စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Friday, August 3, 2012

ဦးသိန်းစိန်ကို ရန်ကုန်မှာ ထောက်ခံ ဆန္ဒပြ

ရန်ကုန်မြို့မြေနီကုန်းမီးပွိုင့်နားက ကုလသမဂ္ဂ ဒုက္ခသည်ရုံးရှေ့မှာ ဒီကနေ့ ဆန္ဒပြပွဲတခု ပေါ်ပေါက်ခဲ့ပါတယ်။ (ဓာတ်ပုံများ - ဧရာဝတီ)


ဓာတ်ပုံမှာ တွေ့ရတဲ့အတိုင်း ဦးသိန်းစိန်ရဲ့ ရိုဟင်ဂျာအရေးဆိုင်ရာပြောကြားချက်တွေကို တခဲနက် ထောက်ခံကြောင်း ဆန္ဒပြကြတာ ဖြစ်ပါတယ်။

ရိုဟင်ဂျာတွေနဲ့ အတူ ယှဉ်တွဲနေထိုင်ရေး ပြောဆိုခဲ့တဲ့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးကို ကန့်ကွက်ပြီး၊ သမ္မတဦးသိန်းစိန်ရဲ့ ရိုဟင်ဂျာအရေး ပြတ်ပြတ်သားသား ပြောဆိုချက်ကို ထောက်ခံတဲ့အကြောင်း ဆန္ဒပြပွဲ တခုကို ရန်ကုန် မြေနီကုန်းမှာရှိတဲ့
UNHCR ရုံးရှေ့မှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။

ဒီဆန္ဒပြပွဲကို လူ ၂ဝ ဝန်းကျင်က ဦးဆောင်ခဲ့တာဖြစ်ပြီး သူတို့ဟာ ဘယ်အဖွဲ့အစည်းကို ကိုယ်စားပြုတယ် ဆိုတာကိုတော့ ထုတ်ဖော်
ပြောဆိုတာ မရှိပါဘူး။




ဆန္ဒပြသူတွေဟာ နိုင်ငံတော် သီချင်းကို သီဆိုပြီး “ရိုဟင်ဂျာအရေး ပြောတဲ့ သမ္မတကြီးကို ထောက်ခံပါတယ်၊ ရိုဟင်ဂျာဟာ တိုင်းရင်းသား မဟုတ်၊ ရိုဟင်ဂျာဟာ မြန်မာလူမျိုး မဟုတ်၊ လိမ်ညာဝါဒဖြန့် မီဒီယာတွေ ချက်ချင်းရပ်” စသဖြင့် ကြွေးကြော်ခဲ့ကြ ပါတယ်။

ဒါ့ပြင် “ရိုဟင်ဂျာတွေဟာ မြန်မာတိုင်းရင်းသား ဖြစ်တယ်” ဆိုပြီး သတင်းထုတ်ပြန်နေတဲ့ ပြည်ပ မီဒီယာတွေကို ကန့်ကွက်တဲ့အကြောင်းနဲ့ အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား ပြည်သူလူထုနဲ့ နိုင်ငံရေးပါတီ အားလုံးကပါ ရိုဟင်ဂျာအရေးကို ညီညီညွတ်ညွတ်နဲ့ ဆန့်ကျင်ကြဖို့လည်း အခု ဆန္ဒပြသူတွေက တိုက်တွန်းခဲ့ ပါတယ်။

ဒီဆန္ဒပြပွဲကို ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် ကင်တားနား မြန်မာနိုင်ငံကို ရောက်ရှိနေချိန်နဲ့ တိုက်ဆိုင်ပြီး ပြုလုပ်ခဲ့ကြတာလို့ ဆိုပါတယ်။

ဒီကနေ့ ဆန္ဒပြပွဲမှာ ပါဝင်သူတွေဟာ ပြီးခဲ့တဲ့လက ရန်ကုန် မြို့တော်
ခမ်းမရှေ့နဲ့ ကမ်းနားလမ်း ဗြိတိသျှသံရုံး ရှေ့မှာ ပြည်ပ မီဒီယာတွေကို ဆန္ဒပြခဲ့ကြတဲ့ “မျိုးချစ်မြန်မာများ” အမည်ရှိ အဖွဲ့ဝင်တွေ ဖြစ်တယ်လို့လည်း သိရပါတယ်။

0 comments: