စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Sunday, June 10, 2012

ရခိုင်ဒေသအရေး ထုတ်ပြန်ချက်များ၊ အမြင်များ



ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပဋိပက္ခများနှင့် ပတ်သက်ပြီး ထုတ်ပြန်ချက် နှင့် သဘောထားအမြင်တချို့ကို စုစည်း ဖော်ပြလိုက်ပါသည်။

ကချင်ပြည်နယ်မှာ ထိုးစစ်ဆင်ဖို့ ချထားတဲ့ တပ်တွေအားလုံးကို ရခိုင်ပြည်နယ်ကို ပို့ပေးဖို့ သမတကို ပြောပေးပါ
အဂ္ဂမဟာ ဒီမိုဖက်တီး/Facebook


လက်ရှိအဓိကရုဏ်းမကြီးထွားစေရန် တားဆီးပေးဖို့ကြိုးစားစေချင်သည်။ အဓိကရုဏ်းဖြစ်တာနဲ့ ရခိုင်-ဘင်္ဂလားကိစ္စ အမှန်အမှားပြောလို့ သိပ်ခက်သွားမည်။
Myo Set/Facebook

ရိုဟင်ဂျာပြဿနာကို ဘယ်ကမှ လက်ခံမယ့်နိုင်ငံမရှိသလိုမျိုးဖြစ်နေတဲ့ ဒုက္ခသည်တွေအနေနဲ့ လူသားချင်း စာနာမှုအရ ကျွန်တော်တို့ ကိုယ်ချင်းစာပါတယ်။ စာနာပါတယ်။ ဒါပေမယ့် ကျွန်တော်တို့လူမျိုးရဲ့ သဘောကောင်းမှု၊ လိုက်လျောမှုကို နိုင်ငံကြီး တွေကနေပြီးတော့ ဒီအားနည်းတဲ့နိုင်ငံက ဒီပြဿနာကို လက်ခံရမယ်လို့ ဖိအားပေးနေတာမျိုးကို ကျွန်တော်တို့ လုံးဝ သည်းခံမှာ မဟုတ်ပါဘူး။
၈၈ မျိုးဆက်ခေါင်းဆောင် ကိုကိုကြီး

ရာဇဝတ်မှု ကျူးလွန်သူတွေကိုလည်း ပြတ်ပြတ်သားသား ပြင်းပြင်းထန်ထန် ထိရောက်စွာ အရေး ယူပေး စေ ချင်ပါတယ်။ နောက်တစ်ချက်က ပျက်စီးသွားတဲ့ ရခိုင်တိုင်းရင်းသားတွေရဲ့ အိုးအိမ် အဆောက် အအုံတွေ ကိုလည်း မူလအတိုင်း ပြန်ဖြစ်အောင် အစိုးရအနေနဲ့ ကြပ်မတ်ပြီး ဦးစီးဆောင်ရွက်ပေးစေချင်ပါတယ်။
၈၈ မျိုးဆက်ခေါင်းဆောင် ကိုမြအေး

သက်ဆိုင်ရာများအနေဖြင့် အကြမ်းဖက်တိုက်ခိုက်မှုများကို မျှတစွာဖြင့် ထိရောက် လျှင်မြန်သည့် အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ပေးပါရန်
NLD နဲ့ မဟာမိတ် တိုင်းရင်းသား ခေါင်းဆောင်များ


BBC, AFP အပါအ၀င် နိုင်ငံတကာ သတင်း မီဒီယာများအနေဖြင့်လည်း ဘင်ဂါလီ ရိုဟင်ဂျာများသည် မြန်မာတိုင်းရင်သားများတွင် ပါဝင်ခြင်းမရှိသည်ကို တိကျစွာဖော်ပြရန် လိုမည်ဖြစ်ပြီး မြန်မာတိုင်းရင်းသား အရေးကိစ္စများကို ဖော်ပြရာတွင် မလိုလားအပ်သော လူမျိုးရေး အဓိကရုဏ်းများ မဖြစ်ပေါ်စေရန်အတွက် ဖြစ်စဉ်အမှန်များကို တိတိကျကျ ဖော်ပြရန် လိုမည်ဖြစ်ကြောင်း တိုက်တွန်းအပ်ပါသည်။
Eleven Media Group

ရိုဟင်ဂျာသည် မြန်မာတိုင်းရင်းသား ဖြစ်သည်ဟု မျက်စေ့စုံမှိတ်ထောက်ခံပြော ဆိုနေခဲ့ကြသူများ အားလုံးကိုလည်း ရခိုင်အရေးအခင်းက သက်သေထူ နေပြီဖြစ်ရာ မိမိတို့၏ ရပ်တည် ချက်များကို ပြောင်းလဲ သင့်ပြီဖြစ်ကြောင်း တိုက်တွန်း ပါသည်။

---- အထူးသဖြင့် နိုင်ငံတကာနှင့် မြန်မာလူထုအပေါ်သြဇာညောင်းသော နိုင်ငံရေးခေါင်းဆောင်များသည် ယခုရိုဟင်ဂျာအရေးအခင်း၌ ပြတ်သားစွာ ရပ်တည် လမ်းညွှန် ဦးဆောင်ပေးကြပါရန် ကျွန်ုပ်တို့က မေတ္တာရပ်ခံ ပန်ကြားပါသည်။
ရန်ကုန်မီဒီယာဂရု(ပ်)

ပိုမို ဖတ်ရှုလိုပါက -

မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKosvaZ5Lx9JkI_js9mTdNKHvBmk9kAKwPZVQg2oZd-o5COcKnGz9kDWr0u2z-0SeY3Clxtdlnm5Br3mZavmPOTt5uJ5N15cSfsPA8uLXKbfpqSo_4ujWk9FAWdc_asREVaPv6Z-VNNNc6/s1600/88-rakhine.jpeg
ရန်ကုန်မီဒီယာဂရု(ပ်)
http://www.yangonmedia.com/news/2012/06/yangon-media-group-announcement-for-rakine-case

Eleven Media Group
http://www.weeklyeleven.com/index.php?option=com_content&view=article&id=14015:---eleven-media-group--&catid=42:2009-11-10-07-36-59&Itemid=112

၈၈ မျိုးဆက်ခေါင်းဆောင်များရဲ့ အမြင်
http://blog.irrawaddy.org/2012/06/blog-post_3917.html


ပဋိပက္ခများအတွက် ရခိုင်၊ မွတ်စလင်၊ တိုင်းရင်းသားလူငယ်၊ ၈၈ တို့ရဲ့ ကြေညာချက်
http://blog.irrawaddy.org/2012/06/blog-post_4506.html

NLD နဲ့ မဟာမိတ် တိုင်းရင်းသား ခေါင်းဆောင်များ
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimD0dt8Yk0ZCMm96Zsw7fjVUgEkw9jZNO3DsIezqxyij7qPMrP4CcgxmGKIHi_cgPiAm5bl1OSI_OTwd1k9LQ6le5k9MlFpThn3aNvRSTKygB6NtGihyphenhyphen4gwlDPI1wc_5chonQ4e4ZmuG6h/s1600/428455_254130214690794_1152071056_n.jpeg

ညွှန်း - မိုးမခ -
http://moemaka.com/

0 comments: