စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, June 6, 2012

လယ်သမား အရေး ဆောင်ရွက်နေတဲ့ ဦးဝင်းချိုဟာ လယ်သမားတွေ ကိုယ်စား တကိုယ်တော် တောင်းဆို ဆန္ဒပြ




လှိုင်သာယာမြို့နယ်၊ အနော်ရထာ စက်မှုဇုန် စီမံကိန်းအတွက် ကန်ထရိုက်တွေ ရယူထားတဲ့ လယ်ယာမြေတွေနဲ့ ပတ်သက်ပြီး လယ်သမား အရေး ဆောင်ရွက်နေတဲ့ ဦးဝင်းချိုဟာ လယ်သမားတွေ ကိုယ်စား ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်း က “မြို့ရွာနဲ့ အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာန” ရုံးရှေ့မှာ မနေ့က သုံးရက်မြောက် နေ့အဖြစ် တကိုယ်တော် တောင်းဆို ဆန္ဒပြခဲ့ပါတယ်။

၁၉၉၇- ၉၈ ခုနှစ်ကတည်းက လှိုင်သာယာ မြို့နယ်အတွင်းက လယ်သမား (၆၁) ဦးပိုင် လယ်ဧက ၆ ရာနီးပါးကို အိုးအိမ် ဦးစီးဌာနက သိမ်းယူခဲ့တာလို့ ဆိုပါတယ်။ လယ်သမားတွေက သူတို့ကိုယ်စား သက်ဆိုင်ရာမှာ တင်ပြ
တောင်းဆိုပေးဖို့ ဦးဝင်းချိုကို ကိုယ်စားလှယ် လွှဲပေးခဲ့တယ်လို့ သိရပါတယ်။

ဒီကိစ္စကို ဖြေရှင်းပေးဖို့ အိုးအိမ် ဦးစီးဌာနကို အကြိမ်ကြိမ် စာရေးသား
ပေးပို့ပြီး တင်ပြခဲ့ပေမယ့် ဘာမှ လုပ်ဆောင်ပေးခြင်း မရှိတဲ့အတွက် အခုလို တကိုယ်တော် ဆန္ဒပြရတာလို့ ဦးဝင်းချိုက ပြောပါတယ်။

အိုးအိမ်ဦးစီးဌာနက သတ်မှတ်ထားတဲ့ စည်းကမ်းချက်အရ အဲဒီလို သိမ်းဆည်းထားတဲ့ မြေယာတွေမှာ သတ်မှတ်ထားတဲ့ အချိန်အတွင်း လုပ်ငန်း အကောင်အထည် ဖော်တာ မရှိရင် သက်ဆိုင်ရာ ပိုင်ရှင်တွေထံ
ပြန်အပ်ရမယ့်အကြောင်း၊ ကုမ္ပဏီတွေကို အရေးယူမယ့် အကြောင်း ပါရှိတယ်လို့လည်း သိရပါတယ်။

 RFA Burmese

0 comments: