စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Friday, April 6, 2012

မြန်မာ နိုင်ငံအပေါ် အရေးယူ ဒဏ်ခတ်မှု ပြန်ဖွင့်ပေး ဖို့  ပြင်သစ် တောင်းဆို

 Feature Photo : AFP

မြန်မာ နိုင်ငံ အပေါ် ဥရောပ သမဂ္ဂ (EU) ကနေ အရေးယူ ပိတ်ဆို့ ထား တာ တွေ ကို ပြန်လည်
လျှော့ချ ပေး ဖို့  ဒီနေ့  ပြင်သစ် နိုင်ငံ က တောင်း ဆို လိုက်ပါတယ်။ ဧပြီလ ၁ ရက်နေ့ က ကျင်း
ပတဲ့ ရွေးကောက် ပွဲ မှာ ဒေါ်အောင်ဆန်းစုကြည် အနိုင်ရရှိ တဲ့ အတွက် ပြန်ပြီး ဖွင့် ပေး ဖို့ ပြင်
သစ် နိုင်ငံခြား ရေး ၀န်ကြီး အလန် ယပ်ပီ က ဒီနေ့  မိတ်ဆွေ ဥရော ပ သမဂ္ဂ နိုင်ငံ တွေ ကို
တောင်းဆို ခဲ့ တာ ဖြစ်ပါတယ်။

ဥရော ပ သမဂ္ဂ ကိုယ် တိုင် ဟာလည်း မြန်မာ ရွေးကောက် ပွဲ ဟာ တရားမျှ တမှု ရှိခဲ့ လို့ ပိတ်
ဆို့ ထား တာ တွေ ကို ပြန်ဖွင့် နိုင်ရန် အစီအစဉ် ရှိတယ် လို့  မနေ့  က ဥရောပ သမဂ္ဂ နိုင်ငံ
ခြားရေး ရုံး က သတင်း ထုတ် ပြန် ခဲ့ ပါတယ်။

ဧပြီ လ ၂၃ ရက်နေ့  မှ ကျင်းပမယ့် အီးယူ နိုင်ငံ ခြားရေး ၀န်ကြီး တွေ အစည်း အဝေးမှာ မြန်
မာ နိုင်ငံ ကို အရေးယူ ပိတ် ဆို့ ထားတာ တွေ ကို ဖယ်ရှား မယ် လို့  ထင်ရတယ် လို့  အီးယူ
သံတမန် တွေ က ရိုက်တာ သတင်း ဌာန ကို ပြောပါတယ်။

ဥရောပ သမဂ္ဂ အကြီး အကဲ ကတ်သရင်း အက်(စ)တန် က မကြာခင် မြန်မာ နိုင်ငံ ကို လာရောက်
လည် ပတ် ဖို့  အစီအပစဉ် ရှိတယ် လို့  သိရပါတယ်။

0 comments: