စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Friday, April 6, 2012

အမေရိကန် အထက် တရား ရုံးနှင့် အိုဘားမား တို့ တွေ့ ကြပြီ

Supreme-Court-Obamacare


DKအမေရိကန်အထက်တရားရုံး (US Supreme Court) ၏ဆုံးဖြတ်ချက်ကိုအဆိုးဘက်မှတွေးပြီး
ထိတ်လန့်နေရသော အမေရိကန်သမ္မတအိုဘားမားအနေနှင့် ၄င်းမှလက်မှတ်ရေးထိုးခဲ့ပြီး
လွှတ်တော်နှစ်ရပ်လုံးမှ အတည်ပြုပေးခဲ့သော Obamacare ဟုခေါ်ကြသည့် လူနာကာကွယ်
စောင့်ရှောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုဥပဒေ
(Patient Protection and Affordable
Care Act) အား အမေရိကန်ပြည်ထောင်စုဖွဲ့စည်းပုံဖွဲ့စည်းပုံအခြေခံဥပဒေ (US Constitution)
နှင့်ညီမညီအား အမေရိကန်အထက်တရားရုံးမှအဆုံးအဖြတ်ပေးရန် လုပ်ဆောင်နေခြင်းအား
တရားရေးတက်ကြွလှုပ်ရှားမှု
(Judicial Activism) ဖြစ်သည်ဟု လွန်ခဲ့သောအပတ်က
ဝေဖန်ပြောကြားခဲ့ခြင်းအား ရီပတ်ဘလစ်ကန်သမ္မတလောင်း ရွေးကောက်ပွဲတွင် ရှေ့တန်းမှပြေးနေသော
မက်ဆာချူးဆက်ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း မစ်ရွမ်နီ (Mitt Romney) မှတုန့်ပြန်လာခဲ့သည်။

ပုံမှန်အားဖြင့်ဆိုပါက အထက်တရားရုံး၏တရားသူကြီး (Supreme Court Justices) ကိုးဦးအနက်
လူနည်းစုဖြစ်သောလစ်ဘရယ်တရားသူကြီးများအနေနှင့် အမေရိကန်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံ
ဥပဒေထက် နိုင်ငံရေးကိစ္စကိုသာ ဦးစားပေးဆုံးဖြတ်လေ့ရှိသည်ဟု လူများစုဖြစ်သောရှေးရိုးစွဲဝါဒီတရား
သူကြီးများမှ စွပ်စွဲကြသည်။ အမေရိကန်သမ္မတအိုဘားမားမှ ထိုကိစ္စနှင့်စပ်လျဉ်းသည့် စွပ်စွဲချက်များအား
ချေဖျက်နိုင်ရန်ကြိုးပမ်းခဲ့လေပုံရ၏။

ကျနော့်အနေနဲ့ရှေးရိုးစွဲဝေဖန်ရေးသမားတွေကိုသတိပေးချင်တာကတော့ နှစ်ပေါင်းများစွာကတည်းက
ကျနော်တို့ကြားနေရတဲ့ တရားရေးကဏ္ဍမှာဖြစ်နေတဲ့အကြီးဆုံးသောပြဿနာကတော့ မှန်မှန်ကန်ကန်ရေး
ဆွဲပြီး အတည်ပြုလိုက်တဲ့ဥပဒေကို ရွေးကောက်တင်မြှောက်ပြီး ခန့်အပ်ခံခြင်းထားရတာမဟုတ်တဲ့ လူတစု
အနေနဲ့  ပယ်ဖျက်မယ်ဆိုတဲ့
Judicial Activism (တရားရေးတက်ကြွလှုပ်ရှားမှု) နဲ့ Lack of
Judicial Restraint
(တရားရေးဆိုင်ရာစောင့်စည်းထိန်းသိမ်းမှုကင်းမဲ့နေခြင်း) တွေဖြစ်နေပါတယ်…)

မကြာမီကာလအတွင်းရွေးကောက်ပွဲနှင့်ရင်ဆိုင်ရတော့မည့် သမ္မတအိုဘားမားမှ လတ်တလောပြုလုပ်ခဲ့သည်

အထက်ပါဝေဖန်ချက်နှင့်ပတ်သက်၍ တနင်္လာနေ့ညတွင်ပြုလုပ်ခဲ့သော အင်တာဗျူးတခုတွင် မစ်ရွမ်နီအား
ဖော့ခ်စ်သတင်းဋ္ဌာန (Fox News) မှမေးမြန်းခဲ့ရာ ရွမ်နီမှတဟားဟားနှင့်သဘောကျနေခဲ့လေ၏။


“ လစ်ဘရယ်တယောက်က Judicial Activism (တရားရေးတက်ကြွလှုပ်ရှားမှု) အကြောင်းအဆိုးဘက်

ကပြောနေတာထူးဆန်းမနေဘူးလားဗျ…”

သမ္မတအိုဘားမားအနေနဲ့ သူလက်မှတ်ထိုးခဲ့တဲ့ဥပဒေကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီမညီအဆုံးအဖြတ်ပေးခံရမှာကို

စိတ်ပူနေတဲ့ပုံပေါက်နေတာကိုကြည့်ပြီး မိမိအနေနှင့်ပင် နားလည်ရခက်နေသည်ဟု ရွမ်နီမှဆိုပါသည်။
အထက်တရားရုံးရဲ့ရည်ရွယ်လုပ်ဆောင်မှုက ဖွဲ့စည်းပုံအခြေခံဥပဒေကိုချိုးဖောက်ရာကျနေတဲ့ ဥပဒေတွေကိုအမေရိ

ကန်လွှတ်တော်အနေနဲ့ အတည်မပြုဖို့လေ… အဲဒီတော့ အထက်တရားရုံးရဲ့လုပ်ဆောင်ချက်က ဖွဲ့စည်းပုံအခြေခံဥပဒေ

အရဖြစ်ပါတယ်…
Judicial Activism ဆိုတာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုဆန့်ကျင်ပြီး ဖွဲ့စည်းပုံအတိုင်း

မလိုက်နာတာကိုပြောတာပါ။ အဲဒီတော့သမ္မတပြောတာက နားလည်ရခက်နေတယ်ဗျ…

Supreme Court (အထက်တရားရုံး) က Constitution (ဖွဲ့စည်းပုံအခြေခံဥပဒေ) အရ လုပ်ဆောင်နေတာကို

သမ္မတအိုဘားမားက အပြစ်တင်ချင်တယ်ဆိုရင်တော့ ဒီလူက… (အမေရိကန်ပြည်ထောင်စုကိုတည်ထောင်ခဲ့တဲ့)

နိုင်ငံပြုဖခင်ကြီးတွေနဲ့ တရားစီရင်ရေးသမိုင်းက အမေရိကန်နိုင်ငံကိုဖေါ်ဆောင်ခဲ့တဲ့ ကမ္ဘာကလာတာမဟုတ်တော့ဘူး…

တခြားဂြိုဟ်ကလာတဲ့လူဖြစ်နေပြီဗျ…”

ဒီမိုကရေစီစနစ်အရ ဟန်ချက်ထိန်းညှိရန် အစိုးရ၏အာဏာအားပိုင်းခြားထားမှု (Seperation of Powers) ကြောင့်

အုပ်ချုပ်ရေးကဏ္ဍအစိုးရအဖွဲ့ခေါင်းဆောင် အမေရိကန်သမ္မတ အိုဘားမား၏ဥပဒေ (Obamacare) ဟုဆိုကြသော

Patient Protection and Affordable Care Act သည်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ညီမညီဆိုသည်အား

တရားစီရင်ရေးကဏ္ဍ အမေရိကန်အထက်တရားရုံးမှ လာမည့် (၂၀၁၂) ဇွန်လတွင် ဆုံးဖြတ်ချက်ချမှတ်မည်ဖြစ်သည်။

၎င်းဥပဒေသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မညီဟု အထက်ရုံးမှဆုံးဖြတ်ခဲ့လျှင်ကား စာမျက်နှာ (၂၇၀၀) ပါဝင်သော

Obamacare လည်းကံမကောင်းလှစွာပင် ထိုနေရာ၌နိဋ္ဌိတံရလိမ့်မည်ဖြစ်သည်။
မှတ်ချက်။ ဒီမိုကရေစီစနစ်အလုပ်လုပ်ပုံအားအထိုက်အလျောက်သိမြင်နိုင်စေရန်ရည်ရွယ်ပါသည်။
Ref: Romney smiles at Obama’s ‘judicial activism’ charge
Freedom News Group

    0 comments: