စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Sunday, June 3, 2012

မြန်မာ့စွမ်းအင်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံဖို့ သြစတေးလျ စိတ်ဝင်စားနေ

သြစတေးလျ နိုင်ငံက မြန်မာနိုင်ငံမှာ စွမ်းအင် ရှာဖွေရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံရေးအတွက် ပြည်ပနိုင်ငံတွေနဲ့  ပူးပေါင်း ဆောင်ရွက်လိုကြောင်း သြစတေးလျ ၀န်ကြီး က အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေး ညီလာခံမှာ မနေ့က ပြောပါတယ်။


Photo courtesy of martinferguson.com.au
သြစတေးလျ စွမ်းအင်၊ အရင်းအမြစ်နဲ့  ခရီးသွားလုပ်ငန်း ၀န်ကြီး Martin Ferguson ဖြစ်ပါသည်။

မနေ့ က WEF ညီလာခံ အပြီး အလွတ်သဘော ပြောရာမှာ သြစတေးလျ စွမ်းအင်၊ အရင်းအမြစ်နဲ့  ခရီးသွားလုပ်ငန်း ၀န်ကြီး Martin Ferguson က သြစတေးလျ နိုင်ငံက သတ္တုတွင်းနဲ့ ရေနံကုမ္ပဏီတွေကို ထိုင်းနိုင်ငံ က PTT ကုမ္ပဏီ၊ အမေရိကန် အခြေစိုက် Chevron ကုမ္ပဏီတွေနဲ့  ပူးပေါင်းပြီး မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့  အားပေးတိုက်တွန်းတယ်လို့ ဆိုပါတယ်။

စွမ်းအင် အရင်းအမြစ်အတွက် ရင်းနှီးမြှုပ်နှံမှု ပမာဏ ကြီးမားတဲ့အတွက် နည်းပညာကျွမ်းကျင်မှု၊ ကုန်ကျစရိတ်နဲ့ အရဲစွန့်လုပ်ရတာကို မိမိတို့ က စိုက်ထုတ်မယ်လို့ ဆိုပါတယ်။

ဒါ့အပြင် Mr.Fergusen က ရင်းနှီးမြှုပ်နှံလိုတဲ့ သူတွေအနေနဲ့  မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု၊ ဘဏ္ဍာရေး မူဝါဒ ချမှတ်မှုတွေ ပေါ်ထွက်လာဖို့ မျှော်လင့်နေသလို သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ဥပဒေတွေလည်း ခိုင်မာမှု ရှိဖို့  အရေးကြီးတယ်လို့  ပြောဆိုပါတယ်။

RFA

0 comments: