စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, June 6, 2012

"ဗကသအဖွဲ့အားရန်ကုန်ထွေ/အုပ်မှ ခေါ်ယူတွေ့ဆုံ"











ရန်ကုန်တိုင်းဒေသကြီး အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးမှ ခေါ်ယူတွေ့ ဆုံသည့် ကိစ္စရပ်နှင့်ပတ်သက်ပြီး ကျောင်းသားသမဂ္ဂများစုံညီ ညီလာခံ ခေါ်ယူ၍ ဆုံးဖြတ်ချက် ရယူသွား မည်ဖြစ်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ကိုလင်းထက်နိုင်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ထွေအုပ်မှ ခေါ်ယူတွေ့ဆုံမှုမှာ မိမိတို့ ဗကသ အဖွဲ့သည့် နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေဖြင့်လည်းကောင်း ၊ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေဖြင့် လည်းကောင်း မှတ်ပုံတင်ထားခြင်းမရှိသည့် အတွက် ယင်း ဥပဒေများဖြင့် ငြိစွန်းလျှက်ရှိသည်ကိုခေါ်ယူ အသိပေးခြင်းဖြစ်ကြောင်း ၄င်းကဆိုသည်။

““ ကျွန်တော်တို့ကိုခေါ်ပြီး အဲဒီဥပဒေတွေနဲ့ ငြိနေလို့ အကြောင်းကြားဆောင်ရွက်ရန် ညွှန်ကြားချက်ပေး လာတဲ့အတွက် ခေါ်ပြီး အကြောင်းကြားစာကိုဖတ်ပြတာပါ။ ကျွန်တော်တို့ကလည်း အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကျောင်းသားများဆိုင်ရာလွတ်လပ်တဲ့အဖွဲ့အစည်းအနေနဲ့သာ ဗကသကိုရှိစေ လိုပြီး ပြည်ထဲရေးလက်အောက်ရှိ အဖွဲ့အစည်းတစ်ရပ်အနေဖြင့် မရှိလိုကြောင်း အေးအေးဆေးဆေး ပဲ ပြန်ပြောခဲ့ပါတယ်”” ဟု ကိုလင်းထက်နိုင်ကပြောသည်။

ယနေ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ရုံးတွင် ဗကသကျောင်းသား ၈ဦးနှင့် ကိုစည်သူမောင် အပါအ၀င် ၉ဦးအား ခေါ်ယူတွေ့ဆုံ ခဲ့ခြင်းဖြစ်သည်။အဆိုပါကိစ္စရပ်နှင့်ပတ်သက်ပြီး ကျောင်းသားသမဂ္ဂများပေါင်းစုံညီလာခံဖြစ်ပေါ်ပြီးမှပဲ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။

Popular Myanmar News Journal

0 comments: