စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Thursday, June 7, 2012

“မေစုကို ကြိုဆို၊ ဘန်ကောက်သွားဖို့ ကြိုးစား၊ ထိုင်းစစ်တပ်က ဖမ်းထား



သန်းထိုက်ဦး

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ခိုးဝင်ဖို့ ကြိုးစားခဲ့တဲ့ မြန်မာ နိုင်ငံသား ၆၄ ယောက်ကို ပြီးခဲ့တဲ့ ဇွန်လ ၄ ရက် တနင်္လာနေ့က စစ်တပ် အာဏာပိုင် တွေက ဖမ်းလိုက်တယ်လို့ မန်နေဂျာ အွန်လိုင်း အင်တာနက် စာမျက်နှာမှာ ရေးထားပါတယ်။


အဖမ်းခံရတဲ့ သူတွေ အားလုံးကတော့ အသက် ၂၅ နှစ် အောက် တွေပါ၊ အမျိုးသမီး ၅၃ ယောက်နဲ့ အမျိုးသား ၁၁ ယောက်ပါ ဖြစ် ပါတယ်။ တရားဝင် ခရီးသွားလာတဲ့ စာရွက်စာတမ်းတွေ မရှိပါဘူး။ မဲဆောက်မြို့အထွက် စစ်ဆေးရေး ဂိတ်ကို ရှောင်ပြီး သွားနေတုန်း တောထဲမှာ အဖမ်းခံရတာပါ။



အသက် ၂၃ နှစ်အရွယ် မြန်မာနိုင်ငံသား တဦးက “အခု အဖမ်းခံရတာနဲ့ဆိုရင် သုံးကြိမ်ရှိ သွားပြီ။ နောက်ဆုံး အဖမ်း ခံရတဲ့ နေ့က ဒီလ ၂ ရက်နေ့က ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်ကို (မဲဆောက်) လေဆိပ်မှာ ကြိုဆိုဖို့ လူငယ်တွေနဲ့ အတူ မဲဆောက်ဘက်ကမ်းကို ရောက်လာတယ်၊ အခွင့်အရေး ရတော့ ဘန်ကောက်ကို သွားဖို့ ကြိုးစားနေတဲ့ အချိန်မှာ အခုလိုမျိုး အဖမ်းခံရတာပါ”လို့ ပြောဆိုကြောင်း သတင်းမှာ ရေးသား ထားပါတယ်။



ထိုင်းအာဏာပိုင်တွေကလည်း ဥပဒေ အရ အရေးယူ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ ဒီလို အဖမ်းခံရတဲ့ သူတွေကို ထိုင်းအာ ဏာပိုင်က စစ်ဆေးမေးမြန်းပြီး လူဝင်မှု ကြီးကြပ်ရေး ဌာန (လ၀က) မှာ ထိန်းသိမ်းလေ့ ရှိပါတယ်။ လ၀က စခန်းမှာ ယာယီ ထိန်းသိမ်းပြီး မူရင်း နိုင်ငံကို ပြန်ပို့လေ့ ရှိတယ်လို့ သိပါတယ်။

ဧရာဝတီ

0 comments: