စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, June 6, 2012

ဒေါ်အောင်ဆန်းစုကြည် ပြင်သစ်နိုင်ငံကို ၀င်ရောက်ဖွယ်ရှိ



အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ
ပြင်သစ်သမ္မတ Francois Hollande ရဲ့ ဖိတ်ကြားချက်အရ ဒီလ ၂၆ ရက်နေ့ ကနေ ၂၉ နေ့ အတွင်း ပြင်သစ်နိုင်ငံကို အလည်အပတ် လာရောက် မယ်လို့  ပြင်သစ် သမ္မတရုံး က မနေ့ က ကြေငြာပါတယ်။

အဲဒီကြေငြာချက်မှာ ဒေါ်အောင်ဆန်းစုကြည် ရဲ့  ဒီမိုကရေစီရေး နဲ့  လူ့ အခွင့်အရေး ကြိုးပမ်းမှုတွေ ကို ပြင်သစ် နိုင်ငံက ဒီခရီးစဉ်မှာ ဂုဏ်ပြုခွင့် ရမှာဖြစ်သလို မြန်မာ့ နိုင်ငံရေး အပြောင်းအလဲကို ပြင်သစ်နိုင်ငံက ဆက်လက် ပံ့ပိုး ကူညီ သွားဖို့ ထပ်လောင်း အတည်ပြုခွင့်လည်း ရမှာဖြစ်တယ်လို့  ဖေါ်ပြပါတယ်။

ဒါပေမဲ့  ဒေါ်အောင်ဆန်းစုကြည် ရဲ့ ပြင်သစ်ခရီးစဉ်နဲ့ ပတ်သက်ပြီး အတည် မပြုနိုင်သေးကြောင်း လုံခြုံရေး တာဝန်ခံ ဦးခွန်သာမြင့် က ပြောပါတယ်။

RFA Burmese
 

0 comments: