဲပေးတယ်ဆိုပြီး ယူနီဖောင်းချွတ်၊ တိုက်ပုံပြောင်းဝတ်ပြီး အာဏာကိုပေါ်တင်ကြီးလိမ်ယူတာလည်း သိသိကြီးနဲ့ခံခဲ့ရတာပဲ . . .
..............................................................................................................................
...............................................................................................................................
........................................................................................................................... ခုမှတော့မထူးတော့ပါဘူး
ခံလက်စနဲ့ဆက်ခံလိုက်ပါတော့မယ် . . .


with Yamin Htat facebook

ယနေ့ (သြဂုတ်လ ၂၀ရက်နေ့) တွင် ကျင်းပမည့် အမျိုးသားလွှတ်တော် အစည်းအဝေး


ယနေ့ (သြဂုတ်လ ၂၀ရက်နေ့) တွင် ကျင်းပမည့် အမျိုးသားလွှတ်တော် အစည်းအဝေး၌ အောက်ပါ အကြောင်းအရာများကို ထည့်သွင်း ဆွေးနွေးမည် ဖြစ်ပါသည်။

(၁) ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပေးပို့လာသော ၂၀၁၂ ခုနှစ် စာစစ်အဖွဲ့ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြား ရှင်းလင်းခြင်း။ အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

(၂) တောင်သူလယ်သမားနှင့် ပြည်တွင်း ပြည်ပ အလုပ်သမားများဆိုင်ရာ ကော်မတီ၏ အစီရင်ခံစာကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ် သုံးဦးက ဆွေးနွေးခြင်း။ အမျိုးသားလွှတ်တော်၏ အတည်ပြုချက် ရယူခြင်း။

(၃) အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ အစီရင်ခံစာကို ဆွေးနွေးခြင်း၊ သဘောတူလက်ခံရန် အဆိုတင်သွင်းခြင်း၊ အတည်ပြုချက် ရယူခြင်း။



မြန်မာနိုင်ငံအတွက်လျှပ်စစ်ရရှိရေးထပ်မံပြည့်ဝအောင်လုပ်ဆောင်သွားမည်

မြန်မာနိုင်ငံ၏ လျှပ်စစ်ရရှိရေးကိစ္စများကို ထပ်မံပြည့်ဝအောင်လုပ်ဆောင်သွားရန် ပြုလုပ်သွားမည် ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးကပြောသည်။ယခင်ထက် စွမ်းအင်ပြည့်ဝရန် အကြံဥာဏ်များစဉ်းစားနေကြောင်း၊နိုင်ငံခြားတိုင်းပြည်များနှင့် ချုပ်ဆိုထားသော စာချုပ်ကိစ္စများရှိနေသေးကြောင်း ၄င်းက ထပ်လောင်းပြောသည်။ပထမ အကြိမ် အမျိုးသားလွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး ၃၀ ရက်မြောက်နေ့ကို ယနေ့တွင် ကျင်းပရာ၌ ရန်ကုန်တိုင်းဒေသကြီးမဲ ဆန္ဒနယ် အမှတ်(၆)မှ ဒေါက်တာတင်ရွှေ၏ရန်ကုန်တွင် လျှပ်စစ်မီးပြတ်တောက်ခဲ့သောအခြေအနေနှင့် ပတ်သတ်၍ သဘာဝဓါတ်ငွေ့နှင့်လေဆီများထွက်သည့်အောင်သင်္ခ(၂) ၊ရှာဖွေရေးတွင်းအား ထိုင်းနိုင်ငံ ကုမ္ပဏီတွင်းတူးစက်ဖြင့် တူးလျက်ရှိရာ တွင် အောင်မြင်မှု ရှိမရှိနှင့် စပ်လျဉ်သည့်မေးခွန်းကို ၄င်းက ယင်းသို့ဖြေကြားခဲ့သည်။

ထို့ပြင် (၁) မန္တလေးတိုင်း၊သာစည်မြို့နယ်၊ယင်းမာပင် ကျေးရွှာရှိအခြေခံပညာ အထက်တန်းကျောင်းခွဲအား အထက်တန်းအဆင့်တိုးမြင့်ပေး ရန်ကိစ္စ၊(၂) မကွေးတိုင်းချောက်မြို့နယ်၊ရွာမကျေးရွာရှိ မူလွန်ကျောင်းကို အလယ်တန်းကျောင်းခွဲ အဖြစ်အဆင့်တိုးပေးရန်၊(၃) မိတ္ထီလာ မြို့နယ် ရေဝေအထက်တန်းကျောင်းခွဲကို အထက်တန်းကျောင်းအဖြစ်တိုးမြင့်ပေးရန်၊(၄) ကချင်ပြည်နယ်၊ဖားကန့်မြို့နယ် ဟောင်ပါး ကျေးရွာ တွဲဖက် အထက်တန်းကျောင်းကို အထက်တန်းကျောင်းခွဲ အဖြစ် အဆင့်မြင့်ပေးရန် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၎ဦး တို့က စသည့်မေးခွန်းတို့ကို မေးမြန်းပြီးပြည်ထောင်စု အဆင့်မှ ပြန်လည်ဖြေကြားရာတွင် ပညာရေးဝန်ကြီးဌာနမှ ပြည်ထောင်စု ဒုဝန်ကြီး က မေးခွန်း(၁)၊(၂) တို့တွင် အစီစဉ် မရှိသေးကြောင်းနှင့် မေးခွန်း(၃) နှင့် (၄) တို့အား လာမည့် ၂၀၁၃.၁၄ ခုနှစ် ပညာသင်နှစ်တွင် တိုးမြင့်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းဖြေကြားခဲ့သည်။

သတင်းဂျာနယ် ၊ နိုင်ငံရေးနှင့် ဘာသာရေး စာပေများ စာပေစိစစ်ရေး တင်ရန်မလိုတော့ဘဲ လွတ်လပ်စွာ ထုတ်ဝေခွင့်ရပြီ။


စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနသည် မြန်မာနိုင်ငံမှ ထုတ်ဝေလျက်ရှိသော သတင်းဂျာနယ်၊ စာပေ မဂ္ဂဇင်းများ အားလုံးကို စိစစ်ထုတ်ဝေသည့် စနစ်ကို ယနေ့ မှစ၍ ရပ်ဆိုင်းလိုက်ပြီ ဖြစ်သည်။

သတင်းဂျာနယ်များ အပါအ၀င် တင်ထုတ် အဖြစ်ကျန်ရှိ နေသေးသည့် ဘာသာရေး၊ နိုင်ငံရေးဆိုင်ရာ စာပေများ အားလုံးကို ထုတ်တင် စနစ်သို့ ခွင့်ပြုပေးလိုက်ပြီ ဖြစ်သည်။

သြဂုတ်လ ၂၀ ရက် နံနက်တွင် စာပေစိစစ်နှင့် မှတ်ပုံတင် ဌာန၌ ပြု လုပ်သော စာပေစိစစ်ရေး မူဝါဒ အပြောင်းအလဲ အတွက် ညှိနှိုင်း ဆွေးနွေး ပွဲတွင် တရားဝင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ပဉ္စမအဆင့် ဖြေလျော့မှု အဖြစ် တင်ထုတ် အဖြစ်ကျန်နေသည့် အုပ်စု (၂)မှ သတင်းနှင့် ဘာသာရေး ဂျာနယ် အမျိုးအစား (၂)မျိုး ၊ နိုင်ငံရေးနှင့် သမိုင်းဆိုင်ရာ မဂ္ဂဇင်းများ၊ ဘာသာရေး မဂ္ဂဇင်း(၂)မျိုး ၊ အထွေထွေ မဂ္ဂဇင်းများတွင် နိုင်ငံရေးနှင့်  ဘာသာရေး ၊ တေးသီချင်းများနှင့်  ပြက္ခဒိန် အပါ အ၀င်(၄) မျိုး ၊ သံရုံး စာပေများ အားလုံးသည် စာပေးစိစစ်ရေးသို့ ကြိုတင်တင်ပြရန် လုံးဝမလို အပ်တော့ကြောင်း သိရသည်။

ပဲခူးတိုင်း၊ က၀မြို့နယ်၊ အုပ်စုကျေးရွာနှင့် လယ်ယာမြေများ ရေလျှံ၊ ရေမြုပ် ရေဘေးသင့် ပျက်စီးသည်မှာ ဆည်မြောင်းဝန်ကြီးကြောင့်ဟုဆို..


ပဲခူးတိုင်း၊ က၀မြို့နယ်၊ အုန်းနှဲစံပြကျေးရွာတွင် သဘာဘေးနှင့် စီမံကိန်းဘေးတွေကြောင့် အိမ်ထောင်စုပေါင်း (၅၀၆) စုနှင့်၊ လူဦးရေပေါင်း ၂၁၅၆-ယောက် အိုးပျက်၊ အိုးအိမ် ပျက်လောက်အောင် ရေတွေ နစ်မြုပ်ခြင်းကို ခံခဲ့ရတဲ့ အတွက်ကြောင့် မိမိတို့၏ အိုးအိမ်များကို စွန့်ခွါကာ ကယ်ဆယ်ရေးစခန်းများသို့ ပြေးရှောင်ကာနေထိုင်လာခဲ့ရ သည်မှာ ရက်ပေါင်း (၂၇) ရက်ရှိပြီဟု သိရှိရပါသည်။




အခုလို အုန်းနှဲစံပြကျေးရွာမှာ ရေဘေးသင့်ရတဲ့အကြောင်းကတော့ နှစ်ချက်ရှိသည်ဟုသိရှိရပါသည်။ ပထမအချက်ကတော့ စစ်တောင်းမြစ်ဘက်က လျှံတက်လာတဲ့ရေတွေကို ရေတံခါး (၃၇) ပေါက်မှ (၄)ပေါက် သာဖွင့်ပေးထားပြီး စစ်တောင်းမြစ်နှင့် ရေတံခါးအကြား အုန်းနှဲစံပြ ကျေးရွာအပါဝင် ရွာပေါင်းများစွာအနားရှိ မြောင်းငယ်လေးတွေကို ဆယ်မြောင်းဝန်ကြီးဌာနမှ ရေနုတ်မြောင်းကြီးတွေကို မိုင်ပေါင်းများစွာ တူးထားသောကြောင့်၎င်း၊ အောက်ခြေအကျယ်ကို ပေ (၃၀)ဆီ၊ ထက်ချဲ့သောကြောင့်၎င်း၊ မြေကြီးကြီးပေါင်း (၄၀၁၃၀၀) ကျော်ကို စည်းမရှိ၊ ကမ်းမရှိ တူးထားခဲ့သောကြောင့် ရေနုတ်မြောင်းတလျှောက် ရွာများအားလုံးနှင့် လယ်ယာမြေ များကို ရေနစ်သတ်သလို ခံစားရသည်ဟု ဒေသခံရွာသူ၊ရာသားများအားလုံးက တညီတညွတ်တည်း ပြောဆိုကြ ပါသည်။ ဒုတိယအချက်ကတော့- သဘာဝ မိုးရွာသွန်းမှု၏ စီးဆင်းမှုမှန်သမျှ လမ်းကြောင်းကို ဆယ်မြောင်းဝန်း ကြီးမှ ပိတ်ပင်ထားသောကြောင့် အုန်းနှဲစံပြကျေးရွာအပါဝင် ရေနုတ်မြောင်းဘေးရှိ ရွားများအားလုံး ရေဘေး ဒုက္ခရောက်ရသည်ဟု ပြောဆိုကြပါသည်။

ရေဘေးသင့် ဒုက္ခသည်များစွာကို ဒေသခံများနှင့် အဝေးရောက် အုန်းနှဲစံပြ ကျေးရွာသူ ၊ရွာသားများ၊ ကျောက်တန်း ပတ္တမြားဆရာတော် ဦးသုန္ဒရနှင့်အဖွဲ့များ၊လူမှုရေးနှင့်နာရေးကူညီမှုအသင်း (အုန်းနှဲစံပြကျေးရွာ)မှ စေတနာရှင် များကဦးဆောင်ပြီး ကြိုးစားကာ စောင့်ရှောက် ပေးနေရကြောင်းကိုလည်း သိရှိရပါတယ်။ (အုန်းနှဲစံပြကျေးရွာ တစ်ရွာတည်း) ရေဘေးသင့် ဒုက္ခသည်များအတွက်ကိုတင် တစ်နပ်စာအတွက် ဆန် (ဆယ်အိပ်) တိတိချက်ရပြီး ချက်ပြီးသား ထမင်းနှင့်် ဟင်းလျာများကိုလည်း ရေဘေးသင့် ဒုက္ခသည်များ နေထိုင်ရာ ကုဿိန္နာရုံဘုရား ဓမ္မာရုံ သို့၎င်း၊ မိမိအိမ်များကို မစွန့်ခွါဘဲ အိမ်ပေါ်တင် စင်လုပ်၍နေသော အိမ်အသီးသီးသို့၎င်း ဒေသခံ စေတနာရှင် ရွာသူ၊ရွာသားများမှ စက်လှေအသီးသီးဖြင့် တစ်အိမ်တက်ဆင်း နေ့စဉ်ဆောင်ရွက် ပေးပို့နိုင်ခဲ့သည်မှာလည်း ၁၇-၈-၂၀၁၂နေ့မှာဆိုရင် (၁၃) ရက်မြောက်ရှိခဲ့ပြီဟု ရေဘေးသင့်ဒုက္ခသည်များကို အမြဲတမ်း ဦးဆောင် ဆောင်ရွက် ပေးနေသော ဒေသခံ ဦးထိုက်ဇော်လင်းမှ ပြောကြားပါသည်။

အခုလက်ရှိအခြေအနေမှာဆိုလို့ရှိရင်လည်း အုန်းနှဲစံပြကျေးရွာမှာ တစ်အိမ်နဲ့တစ်အိမ်ကို သွားလည် မယ်ဆိုရင်တောင် လှေရှိမှပဲ အဆင်ပြေပါတယ်၊ လှေမရှိရင် ရေမကူးတတ်ရင် ဘယ်ကိုမှသွားလို့မရပါဘူး။ အရပ် ငါးပေကျော်တဲ့ လူငယ်တွေ တစ်အိမ်နဲ့ တစ်အိမ်ကို ကူးတာတောင် ရေက ရင်ခေါင်းကိုကျော်ပါတယ်။ ကလေး-လူကြီး အားလုံးကအစ ဆယ်မြောင်းတူးတဲ့ လူတွေကြောင့် သူတို့အခုလို ဒုက္ခရောက် ရတာဆိုပေမယ့်လည်း ယနေ့ ထိ ဆည်မြောင်းပိုင်းဆိုင်ရာ ၀န်းထမ်းကအစ ၀န်ကြီးပိုင်းအထိ လာရောက် တာဝန်ယူတာမျိုးလည်း မရှိသေး ကြောင်း ပြောဆိုကြပါတယ်။ အစိုးရပိုင်းဆိုင်ရာကလည်း ယနေ့ထိ လာရောက်ပြီး ကူညီတာမျိုး၊ ထောက်ပံ့တာမျိုး မရှိသေးပါကြောင်းလည်း ပြောဆိုကြပါတယ်။ စိမ်းလမ်း ရေနုတ်မြောင်းစီမံကိန်းဟာ စိမ်းလန်းမှုတွေ ပပျောက်ပြီး ရွာကြီး ရေနစ်နေလို့ ရွှံရောင်တွေပဲ အရောင်ပေါက်နေတဲ့ အကြောင်း ဆယ်မြောင်းကို တာဝန်ယူထားတဲ့ ဆယ်မြောင်းဝန်ကြီးကို သိစေဖို့ အုန်းနှဲစံပြ ကျေးရွာသူ၊ ကျေးရွားသားများမှ သတင်းလိုင်းပေါ်ကနေ ဆန္ဒပြုလိုက် ပါတယ်။

ဆယ်မြောင်းဝန်ကြီးနှင့် အစိုးရသမ္မတကြီးခင်ဗျာ…..

ကျနော်တို့ ရွာသူ ရွာသားတွေ မျှော်နေတာက ဘဘတို့ကို မျှော်နေတာပါခင်ဗျာ..။ အခုလာပြီး ကျနော်တို့ ရွာ သားတွေ ရေးဘေးထဲမှာ များစွာဒုက္ခရောက်နေတာကို မကြည့်ရက်လို့ လာကယ်တာက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို အမှူးထားပြီး၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒဂုံတောင်ပိုင်း မြို့နယ်ရုံးက လူငယ်တွေ၊ ဒဂုံတောင်ပိုင်း ရပ်ကျေးလူငယ်တွေ၊ ညီ-ကျင်း-ကော်၊ မြို့နယ်၊ တိုင်းအဖွဲ့ဝင်တွေ၊ ဒဂုံတောင်ပိုင်းက NLD-BG တာဝန်ခံ ကိုညီညီ ဦးဆောင်သော လူငယ်တွေက ကျနော်တို့ဆီကို မိုးထဲရေထဲမှာ လာရောက်ပြီး လူကြီးမင်းတို့ကိုယ်စား ကျနော်တို့အတွက် ဆန် (၁၅) အိတ် ဆား (၂) အိတ်၊ အားလူးအိတ်များနှင့် အခြားသော မီးဖိုချောင်သုံး ပစ္စည်းများနှင့် ငွေသား (၄) သိန်းကျော်ကို (၁၇-၈-၂၀၁၂) နေ့က လှူဒါန်းသွား ပါတယ် ခင်ဗျာ…။

သတင်း, ဓာတ်ပုံ, လင်းဆက်

ဒီမိုဝေယံ

ရေကြီးမှုအခြေအနေ ဆိုးရွားလာ၊ နိုင်ငံတစ်ဝန်း လယ်ယာမြေဧက ၅၃၀၀၀၀ နီးပါး ရေနစ်မြုပ်နေ

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် သာပေါင်းမြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် စပါးစိုက်ခင်းများ ရေမြုပ်နေသည်ကို သြဂုတ်လ ၁၁ ရက်နေ့က တွေ့ရစဉ် ဓာတ်ပုံ- သက်ဆွေ(ပုသိမ်)



မြန်မာနိုင်ငံတစ်ဝန်းတွင် မိုး အဆက်မပြတ်ရွာသွန်း၍ လယ် ယာမြေရေကြီးနစ်မြုပ်မှုမှာ ဆိုးရွားလျက်ရှိပြီး လယ်မြေဧက ၅၃၀၀၀၀ နီးပါးရေးနစ်မြုပ်ခဲ့ကြောင်း လယ် ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန် ကြီးဌာနမှ တာဝန်ရှိသူများက ပြော ကြားခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ဒါးကမြို့အတွင်း ရေကြီးရေလျှံမှုကြောင့် စပါးစိုက်ခင်းများ ရေမြုပ်နေသည်ကို သြဂုတ်လ ၁၆ ရက်နေ့က တွေ့ရစဉ် ဓာတ်ပုံ- သက်ဆွေ(ပုသိမ်)



ဧရာဝတီ၊ ပဲခူး၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် မွန်၊ ကရင်၊ ရှမ်း ပြည်နယ်မြောက်ပိုင်း ဒေသများတွင် အဆိုးဆုံးနစ်မြုပ်ပြီး သြဂုတ်လ ၁၇ ရက်နေ့အထိ လယ်မြေ ၅၂၈၀၀၀ ဧကနစ်မြုပ်ခဲ့ကြောင်း၊ နောက်ဆုံး စာရင်းများအရ ဧက ၅၆၇၆၇ မှာ ပျက်စီးသွားပြီဖြစ်ကြောင်း၊ ဧက ၁၃၆၀၀၀ မှာ ရေပြန်ပေါ်သည့် အနေ အထားရှိသော်လည်း ကျန်ဧကများ ဆက်လက်နစ်မြုပ်နေဆဲဖြစ်ကြောင်း သိရသည်။

မြို့ပေါင်း ၅၅ မြို့တွင် ရေနစ် မြုပ်နေခြင်းဖြစ်ပြီး ရေနစ်မြုပ်နေသည်မှာ အချို့တိုင်းဒေသများတွင် ရက်ပေါင်း ၁၅ ရက်၊ အချို့တိုင်းဒေ သကြီးနှင့် ပြည်နယ်တို့တွင် ရက် ပေါင်း ၂၀ မှ ၃၀ နီးပါးအထိကြာ ရှည်လာကြောင်း သိရသည်။
အဆိုးဆုံးရေကြီးတာက မြန်မာနိုင်ငံရဲ့ စပါးကျီ။ လုံးဝမိုးမရွာလို့ မိုးခေါင်ပြီး ဒုက္ခဖြစ်တာ စစ်ကိုင်း၊ မန္တလေး စတဲ့ အထက်ပိုင်း တစ်ခွင်လုံးပဲ။ ဒီတော့ စပါးအထွက်နှုန်းနဲ့ တွေ့ကြုံလာမယ့် ပြဿနာတွေကို ထည့်တွက်ထားရမယ်။ အခုကတည်းက ထည့်တွက်ထားရမှာ။ အညာမှာ မိုးခေါင်တာကလည်း အများကြီး အခက်အခဲ ဖြစ်ကုန်နိုင်တယ် . . .

စပါးပင်များ ရေနစ်မြုပ်ခံနိုင်သည့် ကာလမှာ အလွန်ဆုံး ၁၅ ရက် အထိသာဖြစ်သည့်အတွက် ယခုရက်အပိုင်းအခြားအတိုင်း ဆိုပါက ရေနစ်မြုပ်သည့် ဧရိယာများအားလုံး ပြန်လည်စိုက်ပျိုးရမည်ဟု တောင်သူများက ပြောကြားသည်။

ပဲခူးမြို့နယ်အတွင်းရေကြီးမှုကြောင့် ပျက်ဆီးခဲ့သော လယ်မြေများကို သြဂုတ်လ ၁၇ ရက်က တွေ့ရစဉ်
ဓာတ်ပုံ - ထင်ပေါ် (ပဲခူး)



ထိုသို့ ရေနစ်မြုပ်မှုနှင့် ဆုံး ရှုံးမှုများအတွက် လယ်ယာစိုက်ပျိုး ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ မျိုးစပါးများကို တောင်သူများသို့ ကူ ညီပေးရန်စီစဉ်ထားပြီးဖြစ်ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်း ၀န်ကြီးဌာနတာဝန်ရှိသူများကပြော ကြားခဲ့သည်။

ယင်းအပြင် လက်ရှိရေနစ်မြုပ်မှုကြောင့် ပျက်စီးရသည့် ဧရိယာမှာ ဧက ၁၁၉၀၀၀ အထိရှိလာနိုင်သည် ဟုလည်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန် ရှိသူများက ခန့်မှန်းထားကြသည်။

ရေနစ်မြုပ်ကာ ဆုံးရှုံးခဲ့သည့် လယ်ယာများအတွက် မျိုးစပါး တင်းပေါင်း ၃၈၇၆၃၃ တင်းကို အသင့်ပြင်ဆင်ထားပြီးဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။ အဆိုပါမျိုးစပါး ပမာဏမှာ ပျက်စီးနိုင်သည့် လယ် မြေဧက ၁၁၉၀၀၀ အတွက် လုံ လောက်သော်လည်း ထပ်မံနစ်မြုပ် နေဆဲဖြစ်သည့် လယ်ယာများအ တွက်လည်း ထပ်မံလိုအပ်မည့်အနေ အထားရှိကြောင်း တောင်သူများက ဆိုသည်။

မိုးစပါးတစ်ဧကလျှင် ခပ်ပါး ပါးကြဲသည့်တောင်သူများအနေဖြင့် မျိုးစပါးနှစ်တင်းခွဲအသုံးပြုပြီး၊ ထူ ထူကြဲသည့်တောင်သူများဆိုပါက တစ် ဧကမျိုးစပါး သုံးတင်းအသုံးပြု ကြောင်း သိရသည်။

လက်ရှိ ပြန်စိုက်ပျိုးရမည့် ဧရိ ယာမှာ ရေနစ်မြုပ်သည့် ဧရိယာ ဧက ၅၃၀၀၀၀ နီးပါး၏ ၈၀ ရာခိုင်နှုန်းအထိပင် ရှိနိုင်ရာ မျိုးစပါး များထပ်မံလိုအပ်နိုင်ကြောင်းသိရ သည်။

“ထူထူကြဲရင်သုံးတင်း၊ ပါးပါး ကြဲရင်နှစ်တင်းခွဲ။ စပါးက ၁၅ ရက်ဆိုသေပြီ။ မသေလည်း ရေမြုပ်ခဲ့တဲ့စပါးတွေက အထွက်ကောင်းဖို့ မသေချာတော့ဘူး။ ဒီတော့ ပြန်စိုက် ရတာပဲ။ ဧကငါးသိန်းကျော်နစ် တယ်ဆိုရင် ဥပမာ-ကျွန်တော့်လယ် ဆိုဧက ၃၀ ပေါ့။ အကုန်နစ်တဲ့ အတွက် အကုန်ပြန်စိုက်ရမယ်။ ကျွန်တော့်သူငယ်ချင်းက အကုန်နစ်ပေမယ့် သူ့ကျတော့ ကုန်းကွင်းကနည်း နည်းခံသာလို့ သုံးချိုးနှစ်ချိုးလောက် ပဲပြန်စိုက်ရမယ်။ ဒီတော့ ဧကငါးသိန်းမှာ အနည်းဆုံးဧကသုံးသိန်း ပြန်စိုက်ရမယ်ဆိုရင် မျိုးစပါးတင်းကိုး သိန်းလိုတယ်။ အခုလေးသိန်းလောက် ကို နိုင်ငံတော်က အဆင်သင့် စီစဉ် ပေးထားတယ်ဆိုတော့ တကယ်လို့ ဧရိယာများရင် ထပ်လိုမှာပဲ။ ဒီ လောက်ကူညီတာပဲ ကျေးဇူးတင်ရမယ်။ ကျန်တာတော့ ကိုယ့်ဟာကိုယ် ရှာရမှာပေါ့။ တောင်သူလက်ထဲ အကုန်လုံး အတိအကျရောက်စေချင်ပါတယ်”ဟု ကျောင်းကုန်းမြို့နယ်ရှိ တောင်သူကြီးတစ်ဦးကလည်း ပြောပြခဲ့သည်။

တောင်ငူမြို့ စစ်တောင်းမြစ်ဘေးရှိ ကိုင်းမြေများတွင် စိုက်ပျိုးထားသော နှမ်းခင်းများအတွင်း ရေ၀င်ရောက်နေသည်ကို သြဂုတ်လ ၁၃ ရက်က တွေ့ရစဉ် ဓာတ်ပုံ-ဇော်ဝင်းချစ် (တောင်ငူ)



မျိုးစပါး တစ်တင်းလျှင် စပါး အကြမ်းဆိုပါက ကျပ် ၄၅၀၀ နှင့် ပေါ်ဆန်းဆိုပါက ကျပ် ၇၀၀၀ နှင့် အထက်ပေါက်ဈေးရှိကြောင်း၊ မွန်ပြည်နယ်တွင်လည်း လတ်တလော ရေကြီးနစ်မြုပ်နေမှုများအရ မျိုးစပါး လိုအပ်ချက်ရှိမည်ဖြစ်ကြောင်း ဒေသခံတောင်သူများက ပြောကြားခဲ့သည်။

ရေနစ်မြုပ်လျက်ရှိသည့် ဒေသများမှ လယ်ယာမြေများမှာ မိုးစပါး စိုက်ပျိုးမည်ဆိုပါက တစ်လအတွင်း ရေပြန်ကျရန် လိုကြောင်း၊ တစ်လ အတွင်းရေပြန်မကျပါက စိုက်ပျိုး ရန် ရာသီနောက်ကျခြင်း၊ ပဲစိုက် ပျိုးမည့်တောင်သူများဆိုပါက စပါး စိုက်လျှင် ပဲရာသီမမီပဲ၊ ပဲစိုက်ပျိုး မည်ဆိုပါက နောက်ကျလျှင် စပါး စိုက်ပျိုးရန်မဖြစ်တော့ကြောင်း တောင်သူများက ဆိုသည်။

“ပြန်စိုက်ရမှာက ကျိန်းသေပဲ။ ဒါပေမယ့် အခုရေပြန်ကျဖို့ကောင်းပြီ။ နောက်တစ်လလောက်သာ ထပ်မြုပ်ရင် စိုက်ဖို့နောက်ကျမှာပေါ့။ ပဲ သမားဆို စပါးစိုက်တာနောက်ကျ ရင် ပဲစိုက်မရတော့ဘူး။ ပဲစိုက်မယ် ဆို စပါးမစိုက်ဘဲနေမှရလိမ့်မယ်။ ရေမြန်မြန်ပြန်ကျဖို့ ဆုတောင်းတယ်။ ဘာလို့လဲဆိုတော့ ဒါမှ အဆင်သင့် ပျိုးထောင်ထားပြီး ရေကျတာနဲ့ စိုက်လို့ရမယ်”ဟု ကန်ကြီးဒေါင့်မြို့ နယ်မှ တောင်သူကြီးတစ်ဦးက ရှင်းပြသည်။

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် သာပေါင်းမြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် စပါးစိုက်ခင်းများ ရေမြုပ်နေသည်ကို သြဂုတ်လ ၁၁ ရက်နေ့က တွေ့ရစဉ် ဓာတ်ပုံ- သက်ဆွေ(ပုသိမ်)



လက်ရှိ ရေနစ်မြုပ်သည့် ဧရိယာများတွင် စုစုပေါင်းစိုက်ပျိုးသည့် ဧရိယာမှာ ဧက ၄ ဒသမ ၉ သန်းရှိ ပြီး ဧက ၀ ဒသမ ၅၃ သန်းနီးပါး ရေနစ်မြုပ်ခြင်းဖြစ်၍ စိုက်ဧရိယာ စုစုပေါင်း၏ ၁၁ ရာခိုင်နှုန်းကျော် ထိခိုက်ခြင်းဖြစ်သည်ဟု တွက်ချက်ရမည် ဖြစ်သော်လည်း မြန်မာနိုင်ငံ၏ စပါးကျီအဖြစ် သတ်မှတ်ထားသော ဧရာဝတီတိုင်းဒေသကြီး အပါအ၀င် စပါးအဓိကထွက်ရှိရာ ရန်ကုန်၊ ပဲခူး တိုင်းဒေသကြီးများတွင်ပါ နစ်မြုပ်ခြင်းဖြစ်သည်ကို သတိမူသင့်ကြောင်း၊ မြန်မာနိုင်ငံအထက်ပိုင်းတစ်ခွင် မိုးခေါင်မှုကြောင့် စိုက်ဧရိယာများစွာ အခက်အခဲနှင့် ရင်ဆိုင်နေရသည်ကို ထည့်သွင်း တွက်ချက်ရမည်ဟု ဆန်စက်လုပ်ငန်းရှင်များက သုံးသပ်သည်။

“အဆိုးဆုံးရေကြီးတာက မြန်မာ နိုင်ငံရဲ့ စပါးကျီ။ လုံးဝမိုးမရွာ လို့ မိုးခေါင်ပြီး ဒုက္ခဖြစ်တာ စစ်ကိုင်း၊ မန္တလေးစတဲ့ အထက်ပိုင်းတစ်ခွင် လုံးပဲ။ ဒီတော့ စပါးအထွက်နှုန်းနဲ့ တွေ့ကြုံလာမယ့် ပြဿနာတွေကို ထည့်တွက်ထားရမယ်။ အခုကတည်း က ထည့်တွက်ထားရမှာ။ အညာမှာ မိုးခေါင်တာကလည်း အများကြီး အခက်အခဲဖြစ်ကုန်နိုင်တယ်”ဟု ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ရှိ ဆန်စက်လုပ်ငန်းရှင် တစ်ဦးကသုံး သပ်ခဲ့သည်။

ပဲခူးမြို့နယ်တစ်ဝိုက်တွင် ဇူလိုင် လ ၂၆ ရက်နေ့မှစတင်၍ ရက်ပေါင်း ၂၀ နီးပါးကြာ ပဲခူးမြစ်ရေကြီးမှုရက် ရှည်ဖြစ်ပေါ်ခဲ့၍ စိုက်ပျိုးပြီးလယ်ယာမြေဧရိယာ ဧက ၁၀၀၀၀ ကျော် ရေနစ်မြုပ်မှုဖြစ်ပေါ်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှု များပြားခဲ့ကြောင်း သိရသည်။ပဲခူးမြို့နယ်၌ ၂၀၁၂-၁၃ ဘဏ္ဍာရေး နှစ်အတွင်း မိုးစပါး ၁၁၆၀၈၉ ဧက စိုက်ပျိုးရန် လျာထားခဲ့ကြောင်း သိရသည်။ ပဲခူးမြို့နယ်အတွင်း၌ သြဂုတ် လ ၁၅ ရက်နေ့အထိ မိုးစပါး ၁၀၁၈၂၄ ဧကစိုက်ပျိုးပြီးစီးခဲ့ကြောင်း၊ သို့သော် ပဲခူးမြစ်ရေကြီးမှုကြောင့် စပါး စိုက်ပျိုးပြီး ဧက ၁၁၆၁၁ မှာ ရေ လွှမ်းခံခဲ့ရကြောင်း သိရသည်။ ပဲခူး မြစ်ရေပြန်လည် ကျဆင်းသွားမှုကြောင့် ရေနစ်မြုပ်ခဲ့သည့် လယ်ယာ မြေဧရိယာအများစု ရေပြန်ပေါ်ခဲ့သော်လည်း အများစုမှာ ပြန်လည်စိုက်ပျိုးရမည့် အခြေအနေတွင် ရှိကြောင်း သိရသည်။ ထို့အတူ ပဲခူးခရိုင်အတွင်းရှိ သနပ်ပင်မြို့နယ်၊ က၀မြို့နယ်၊ ဝေါ မြို့နယ်၊ဒိုက်ဦးမြို့နယ်စသည့် မြို့နယ်များအတွင်းရှိ လယ်ယာမြေဧရိယာ အများအပြားမှာလည်း ရေနစ် မြုပ်မှုခံခဲ့ရကြောင်း သိရသည်။

Eleven Media Group