စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, June 4, 2012

စစ်တွေလူထုနှင့် ရဲတပ်ဖွဲ့ဝင်များ အဓိကရုဏ်းဖြစ်ပွား



စစ်တွေမြို့နာဇီရွာရပ်ကွက်တွင် မနေ့က RNDP စည်းရုံးရေးမှူး ကိုအောင်သန်းဝင်းနှင့် ကာယဗလမောင် ကိုသိန်းရွှေတို့အဖွဲ့ ပုဂ္ဂိုလ်ရေးပြဿနာဖြစ်ကြရာ ကိုအောင်သန်းဝင်းအား ကိုသိန်းရွှေတို့ဖမ်းဆီးသွားသည်ဟု ကောလဟာလ ဖြစ်ပြီးနောက်တွင် နာဇီရွာရပ်ကွက်သူ/သားများက ကိုအောင်သန်းဝင်းအား ပြန်လွှတ်ပေးရန် ရခိုင်ပြည်နယ် စစ်တွေမြို့ အမှတ်(၁) ရဲစခန်းရှေ့တွင် ဆန္ဒပြတောင်းဆိုကြရာမှ အဓိကရုဏ်းဖြစ်ပြီး ရဲတပ်ဖွဲ့များနှင့် လုံထိန်းများက သေနတ်ဖြင့် ပစ်ခပ်ခဲ့ရာ တစ်ယောက် ခြေထောက်ပြတ်ပြီး ၁၁ယောက်မှာ စိုးရိမ်ရသော အခြေအနေသို့ ရောက်ရှိနေကြောင်းနှင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးသွားကြောင်း သတင်းရရှိသည်။

ယင်းအဓိကရုဏ်းကို သွားရောက် ထိန်းသိမ်းခဲ့သူ RNDP လူငယ်တစ်ဦးမှ "မနေ့က ညနေလောက်မှာ လူတွေက အမှတ်(၁) ရဲစခန်းရှေ့ကိုရောက်လာပြီးတော့ ကိုအောင်သန်းဝင်းကို ထုတ်ပေးဖို့ပြောတယ်၊ ကျွန်တော်တို့လည်း ကိုအောင်သန်းဝင်းကို ခေါ်ပြီးတော့ ပြည်သူတွေရှေ့ကို ထုတ်ပြပါတယ်၊ ဒါပေမယ့် လူတွေက ကိုအောင်သန်းဝင်းမဟုတ်ဘူးလို့ဘဲပြောတယ်၊ ကိုအောင်သန်းဝင်းရဲ့ ဇနီးနဲ့သားသမီးတွေကိုခေါ်ပြပါတယ်၊ ဒါပေမယ့် သူတို့ကလက်မခံဘဲ ရဲစခန်းရှေ့မှာဘဲ ရုန်းရင်းခတ်နေကြတယ်" ဟု ပြောပြသွားသည်။

ညဥ့် ၁၀နာရီတွင် ပြည်သူများမှာ ရဲစခန်းအတွင်းသို့ ကျောက်ခဲများ၊ စူးများ၊ ဓါးများဖြင့် ပစ်ပေါက်ပြီး ရဲစခန်းကို မီးရှို့ရန် လုပ်ကြရာ ရဲတပ်ဖွဲ့ဝင်များက သေနပ် အပေါ်ထောင်ပစ်၍ လူစုခွဲသော်လည်း မရရှိကြောင်းသိရှိရသည်။

"ရဲတွေက သေနပ်အပေါ်ထောင်ပစ်ပြီး လူစုခွဲပါသေးတယ်၊ ကျနော်တို့ RNDPက လူကြီးတွေနဲ့ Olympic အလေးမ လူငယ်အဖွဲ့တို့ လူတွေကို ပြန်ကြဖို့ အဓိကရုဏ်း182330 396927973692749 572886655 n မဖြစ်ဖို့ ၀ိုင်းထိန်းကြပါတယ်၊ ဒါပေမယ့် လူတွေက ထိန်းလို့မရတော့ဘူး၊ အဲဒီအချိန်မှာ လုံထိန်းတွေရောက်လာပြီး လူတွေကို တစ်ခါတည်း ပစ်ထည့်လိုက်တာပါ"ဟု RNDP လူငယ်က ဆက်လက်ပြောသည်။

ယခုအချိန်တွင် ၀န်ကြီးများဖြစ်သော ဦးကျော်သိန်း၊ ဦးသာလူချေ၊ ဦးလှမောင်သာတို့ ဆေးရုံသို့ရောက်ရှိနေပြီး သေဆုံးသူများနှင့်၊ ဒဏ်ရာရရှိသူများအား ဆေးကုသရန် အခငွေနှင့် အားပေးနှိမ်သိမ့်ပေးနေကြောင်း သတင်းရရှိသည်။

"သိန်းရွှေတို့အဖွဲ့ကလည်း အုပ်စုဖွဲ့၊ ရဲတွေနဲ့ပေါင်းပြီး ပြည်သူတွေကို နိုင်ထက်စီးနင်းလုပ်နေတာကြာပြီ၊ သူတို့ လုပ်လေ့လုပ်ထရှိတော့ ပြည်သူတွေကလည်း သူတို့လုပ်တယ်ဆိုတဲ့အထင်နဲ့ အထင်မှားသွားကြပြီး မလိုအပ်တဲ့ပြဿနာတွေဖြစ်သွားကြတာပါ "ဟု မနေ့ညက သွားရောက်လေ့လာခဲ့သူ ကိုခိုင်လင်းနိုင်က ပြောပြသွားသည်။



Arakan Times
 

0 comments: