စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Friday, August 3, 2012

သမ္မတ မဟုတ်ဘဲ ဒုသမ္မတသာ စစ်တွေသို့ရောက်


စစ်တွေသို့ ယနေ့ ရောက်ရှိလာသည်မှာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် မဟုတ်ဘဲ ဒုသမ္မတ စိုက်မောက်ခမ်း ဖြစ်ကြောင်း သိရသည်။

“ ကျွန်တော်တို့ ကြားတာက သမ္မတကြီး ရောက်မယ်လို့ ကြားတယ်။ အခုတော့ ဒုသမ္မတဘဲ ရောက်လာပြီး ချက်ချင်း မောင်တောကို ထွက်ခွာသွားပါတယ်” ဟု စစ်တွေ ပြည်နယ် လွှတ်တော် အမတ် ဦးအောင်မြကျော်က ပြောသည်။

နိုင်ငံတော် ဒုသမ္မတ စိုက်မောက်ခမ်းနှင့် အဖွဲ့သည် စစ်တွေသို့ ယနေ့ နံနက် ၇ နာရီခွဲတွင် အထူး လေယာဉ်ဖြင့် ရောက်ရှိလာပြီး လေယာဉ်ကွင်းမှ ချက်ချင်း ရဟတ်ယာဉ်များ ဖြင့် မောင်တောသို့ ဆက်လက် ထွက်ခွာသွားသည်ဟု သူက ဆိုသည်။

နိရဉ္စရာမှ မောင်တောမြို့သို့ ဆက်လက် မေးမြန်းရာ ဒေသခံ လူကြီး တစ်ဦးက အခုလို ပြောသည်။

“ ဘာအရေးကြီးတယ်ဆိုတာတော့ မသိရဘူး။ အခုဘဲ သူတို့ ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှာ အစည်းအဝေး လုပ်နေတယ်။ မြို့မိ မြို့ဖတွေနဲ့ တွေ့ဆုံတာတော့ မရှိသေးဘူး။ အခု ဌာနဆိုင်ရာ လူကြီးတွေနဲ့ တွေ့နေတယ်လို့ သိရပါတယ်” ဟု ပြောသည်။

ဆက်လက်၍ ဒုသမ္မတ ခရီးစဉ်နှင့် ပတ်သက်၍ မေးမြန်းရာ မောင်တောမြို့ အောင်ဗလ ဆရာတော်က ယခုလို မိန့်ကြားသည်။

“ ရောက်နေတယ်။ တစ်နာရီလောက်ကြာနေပြီ။ ဆရာတော်တို့ ကျောင်းကိုတော့ လာမယ့် အစီအစဉ် မရှိဘူး။ သူလာတာက မီးရှို့ခံရတဲ့ အိမ်တွေကို ပြန်လည် တည်ဆောက်ရေးနဲ့ လူတွေကို ပြန်လည် နေရာချထားရေး အတွက် လာတယ်လို့ ကြားရပါတယ်” ဟု ဆိုသည်။

လွန်ခဲ့သော နှစ်ရက်ခန့်က ကုလ မြန်မာဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တေးနား မောင်တောမြို့ကို ရောက်ရှိလာခဲ့သည်။ ၎င်းနောက်ပိုင်းတွင် ဒုတိယ သမ္မတ မောင်တောမြို့ကို ရောက်ရှိလာခြင်း ဖြစ်သည်။

Narinjara News Burmese 

0 comments: