ဇွန်လ၁၉ရက် (မနက်ဖြန်) နံနက်၉နာရီတွင်ပြောကြားမည့် သမ္မတမိန့်ခွန်းကို ရုပ်သံလိုင်းများမှ တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း ည၈နာရီ ပြည်တွင်းသတင်းထုတ်လွှင့်စဉ် ကြေငြာသွားသည်။
(နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဇွန်လ ၁၉ရက်နံနက်၉နာရီတွင်သမ္မတအိမ်တော်တွင် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသဥက္ကဌများ၊ ဒုတိယ၀န်ကြီးများနှင့် ဌာနဆိုင်ရာအကြီးအကဲများအား ပြုပြင်ပြောင်းလဲဆောင်ရွက်သွားမည့် ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ မိန့်ခွန်းတစ်ရပ်ပြောကြားသွားမည်ဖြစ်ေ ကြာင်း နိုင်ငံေ တာ် သမ္မတရုံးမှသိရသည်။ ဟောပြောမည့် မိန့်ခွန်းတွင် ပြုပြင်ပြောင်းလဲရေး ဒုတိယအဆင့် (Reform Second Wave) နည်းဗျုဟာများ အကြောင်းပါဝင်မည် ဟုလည်း သိရသည်။ ထိုမိန့်ခွန်းကို ရုပ်သံများမှ ထုတ်လွှင့်ရန် အစီအစဉ်မရှိကြောင်းသိရသည်။
သမ္မတဦးသိန်းစိန်သည် ဇွန်လ ၁၀ရက်နေ့ ကလည်း ရခိုင်ပြည်နယ်မှ အခြေအနေများနှင့်ပတ်သက်ကာ ပြည်သူလူထုသို့ မိန့်ခွန်းတစ်ရပ်ပြောကြားခဲ့သေးသည်။)
0 comments:
Post a Comment