စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, June 18, 2012

သတင်း တိုတိုထွာထွာများစုစည်းမှု





ဒေါ်အောင်ဆန်းစုကြည်ကို အဆိုတော်ဘိုနို ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ကြို


ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ညနေ အိုင်ယာလန် နိုင်ငံ ဒပ်ဘလင်မြို့ကို ရောက်ရှိလာပါတယ်။ နော်ဝေ နိုင်ငံကနေ အိုင်ယာလန်ကို လာရောက်ဖို့ အတွက် ကမ္ဘာကျော် ယူတူး ရော့ခ်တေးဂီတအဖွဲ့ခေါင်းဆောင် ဘိုနိုက ဒေါ်အောင်ဆန်းစုကြည်ကို သူ့ကိုယ်ပိုင် ဂျက်လေယဉ်နဲ့ လာရောက်ကြိုဆိုခဲ့တာပါ။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ နော်ဝေနိုင်ငံမှာ အော်စလိုမြို့နားမှာ ကျင်းပတဲ့ "အော်စလို ငြိမ်းချမ်းရေး ညှိနှိုင်းမှု အစည်းအဝေး" ကို တက်ရောက်ခဲ့ပါတယ်။

အဲဒီ အစည်းအဝေးကို နိုင်ငံတကာခေါင်းဆောင် ၁၀၀ နီးပါးလောက် တက်ရောက်ခဲ့ပြီး ကမ္ဘာကျော် ရော့ခ်အဆိုတော် U2 အဖွဲ့ခေါင်းဆောင် ဘိုနိုလည်းတက်ရောက်ခဲ့သလို ဆွီဒင်နိုင်ငံခြားရေးဝန်ကြီး Carl Bildt အပြင် မြန်မာ အစိုးရစက်မှုဝန်ကြီး ဦးစိုးသိန်းတို့လည်း တက်ရောက်ခဲ့တယ် လို့ သိရပါတယ်။

အော်စလို ငြိမ်းချမ်းရေး ညှိနှိုင်းမှု အစည်းအဝေးဟာ နိုင်ငံတွေရဲ့ အပြောင်းအလဲကာလအတွင်းမှာ အရေးကြီးတဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာခြင်း ခေါင်းစဉ်နဲ့ ဆွေးနွေးတာလို့ သိရပါတယ်။

အဲဒီ ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံနဲ့ အာရပ်ကမ္ဘာက နိုင်ငံရေး အပြောင်းအလဲတွေကို အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒပ်ဗလင်မြို့မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့ "Electric Burma" စင်တင်တေးဂီတနဲ့ ဖျော်ဖြေမှာ ဖြစ်ပါတယ်။ အဲဒီပွဲကို နိုင်ငံတကာ
လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး အေအိုင်က စီစဉ်ကျင်းပတာဖြစ်ပြီး ပွဲအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၇ နှစ်ပြည့် မွေးနေ့ဆုတောင်းပွဲကို ကျင်းပမှာဖြစ်ပါတယ်။

ယူတူးပွဲကို ပရိသတ် ငါးထောင်လောက် တက်ရောက်ဖို့ရှိပြီး ကမ္ဘာကျော် အနုပညာရှင်တွေလည်း တက်ရောက်မယ်လို့ ဆိုပါတယ်။


++++++++++++++++++++++++++++++++++++++++++++++++

ကလေးစစ်သားအဖြစ် စုဆောင်းခံရတဲ့ ကိုရင်ဇောတိက (ခေါ်)မောင်ဇော်ဇော်လင်းဟာ အခုချိန်ထိ ပြန်မလွတ်သေးဘူးလို့ မိသားစုက ပြော


လွန်ခဲ့တဲ့(၃)နှစ်ကတည်းက ပျောက်ဆုံးသွားပြီး ကလေးစစ်သားအဖြစ် စုဆောင်းခံရတဲ့ ကိုရင်ဇောတိက (ခေါ်)မောင်ဇော်ဇော်လင်းဟာ ကလေးစစ်သားအရေး ဆောင်ရွက်သူတွေနဲ့ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်က ကူညီဆောင်ရွက်ပေးနေပေမဲ့ အခုချိန်ထိ ပြန်မလွတ်သေးဘူးလို့ မိသားစုက ပြောပါတယ်။ အသက် ၁၃-နှစ်အရွယ်ရှိ ကိုရင်ဇောတိက (ခေါ်)မောင်ဇော်ဇော်လင်းဟာ ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် ကျေးရွာတခုမှာ နေထိုင်သူဖြစ်ပြီး ၂၀၀၈ နာဂစ်မုန်တိုင်းအလွန်ကာလမှာ တောင်ဥက္ကလာပမြို့နယ်၊ ရတနာဂုဏ်ရည် ကျောင်းတိုက်က နေ သင်္ကန်းဝတ်နဲ့ ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်လောက်မှာ စစ်သားအဖြစ်စုဆောင်းခံထားရပြီး လားရှိုးမြို့ ခမရ ၄၁ မှာ တပ်သားအဖြစ် တာဝန်ထမ်းဆောင်နေရတယ်လို့ မိသားစုကသိရတဲ့အတွက် မိဘတွေက လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ရက် (HRDP)ထံ အကူအညီတောင်းခံပြီး ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် အိုင်အယ်အိုထံ တိုင်ကြားထားပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++++++

ရခိုင်ဒေသက အခက်အခဲကြုံနေရတဲ့ ကလေးငယ်တွေအတွက် မြေ၀ိုင်းတေးဂီတ ဖျော်ဖြေပွဲတွေကို နယ်အနှံ့လိုက်လံကျင်းပပြိး ရန်ပုံငွေ ရှာနေတယ်လို့ သိရ

မြန်မာ့လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေးကွန်ယက်ကဥိးစိးပြီး ရခိုင်ဒေသက အခက်အခဲကြုံနေရတဲ့ ကလေးငယ်တွေအတွက် မြေ၀ိုင်းတေးဂီတ ဖျော်ဖြေပွဲတွေကို နယ်အနှံ့လိုက်လံကျင်းပပြိး ရန်ပုံငွေ ရှာနေတယ်လို့ သိရပါတယ်။ ဇွန်လ (၁၇)ရက်နေ့က ပဲခူးတိုင်း သုံးဆယ်မြို့ က ဆရာမကြီးဒေါ်မူမူခင်ရဲ့ လဘက်ရည်ဆိုင်မှာ သွားရောက်ဖျော်ဖြေခဲ့တယ်လို့ ကွန်ယက်အဖွဲ့ဝင်တွေက ပြောပါတယ်။ အဲဒီကရတဲ့ငွေနဲ့ ဇွန်လ(၁၈)ရက်နေ့က ရခိုင်လူငယ်များအဖွဲ့ကို ကျပ်ငွေ (၁၅)သိန်းနဲ့ မလေးရှား ရင်းဂစ် (၁၀) ၊ အကျီအထည် ၂၄၀ ပေးအပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ အဲဒီလို အလှူငွေပေးအပ်လှူဒါန်းနေချိန်မှာ အဲဒီကွန်ယက်အဖွဲ့ကိုလက်ခံခဲ့တဲ့ ပဲခူးတိုင်း သုံးဆယ်မြိုက ဆရာမကြီး ဒေါ်မူမူခင် ကို သာယာဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်က ခေါ်ယူသတိပေးခဲ့ကြောင်းလည်း ကွန်ယက်အဖွဲ့ဝင်တွေက ပြောပြခဲ့ပါတယ်။

0 comments: