မြန်မာ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် ၁၄ ဦး အဖွဲ့သည် ဆွီဒင်နိုင်ငံသို့ ၁၀ ရက်တာ လေ့လာရေး ခရီးစဉ်အတွက် ယမန်နေ့က ထွက်ခွာသွားကြကြောင်း သိရ
မြန်မာ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် ၁၄ ဦး အဖွဲ့သည် ဆွီဒင်နိုင်ငံသို့ ၁၀ ရက်တာ လေ့လာရေး ခရီးစဉ်အတွက် ယမန်နေ့က ထွက်ခွာသွားကြကြောင်း သိရသည်။ အမျိုးသမီး ကိုယ်စားလှယ်အဖွဲ့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြသော ဒေါက်တာ မေ၀င်းမြင့်၊ ဒေါ်ခင်ဌေးကြွယ်၊ ဒေါ်စန္ဒာမင်း အပါအ၀င် တခြား နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များလည်း ပါဝင်သည်။ မြန်မာအမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် ဆွီဒင် ပါလီမန်၊ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမျိုးသမီး ကွန်ရက်များ၊ နိုင်ငံရေးပါတီ များနှင့် International IDEA အဖွဲ့များသို့ သွားရောက်လည်ပတ်မည်ဖြစ်ကြောင်း သိရှိရသည်။
+++++++++++++++++++++++++++++++++++++++++++++++++++
iPay ကတ်များကို မိုဘိုင်း banking စနစ်ဖြင့် ဘဏ်များနှင့်ချိတ်ဆက်ကာ ဈေးဝယ်စူပါစင်တာများတွင် အလွယ်တကူသုံးနိုင်
iPay ကတ်များကို မိုဘိုင်း banking စနစ်ဖြင့် ဘဏ်များနှင့်ချိတ်ဆက်ကာ ဈေးဝယ်စူပါစင်တာများတွင် အလွယ်တကူသုံးနိုင်ရန် စီစဉ်လျက်ရှိကြောင်း ကစ္စပနဒီ ကုမ္ပဏီ၏ အဆိုအရ သိရသည်။ လက်ရှိတွင် ယင်းကတ်များကို အဓိပတိ ကားလိုင်း အနီနှင့် အပြာတွင်လည်းကောင်း ဒလ-ပန်းဆိုးတန်း ကူးတို့ဆိပ်တွင်လည်းကောင်း အသုံးပြုနိုင်ပြီး တခြားယာဉ်လိုင်းများ မီးရထားလိုင်းများတွင်ပါ သုံးနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။ ယင်းကတ်များကို ၂၀၁၁ နှစ်ကုန်ပိုင်းတွင် စတင်အသုံးပြုခဲ့ပြီး လက်ရှိတွင်မှု အသုံးပြုသူဦးရေ နည်းပါးနေသေးသည်။
+++++++++++++++++++++++++++++++++++++++++++++++++++
အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီက လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ပါတီအင်အား တောင့်တင်းစေရန် ကြိုတင်ပြင်ဆင်မှုအဖြစ် ပါတီအား ပြင်ဆင်ဖွဲ့စည်း
အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီက လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ပါတီအင်အား တောင့်တင်းစေရန် ကြိုတင်ပြင်ဆင်မှုအဖြစ် ပါတီအား ပြင်ဆင်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းအစီအစဉ်ကို ယမန်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်သော ပါတီမူဝါဒရေးရာကော်မတီ၊ ပါတီ ဗဟိုအလုပ်မှုဆောင် ကော်မတီနှင့် ဗဟို အလုပ် ကော်မတီတို့ တွေ့ဆုံဆွေးနွေးခဲ့သော အစည်းအဝေးကနေ ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း၊ ပါတီ ပြင်ဆင်ဖွဲ့စည်းရေးနှင့် ပတ်သက်၍ ယခုလ ၁၆၊ ၁၇ ရက်နေ့များတွင် ပါတီ ဗဟိုဦးစီးအဖွဲ့ စုံညီအစည်းအဝေးခေါ်ယူ၍ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိသည်။










0 comments:
Post a Comment