
ရပ်/ကျေးရုံးခန်းတွေဟာ ဒီမိုကရေစီခံတပ်ဖြစ်လို့ မရှိမဖြစ် လိုအပ်သလို အောက်ခြေကနေ တဆင့် ပြည်သူလူထုတွေရဲ့ အသံကို နားဆင်ခွင့် ရစေတဲ့ အတွက် ဒီမိုကရေစီအရေးအတွက် အရေးပါပါတယ်လို့ မင်္ဂလာတောင်ညွန့်မြို့နယ် တောင်ညွန့်ကြီးရပ်ကွက် ၁၀၉ လမ်းမှာ ကျင်းပတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးခန်း ဖွင့်လှစ်ပွဲမှာ မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ပြောဆိုလိုက်ပါတယ်။ ဒီရုံးခန်းဖွင့်ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကအဖွဲ့ဝင် ဦးဝင်းတင် ကိုယ်တိုင် တက်ရောက်ခဲ့ပြီး ပြည်သူလူထုနဲ့ အဖွဲ့ချုပ် အဖွဲ့ဝင် အယောက် ၂၀၀ ကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
BurmaVJMedia
Welcome to SeekaHost
10 months ago










0 comments:
Post a Comment