စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Sunday, June 3, 2012

ဒေါ်အောင်ဆန်းစုကြည်ကို အပုပ်ချဝေဖန်နေတဲ့ လူနည်းစု ...သို့




ဘာမှတော့ ပြောချင်တော့ပါဘူးဗျာ..။ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ အမေစုပြောကြားချက်တွေကို တလေးတစား နားထောင်နေသူတွေက..

(၁) ကိုယ့်နိုင်ငံထက် အဆပေါင်းများစွာ တိုးတက်တဲ့နိုင်ငံတွေက နိုင်ငံတကာ ခေါင်းဆောင်တွေမဟုတ်ခဲ့ဘူး.။.

(၂) သူတို့နိုင်ငံကိုသူတို့ တိုးတက်အောင်လုပ်ခဲ့ကြတဲ့ နိုင်ငံတကာပညာရှင်တွေ မပါဝင်ခဲ့ကြဘူး.။

(၃) နိုင်ငံတကာက သတင်းစာဆရာတွေ၊ ဂျာနယ်လစ်တွေ သတင်းမယူခဲ့ကြဘူး

(၄) နောက်ဆုံးဗျာ....အခုဝေဖန်နေသူတွေထက် သူတို့နိုင်ငံကို တိုးတက်အောင်လုပ်ဖို့အတွက် အရည်အချင်း အစစအရာရာသာတဲ့ သူတွေ မဟုတ်ခဲ့ဖူးဆိုရင်....။

ခင်ဗျားတို့ပြောတာတွေကို လူတိုင်း လက်ခံကြမှာပါ..။ စော်ကားတာတော့မဟုတ်ဘူးဗျ..။ Globalization ခေတ်မှာ ကိုယ့်ကိုယ်ကို နွားချေရာခွက်ထဲက ဖားသူငယ်ဖြစ်မှန်းမသိဖြစ်နေကြတာတွေ၊ မိန့်ခွန်းကို သူများရေးပေးမှ ပြောတတ်တာတွေ၊ ဘောင်ထဲကမထွက်ရဲတဲ့အတွေး အခေါ်တွေနဲ့ ဝေဖန်သုံးသပ်နေကြတာတွေက လူရယ်စရာကြီးဗျ..။ ကိုယ်တောင်မှ အထက်က ခိုင်းတာ လုပ်နေရတာ..။ ကိုယ့်ဘောင်ထဲက သူများကို ဝေဖန်နေတာကတော့ တော်တော် သံဝေဂရစရာပဲ..။

လွတ်လပ်တဲ့အမြင်ဆိုတာရှိပေမယ့် ... သူတပါးရဲ့အရည်အချင်းကို ပုတ်ခတ်တာကိုမှ ကိုယ့်အမြင်လို့ခေါ်တာမဟုတ်ပါဘူး။ တကယ်အပြစ်လုပ်ထားတယ်ဆို တကယ်ထောက်ပြတာနဲ့ အရည်အချင်းကိုပုတ်ခတ်တာ မတူးဘူးဗျ..။ တကယ် ထောက်ပြရေးသားချင်ရင် မြန်မာနိုင်ငံရဲ့ ဗျူရိုကရေစီယန္တရားမှာ ရေးလို့ရတာအများကြီးပါ..။

ဒေသတွင်းက ကိုယ့်နိုင်ငံထက် အစစအရာရာ တိုးတက်အောင် ပဲ့ကိုင်ထားတဲ့ အခြား နိုင်ငံတွေရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး၊ မီဒီယာ အစရှိတဲ့ မဏ္ဍိုင်တွေနဲ့ နိုင်ငံတကာက စီးပွားရေး၊ ပညာရေး စတဲ့ နယ်ပယ်အသီးသီးက ထိပ်သီးခေါင်းဆောင်တွေအားလုံးက ဘာဖြစ်လို့ .. သူကို တလေးတစားနဲ့ ဖိတ်ခေါ် အကြံဥာဏ်တောင်း ဟောပြောစေချင်နေကြတာလဲ ဆိုတာ.......၊

အဲဒီတော့. .အဖြေက .. သူတို့တွေက ခင်ဗျားတို့လောက် မတော်လို့လား..။ မတတ်လို့လား..။ Knowledge မရှိလို့လား...။ သူတို့က သူတို့နိုင်ငံ၊ သူတို့ပြည်သူတွေကို ခင်ဗျားတို့အလေးပြုခဲ့ကြတဲ့ ယခင် တပ်မတော် အစိုးရထက် ဆိုးရွားစုတ်ပြတ်အောင် အုပ်ချုပ်စီမံခဲ့ကြလို့လား...။

ခင်ဗျားတို့လည်း ပညာတွေသင်ထားကြတာပဲ.. နိုင်ငံတကာက ..သူတို့တွေနဲ့ ခင်ဗျားတို့အလေးပြုခဲ့တဲ့ ယခင်အစိုးရနဲ့ပဲ Qualification ချင်း၊ ပြည်သူကိုအလုပ်အကျွေးပြုတာချင်း၊ တိုးတက်အောင် စီမံအုပ်ချုပ်တာချင်း နယ်ပယ်ပေါင်းစုံက ပညာချင်း.. ယှဉ်ကြည့်ကြလေ...။ မင်းဘာလဲ.. ငါဘာလဲ ပေါ့ဗျာ...။

အဲဒီတော့ ..အဲဒီလိုလူမျိုးတွေက အမေစုကို ...ဘာ့ကြောင့် လေးစားနေသလဲ...။

ခင်ဗျားတို့ သူတို့လိုနေရာရောက်ရင်. .. သိမှာပေါ့...။

Yan Aung

0 comments: