



ရန်ကုန်မြို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရှိ အစိုးရအဖွဲ့ရုံးတွင် ဝန်ကြီးချုပ်ဦးမြင့်ဆွေနှင့် စာပေစီစစ်ရေးမှ ဒုတိယညွှန်ချုပ် ဦးတင့်ဆွေတို့မှ ရခိုင်သတင်းရေးသားခြင်းနှင့်ပတ်သက်ပြီး ရေးသားသည့် အသုံးအနှုန်းရွေးချယ်ရန်နှင့် မှန်ကန်သည့် သတင်းများကိုသာ ဖော်ပြကြရန် တက်ရောက်သူ မီဒီယာ အယောက်(၃၀) ကျော်ခန့်ကို 10.6.2012 ညနေ (၇) နာရီတွင် နာရီဝက်ကြာ တွေ့ဆုံမှာကြားခဲ့ပါသည်။
ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး သတင်းမီဒီယာတွေအနေနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့ ဆန့်ကျင် ရေးသား ခဲ့ရင် အရေးပေါ်ဥပဒေ ပုဒ်မ (၅) ညအရ အရေးယူသွာ မှာဖြစ် ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေက ဇွန်လ ၁၀ ရက်နေ့ ည ၇ နာရီမှာ သတင်းမီဒီယာ တွေကို ခေါ်ယူ သတိပေးပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် သတင်းရေးသားမယ်ဆိုရင် ပြန်ကြားရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ မူ ၅ ချက်နဲ့ ရေးသားကြဖို့ သူက တစ်ပါတည်းတိုက်တွန်းသွားခဲ့ပါတယ်။ တဆက်တည်းမှာလည်း ရခိုင်ပြည်နယ် အတွင်း ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး သတင်းဖော်ပြမယ်ဆိုရင် ရှေ့လျှောက် စာပေစီစစ်ရေးကို တင်ပြပြီးမှ ဖော်ပြခွင့်ရမှာ ဖြစ်ကြောင်း စာပေစီစစ်ရေးမှ ဒုတိယညွှန်ချုပ် ဦးတင့်ဆွေက ပြောဆိုသွားခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြည်တွင်းသတင်းထောက်တွေအနေနဲ့ ဝန်ကြီးချုပ် ဦးမြင့်ဆွေ ပြောကြားလိုတဲ့ သဘောထားကို လက်ခံနိုင် ပေမယ့် အရင်အုပ်ချုပ်မှု အကျင့်ဟောင်းတွေအတိုင်း ပြုမူဆက်ဆံခံရတဲ့ အပေါ်မှာတော့ လက်မခံနိုင်ပဲဖြစ်နေကြပါတယ်။
Welcome to SeekaHost
9 months ago










0 comments:
Post a Comment