စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Thursday, August 2, 2012

ဦးစိုးမြင့်၊ ချိုလေးမာ၊ မောင်ခင်ထွေးတို့နဲ့ မစ္စတာ ကင်တေးနား၊ ဘူးသီးတောင်က ဆန္ဒဖေါ်ထုတ်မူ


မနေ့က (သြဂတ်စ်လ ၁ရက်နေ့) ဘူးသီးတောင်ကို လာရောက်ခဲ့တဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ သောမတ် ကင်တေးနားဟာ ဘူးသီးတောင်ထောင်ထဲက ယူအန် ၀န်ထမ်း (၃) ဦး အပါအ၀င် ရှေ့နေတွေ၊ သူ့မိသားစုတွေနဲ့ တွေ့ဆုံသွားခဲ့တယ်လို့ သိရပါတယ်။

သူဟာ နံနက် (၉) နာရီခန့်မှာ ရဟတ်ယာဉ်တွေနဲ့ အတူ စစ်တွေကနေ ဘူးသီးတောင်ကို ရောက်ရှိလာပြီး ရောက်တာနဲ့ ချက်ချင်း ဘူးသီးတောင်ထောင်ကို သွားရောက်ခဲ့ပြီး ယူအန် ၀န်ထမ်း မွတ်ဆလင် သုံးဦးဖြစ်ကြတဲ့ ဦးစိုးမြင့်၊ မချိုလေးမာနဲ့ မောင်ခင်ထွေးတို့နဲ့ တွေ့ဆုံခဲ့တယ်လို့ အမည်မဖေါ်လိုသူ ထောင်အရာရှိကြီး တစ်ဦးက နိရဉ္စရာကို ပြောပါတယ်။

“ တွေ့တာက ၉ နာရီကနေ ၁၁ နာရီခွဲထိ တွေ့ပါတယ်။ သူတို့နဲ့ သီးသန့်ဘဲ တွေ့ကြတာပါ” လို့ဆိုပါတယ်။

ဖမ်းဆီးခံထားရတဲ့ ယူအန် ၀န်ထမ်း (၃) ဦးဟာ တခြား အန်ဂျီအို ၀န်ထမ်း ၆ ဦးနဲ့ အတူ မောင်တောမှာ ဖြစ်ပေါ်ခဲ့တဲ့ ဆူပူ အကြမ်းဖက်မူ အတွင်း ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

“ သူတို့ကို အိမ်တွေ မီးရှို့မူ၊ ဆူပူဖြစ်အောင် စာရွက်စာတန်းတွေ ဖြန့်ဝေမူတွေနဲ့ ဖမ်းဆီးခဲ့တာ ဖြစ်တယ်” လို့ အစိုးရ တာဝန်ရှိသူတွေက ထုတ်ဖေါ် ပြောကြားပါတယ်။

မစ္စတာ ကင်တေးနားဟာ သူတို့ (၃) ဦးနဲ့ တွေ့ပြီး ထောင်ထဲကနေ နံနက် ၁၁ နာရီခွဲမှာ ထွက်လာတဲ့ နောက်မှာ ဘူးသီးတောင်မြို့ အမှတ် (၂) ရပ်ကွက်မှာ ရှိတဲ့ ဦးစိုးမြင့်နေအိမ်ကို သွားရောက်ပြီး အေးဒီမှာ ဦးစိုးမြင့် မိသားစုရယ်၊ ရန်ကုန်က ရောက်ရှိနေတဲ့ ရှေ့နေ (၂) ဦးနဲ့ပါ တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။

ဘာတွေကို ဆွေးနွေးကြတယ်ဆိုတာတော့ မသိရဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မစ္စတာ ကင်တေးနား ဘူးသီးတောင်ကို ရောက်ရှိလာတဲ့ ၉ နာရီကနေ ၁၂ နာရီ အချိန်ထိ ရခိုင်တိုင်းရင်းသား ၂၀၀ ခန့်က ထောင်ရှေ့မှာ နိုင်ငံတော် အလံတွေ၊ ပိုစတာတွေကို ကိုင်ပြီး ဆန္ဒ ထုတ်ဖေါ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

သူတို့ ဆန္ဒဖေါ်ထုတ်တာက ယူအန်နဲ့ နိုင်ငံတကာ အန်ဂျီအိုတွေဟာ ဘက်လိုက်မူတွေ ရှိနေပြီး လူ့အခွင့်အရေးကို အကြောင်းပြပြီး မြန်မာနိုင်ငံရေးကို ၀င်ရှုပ်နေတဲ့ အတွက် ဖြစ်တယ်လို့ RNDP ဘူးသီးတောင်က ပြောရေးဆိုခွင့်ရှိသူ ကိုသန်းလိုင်က ပြောပါတယ်။

“ သူတို့ အန်ဂျီအိုတွေ တရားမျှတမူ မရှိဘူး။ ဘက်လိုက်မူတွေ ရှိတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရေးမှာ ၀င်ရှုပ်နေတာတွေကို နေ့စဉ် ရက်ဆက်ဆိုသလို ကြားနေရတယ်။ ဒါကြောင့် INGO တွေ get out ဆိုတဲ့ ပိုစတာတွေ၊ တီရှပ်တွေကို ၀တ်ပြီး ဆန္ဒ ဖေါ်ထုတ်တာ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။

“ ပိုစတာတွေထဲမှာ တရားမျှတမူ ရှိပါစေ၊ သမ္မတကြီး ဆုံးဖြတ်ချက်ကို လိုက်နာပါ။ နိုင်ငံတော် အချုပ် အချာ အာဏာကို လေးစားပါ။ ခွဲခြားဆက်ဆံမူ အလိုမရှိ၊ ရခိုင်ပြည်နယ်ကို ကိုဆိုဗိုလို မဖြစ်စေနှင့် စတဲ့ စသားတွေကို ကိုင်ပြီး ဆန္ဒဖေါ်ထုတ်တာ ဖြစ်ပါတယ်။ နံနက် ၉ နာရီကနေ နေ့လည် ၁၂ နာရီထိ ဘူးသီးတောင် ထောင်ရှေ့မှာ ပြုလုပ်တာ ဖြစ်ပါတယ်။ ပီးရင် ကျွန်တော်တို့က ကင်တေးနားနဲ့ တွေ့ခွင့်တောင်းပါတယ်။ ဒါပေမယ့် တွေ့ခွင့်မရပါဘူး” ဟု ကိုသန်းလိုင်က ပြောပါတယ်။

ဒီ မစ္စတာ ကင်တေးနားရဲ့ ဘူးသီးတောင် ခရီးစဉ်ဟာ မွတ်ဆလင် ဘင်္ဂလီတွေကို အဓိက အလေးထားပြီး လာကြည့်တဲ့ ခရီးစဉ်သာ ဖြစ်ပြီး ရခိုင်တိုင်းရင်းသားတွေ အတွက် ဘာမျှ မျှော်လင့်စရာ မရှိဘူးလို့ အခု ကင်တေးနား ခရီးစဉ်နဲ့ ပတ်သက်ပြီး ကိုသန်းလိုင်က သုံးသပ် ပြောဆိုပါတယ်။

ခုလို ငြိမ်းချမ်းစွာ ဆန္ဒဖေါ်ထုတ်တာကိုတော့ အာဏာပိုင်တွေက ဘာမှ ဟန့်တားတာ မရှိဘူးလို့လည်း သိရပါတယ်။

ဇူလိုင်လ ၃၁ ရက်နေ့ မောင်တော ခရီးစဉ် အတွင်းမှာလည်း မစ္စတာ ကင်တေးနားကို လူပေါင်း ၂၀၀ ခန့်က နိုင်ငံတော် အလံတွေ၊ ပိုစတာတွေကို ကိုင်ပြီး ခွဲခြားဆက်ဆံမူတွေ မပြုလုပ်ဖို့၊ နိုင်ငံတော် အချုပ်အချာအာဏာကို လေးစားလိုက်နာဖို့ ၊ သမ္မတရဲ ဆုံးဖြတ်ချက်ကို လိုက်နာဖို့ ဆန္ဒတွေ ဖေါ်ထုတ်ခဲ့တယ်လို့ မောင်တော မြို့ခံတွေက ပြောဆိုပါတယ် ခင်ဗျား။

Narinjara News Burmese

0 comments: