ဇွန်လ ၆ ရက်(ယနေ့)နေ့ တွင် ရန်ကုန်သို့ ဆေးကုသခံယူရန် ထိခိုက်ဒဏ်ရာရသူထဲမှ လေးဦးအား အစိုးရစရိတ်ဖြင့် ပို့ဆောင်မည်ဖြစ်သည်။ ရန်ကုန်သို့ ဆေးကုသခံရန် ပို့ဆောင်ခံရသူများမှာ မောင်မြဟန်၊ နီထွန်း၊ ကျော်အေးနိုင်၊ ကိုရင်ဝဏ္ဏသာမိ တို့ဖြစ်ပြီး လူနာစောင့်တစ်ဦးစီ ခေါ်ဆောင်ခွင့်ပြုထားကြောင်း သတင်းရရှိသည်။
ဇွန်လ ၆ ရက်နေ့ (ယနေ့)နံနက်က စစ်တွေတွင် ပြည်နယ်အကြီးအကဲ ဆရာတော်ကြီး ကိုးပါး၊မြို့မိမြို့ဖ၊ ဌာနဆိုင်ရာ အကြီးအကဲ တို့နှင့် ပြည်နယ်ဝန်ကြီးချုပ်၊ ဒုရဲချုပ်၊ ပြည်ထဲရေးမှ သာသနာရေးဝန်ကြီးတို့က လူထုအုံကြွမှုမဖြစ်စေရေး ငြိမ်းချမ်းစွာ အဖြေရှာရေးအတွက် ဆွေးနွေးခဲ့ကြောင်း ထပ်မံသတင်းရရှိသည်။
ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရ အဖွဲ့မှ တာဝန်ရှိသူများ စစ်တွေဆေးရုံသို့ ရောက်ရှိလာပြိး ကျည်ဆံထိမှန် ဒဏ်ရာရသူများအား တစ်ဦးကိုငွေနှစ်သိန်းခွဲကျပ်စီ လာရောက်ကူညီခဲ့ကြောင်း သတင်းရရှိသည်။
လူထုအုံကြွမှု ထပ်မံမဖြစ်ပေါ်စေရေးနှင့် လူမျိုးရေး တင်းမာမှုမျိုး မဖြစ်ပေါ်စေရေးအတွက် ပြည်နယ်အစိုးရမှ တာဝန်ရှိသူများနှင့် အစ္စလာမ်ဘာသာဝင် အချို့နှင့်ဆွေးနွေးခဲ့ကြောင်း ထပ်မံသတင်းရရှိသည်။
Wednesday, June 6, 2012
စစ်တွေတွင် ထိခိုက်ဒဏ်ရာရသူထဲမှ လေးဦးအား ရန်ကုန်သို့ ဆေးကုသခံယူရန် ပို့ဆောင်မည်
Eleven Media Group
0 comments:
Post a Comment