စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Friday, August 3, 2012

မြန်မာ မှ ပို့ ကုန် များ ကို တင်သွင်း မှု ကွန်ဂရက် က သက်တမ်းတိုး


မြန်မာ နိုင်ငံ မှ ပို့  ကုန် များ ကို အရေးယူ ပိတ် ဆို့  ထား မှု ကို အမေရိကန် ကွန် ဂရက်လွှတ်
တော် က ကြာသပတေး နေ့  မှာ တစ်နှစ် ဆက် ပြီး သက်တမ်း တိုး လိုက် ပါတယ်။ ကွန်ဂရက်အမတ် တွေ မဲခွဲ ပြီး ဆုံး ဖြတ် လိုက် တဲ့ ဒီဥပဒေ မူကြမ်း က သမ္မတ က လက်မှတ် ထိုး ပြီး ရင်
အတည် ဖြစ် မှာ ဖြစ်ပါတယ်။

မြန်မာ အစိုးရ ဟာ လွှတ်တော် မှာ မဲခွဲ ရင် ပို့  ကုန် ပိတ်ဆို့  မှု ရပ်တန့်  အောင် လော်ဘီ စတဲ့
နည်း မျိုး စုံ ကို သုံး ခဲ့ ပေမယ့် ပိုး သာ ကုန် ပြီး မောင်ပုံ စောင်မတတ် ကိန်း ဆိုက်ခဲ့ တယ် လို့ 
နယူးယောက် မြို့  နေ မြန်မာ စီးပွား ရေး လုပ်ငန်း ရှင် ဦးထွန်းဦး က FNG ကို ပြောပါတယ်။

မြန်မာ နိုင်ငံ ကို ရှေ့ တစ်ပတ် မှာ လာ ရောက် လည် ပတ် မယ့် အမေရိကန် မှာ ကွန်ဂရက်
အမတ် ဒေးဗစ် ဒရီယာက က ” မြန်မာ နိုင်ငံ ရဲ့  အပြောင်း အလဲ တွေ ပို ပြီး ထိရောက် စေဖို့ 
အတွက် ဒီ ဥပဒေ ကို အား ပေးရာ ရောက် နိုင်တယ်” လို့  ဆိုပါတယ်။

ဆက်လက် ပြီး တော့ တိုးတက် တဲ့ လုပ် ဆောင်မှု တွေ ပြု လုပ် မယ် ဆိုရင် မြန်မာ အစိုး ရ
အနေဲ့  ပိတ် ဆို့ ထား မှု ရပ် ဆိုင်း သွား တာ ကို မြင်ရ တဲ့ အခွင့် အရေး ရမယ် လို့  AP သတင်း
ဌာန ကို ပြော ပါတယ်။

ဒီအရေးယူ မှု ဥပဒေ ဟာ မြန်မာ နိုင်ငံ က ပို့  ကုန် အား လုံး ကို အမေရိကန် နိုင်ငံ တွင်း ကို
တင်သွင်း ခွင့် ပိတ် ဆို့ တားမြစ် ထား တဲ့ ဥပဒေ ဖြစ်ပါတယ်။

ပြီးခဲ့ တဲ့ ဇူလိုင်လ က ကပဲ အမေရိကန် သမ္မတ အိုဘားမား က မြန်မာ နိုင်ငံ အပေါ် အရေးယူ
ပိတ် ဆို့ ထား တာ တွေ ထဲ က ဘဏ်ငွေ ကြေး နဲ့  ရေနံ စတဲ့ ကဏ္ဍ မှာ ရင်းနှီး မြုပ် နှံ မှု
တွေ ကို ဖွင့် ပေး လိုက်ပါတယ်။

Freedom News Group

0 comments: